Zerothreetwo Dota2 အသင်းကို ဖွဲ့စည်းလိုက်တဲ့ SEA အခြေစိုက် နာမည်ကျော် Support ကစားသမား Ninjaboogie

Zerothreetwo Dota2 အသင်းကို ဖွဲ့စည်းလိုက်တဲ့ SEA အခြေစိုက် နာမည်ကျော် Support ကစားသမား Ninjaboogie

The International 2019 ပြိုင်ပွဲ ပြီးဆုံးချိန်၊ Minseki Dota2 အသင်းကနေ ထွက်ခွာခဲ့စဉ် အချိန်ကတည်းက အသင်းလက်မဲ့ အဖြစ် ရပ်တည်လျက်ရှိတဲ့ ဖိလစ်ပိုင် အခြေစိုက် နာမည်ကျော် Support ကစားသမား Ninjaboogie ကတော့ Zerothreetwo Dota2 အသင်းကို ဖွဲ့စည်းလိုက်ပြီ ဖြစ်ပါတယ်။

Ninjaboogie

Ninjaboogie အနေနဲ့ TI 9 ပြိုင်ပွဲ ပြီးဆုံးစဉ် အချိန်ကတည်းက အသင်းလက်မဲ့ အဖြစ်သာ ရပ်တည်ခဲ့ပြီး အချို့သော ပြိုင်ပွဲတွေမှာ Analyst/ Caster အဖြစ် ဝင်ရောက် တာဝန်ယူခဲ့သလို ဖိလစ်ပိုင် အခြေစိုက် Dota2 အသင်း တစ်သင်းဖြစ်တဲ့ Adroit Dota2 အသင်းမှာ နည်းပြအဖြစ်၊ အစားထိုး ကစားသမား အဖြစ် ခေတ္တ ဝင်ရောက် လုပ်ကိုင်ခဲ့ပါတယ်။

အခုလို အသင်းလက်မဲ့ အဖြစ် တစ်နှစ်နီးပါး ဖြတ်သန်းပြီးချိန်မှာတော့ Ninjaboogie တစ်ယောက် ကိုယ်ပိုင် Dota2 အသင်းဖြစ်တဲ့ Zerothreetwo Dota2 အသင်းကို တည်ထောင်လိုက်ပြီ ဖြစ်ပါတယ်။ Zerothreetwo Dota2 အသင်းကို ဝါရင့်ကစားသမားတွေ၊ လူငယ်ကစားသမားတွေနဲ့ အချိုးကျကျ ပေါင်းစပ် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

Zerothreetwo Dota2 အသင်းရဲ့ Carry နဲ့ Offlane Position တွေမှာ Ninjaboogie နဲ့အတူ Adroit Dota2 အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ Natsumi နဲ့ Bok တို့က ဝင်ရောက် ကစားသွားမှာဖြစ်ပြီး Pos2 နဲ့ Pos4 နေရာမှာတော့ လူငယ်ကစားသမားတွေ ဖြစ်ကြတဲ့ Nikko နဲ့ Matthew တို့က တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ Zerothreetwo Dota2 အသင်းရဲ့ Pos 5, Captain အဖြစ်ကိုတော့ Ninjaboogie က တာဝန်ယူ ထိန်းကျောင်း ပေးသွားမှာ ဖြစ်ပါတယ်။

Bok

Natsumi နဲ့ Bok တို့ဟာ ယခင်အချိန်တွေကတည်းက SEA အခြေစိုက်၊ အထူးသဖြင့် ဖိလစ်ပိုင် အခြေစိုက် ပရို Dota2 အသင်းတွေမှာ ကျင်လည်ခဲ့ဖူးတဲ့ အတွေ့အကြုံရင့် ကစားသမားတွေပဲ ဖြစ်ကြပါတယ်။ Mid Lane Position မှာ ဝင်ရောက် ကစားသွားမယ့် Nikko ကတော့ အတွေ့အကြုံ အနည်းငယ်သာ ရှိသေးပေမယ့် MS Chonburi Dota2 အသင်းမှာ စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်ခဲ့တာကြောင့် Ninjaboogie အနေနဲ့ အခုလို Pos2 နေရာ အတွက် ယုံယုံကြည်ကြည် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

Pos4 နေရာမှာ ဝင်ရောက် ကစားသွားမယ့် Matthew ဟာ ဆိုရင်လည်း အသက်အရွယ်အားဖြင့် ငယ်ရွယ်သေးတယ်လို့ သိရပြီး ဘယ်အသင်းတွေမှာ ဝင်ရောက် ကစားခဲ့ဖူးတယ် ဆိုတာကို သိရှိရခြင်း မရှိပေမယ့် Ninjaboogie ကိုယ်တိုင် ရွေးချယ်ထားတဲ့ ကစားသမား တစ်ဦး ဖြစ်တာကြောင့် အရည်အချင်းရှိ ကစားသမား တစ်ဦး ဖြစ်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။

Natsumi

လက်ရှိအချိန်မှာ Zerothreetwo Dota2 အသင်း အနေနဲ့ မည်သည့် ပြိုင်ပွဲမှာမှ ဝင်ရောက် ယှဉ်ပြိုင်သွားဦးမှာ မဟုတ်ဘဲ လေ့ကျင့်မှုတွေကို အချိန်ပေး ပြုလုပ်သွားမယ်လို့ သိရပြီး နောက်လအတွင်းမှာ ကျင်းပသွားမယ့် SEA အခြေစိုက် ပြိုင်ပွဲတွေမှသာ ဝင်ရောက် ယှဉ်ပြိုင်သွားဖွယ် ရှိပါတယ်။

Zerothreetwo Dota2 အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • John Anthony “Natsumi” Vargas – Pos 1
  • Nikko “Nikko” Bilocura – Pos 2
  • Jun “Bok” Kanehara – Pos 3
  • Matthew “Matthew” Trinidad – Pos 4
  • Michael “Ninjaboogie” Ross – Pos 5 (Captain)

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle