TI ပြိုင်ပွဲတွေမှာ ကံဆိုးခဲ့ပေမယ့် အချစ်ရေးမှာ ကံကောင်းခဲ့တဲ့ Nigma.w33

The International 2016 ပြိုင်ပွဲမှာ Digital Chaos နဲ့အတူ ဒုတိယ၊ The International 2019 ပြိုင်ပွဲမှာ Team Liqud နဲ့အတူ ဒုတိယစတဲ့ အကောင်းဆုံး ဒုတိယဆုတွေနဲ့သာ ကျေနပ်ခဲ့ရတဲ့ Dota2 အကျော်အမော် w33.ha ကတော့ အချစ်ရေးမှာတော့ ချစ်ရသူကောင်မလေးရဲ့ နှလုံးသား ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

w33 အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ချစ်သူဖြစ်သူ ရိုမေးနီးယားနိုင်ငံသူ CSGO ကစားသမား Lina “Linaaa” Al Sharif ကို လက်ထပ်ခွင့် တောင်းဆိုခဲ့ပြီး Lina အနေနဲ့ w33.ha ရဲ့ တောင်းဆိုမှုကို လက်ခံလိုက်ပြီ ဖြစ်တာကြောင့် w33.ha နဲ့ ချစ်သူဖြစ်သူ Lina တို့ရဲ့ မင်္ဂလာပွဲကို သိပ်မကြာခင် အချိန်အတွင်းမှာ မြင်တွေ့သွားရဖွယ် ရှိပါတယ်။
I SAID YES !!!! 😍❤️❤️ #marriedtobe💍 #MerryChristmas pic.twitter.com/9lKwkuWFxh
— Lina Al Sharif (@LinaaaCSGO) December 24, 2020
w33.ha ရဲ့ ဇနီးလောင်းဖြစ်သူ Lina အနေနဲ့ w33.ha တစ်ယောက် လက်ထပ်ခွင့် တောင်းဆိုခဲ့ကြောင်းကို ဆိုရှယ်မီဒီယာတွေကနေ တစ်ဆင့် လက်ထပ်လက်စွပ် ပုံလေးနဲ့ အသိပေးခဲ့တာဖြစ်ပြီး သူမဘက်ကလည်း လက်ခံလိုက်ပြီ ဖြစ်ကြောင်းကို အတည်ပြုပေးခဲ့ပါတယ်။ w33.ha နဲ့ Lina တို့ဟာ ၂၀၁၈ ခုနှစ်ကတည်းက ချစ်သူဘဝကို ရောက်ရှိခဲ့တာဖြစ်ပြီး ချစ်သူသက်တမ်း ၂ နှစ်ခန့် ဖြတ်သန်းပြီးတဲ့ နောက်မှာတော့ အကြင်လင်မယား ဘဝကို တက်လှမ်းဖို့ အတွက် ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။
Team Nigma Dota2 အသင်းရဲ့ Mid Laner ဖြစ်သူ w33.ha အနေနဲ့ လက်ရှိအချိန်မှာ ခရစ္စမတ်နဲ့ နှစ်သစ်ကူး အားလပ်ရက်ကို ချစ်ရသူနဲ့ အတူ ဖြတ်သန်းလျက် ရှိနေပြီး DPC ရာသီ ပြန်လည် စတင်ချိန်မှာ အောင်မြင်မှုတွေ စွတ်ခူးသွားနိုင်ဖို့ အတွက် အသင်းနဲ့အတူ ပြန်လည် ပူးပေါင်းသွားဖို့ ရှိနေတာကြောင့် w33.ha တို့ရဲ့ မင်္ဂလာပွဲကို DPC ရာသီ ပြန်လည် မစတင်ခင်မှာ ကျင်းပသွားမလား ဒါမှမဟုတ် TI ပြိုင်ပွဲကြီး ပြီးဆုံးချိန်မှသာ ကျင်းပသွားမလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
REF: AfkGaming