FaZe Clan အသင်းဖော် Kjaerbye ဘက်မှ ကာကွယ် ပြောဆိုပေးခဲ့တဲ့ နာမည်ကျော် CSGO ကစားသမား NiKo

နာမည်ကျော် CSGO အသင်း FaZe Clan အနေနဲ့ ESL One: Cologne 2020 EU Online ပြိုင်ပွဲမတိုင်ခင်မှာ North CSGO အသင်းရဲ့ နာမည်ကျော် Rifler ဖြစ်သူ Kjaerbye ကို ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့်လည်း ESL One: Cologne 2020 EU Online ပြိုင်ပွဲမှာ FaZe Clan အနေနဲ့ အုပ်စုအဆင့်မှာ mibr တစ်သင်းတည်းကိုသာ အနိုင်ယူနိုင်ခဲ့ပြီး Heroic, Vitality စတဲ့ အသင်းတွေကို နှစ်ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့တာကြောင့် အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

အခုလို နာမည်ကျော် ကစားသမားတွေနဲ့ ဖွဲ့စည်းထားပေမယ့် အသင်းဟာ လက်ရှိအချိန်ထိ တည်ငြိမ်မှု မရှိသေးသလို မကြာခဏ ရုန်းကန်ရလျက် ရှိတာကြောင့် FaZe Clan ပရိသတ်တွေ အနေနဲ့ အသင်းအပေါ် အပြစ်တင် ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြသလို ESL One: Cologne 2020 EU ပြိုင်ပွဲမှာ လက်စွမ်းပိုင်း အတော်လေး ဆိုးရွားလျက်ရှိတဲ့ Kjaerbye အပေါ်လည်း ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒါပေမယ့်လည်း FaZe Clan CSGO အသင်းရဲ့ နာမည်ကျော် ကစားသမားလည်းဖြစ်၊ In-Game Leader လည်းဖြစ်တဲ့ NiKo ကတော့ အသင်းနဲ့ Kjaerbye အပေါ် အပြစ်တင် ဝေဖန်မှုတွေကို အခုလိုပဲ ကာကွယ် ပြောဆို ပေးခဲ့ပါတယ်။
Enough with the hate on my team and @KjaerbyeCS, we had 5 days of practice and we nearly won against nr 2. team in the world who has been bootcamping over 2 weeks. Give us some time to work on our mistakes before judging, we are doing everything we can to improve asap. #FaZeUp
— NiKo (@fazeniko) August 26, 2020
“FaZe Clan နဲ့ Kjaerbye အပေါ် အပြစ်တင် ဝေဖန်နေသူတွေကို တော်သင့်ပြီလို့ ပြောချင်ပါတယ်။ ကျွန်တော်တို့တွေ ကစားသမား အသစ်ဖြစ်သူ Kjaerbye နဲ့ လေ့ကျင့်ချိန် ၅ ရက်သာ ရရှိခဲ့ပြီး ESL One ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရပါတယ်။ လေ့ကျင့်ချိန် နည်းပါးပေမယ့်လည်း ကမ္ဘာ့နံပါတ် (၂) အသင်းဖြစ်တဲ့ Vitality လို အသင်းကို သူတင်ကိုယ်တင် ကစားနိုင်ခဲ့ပါတယ်။
ဒါကြောင့် ကျွန်တော့်တို့ အပေါ် အပြစ်မတင်ခင်မှာ အချိန်တစ်ခု ထပ်မံ ပေးသွားဖို့ တောင်းဆိုချင်ပါတယ်။ ကျွန်တော်တို့ FaZe Clan အဖွဲ့သားတွေ အားလုံးလည်း စွမ်းဆောင်ရည် တိုးတက်လာစေဖို့ အတွက် အစွမ်းကုန် ကြိုးစားလျက် ရှိပါတယ်။”

FaZe Clan အနေနဲ့ စက်တင်ဘာလ ၁ ရက်နေ့မှာ စတင်ကျင်းပသွားမယ့် ESL Pro League Season 12: EU Online ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သွားဖို့ ရှိနေပြီး Fnatic, Astralis, Team Vitality, Mousesports, NiP တို့နဲ့ တစ်အုပ်စုတည်း ကျရောက်လျက် ရှိတာကြောင့် အဆိုပါ ပြိုင်ပွဲမှာ လက်စွမ်းကောင်းတွေကို ပြသပြီး ဝေဖန်မှုတွေကို ရပ်တန့်လိုက်နိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
REF: AfkGaming