ပရို Dota2 ကစားသမား ဘဝကို ပြန်လည် ဝင်ရောက် လာခဲ့တဲ့ Ninjaboogie

SEA Dota2 လောကရဲ့ အကောင်းဆုံး Support ကစားသမားတွေ အထဲမှာ တစ်ယောက် အပါအဝင်ဖြစ်တဲ့ Michael “Ninjaboogie” Ross Jr အနေနဲ့ တစ်နှစ်ကြာ ပြိုင်ပွဲတွေနဲ့ ဝေးကွာပြီး နောက်မှာတော့ ပရို Dota2 ကစားသမား ဘဝကို ပြန်လည် ဝင်ရောက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။

Ninjaboogie အနေနဲ့ SEA အခြေစိုက် Dota2 အသင်းရဲ့ Pos5 ကစားသမားလည်းဖြစ်၊ ကပ္ပတိန်လည်းဖြစ်တဲ့ Bryle “cml” ALviso ရဲ့ နေရာမှာ အစားထိုး ဝင်ရောက် ကစားသွားမှာ ဖြစ်ပါတယ်။ Cml အနေနဲ့ ပရို Dota2 ကစားသမား ဘဝကနေ ခေတ္တ အနားယူသွားမှာ ဖြစ်တာကြောင့် cml တစ်ယောက် ပရိုကစားသမား ဘဝကို ပြန်လည် ခံယူခြင်း မရှိခင် အချိန်ထိ Ninjaboogie ကို Adroit အသင်းရဲ့ ကစားသမား အဖြစ် မြင်တွေ့သွားရမှာ ဖြစ်ပါတယ်။

Cml အနေနဲ့ အခုလို ကစားသမား ဘဝကနေ ခေတ္တ အနားယူသွားခဲ့ပေမယ့်လည်း Adroit Dota2 အသင်းရဲ့ အဖွဲ့ဝင် တစ်ဦးအဖြစ် ဆက်လက် တည်ရှိနေမှာဖြစ်ပြီး အသင်းရဲ့ နည်းစနစ်ပိုင်းဆိုင်ရာမှာ အကူအညီ ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Ninjaboogie အနေနဲ့ SEA အခြေစိုက် နာမည်ကျော် Dota2 အသင်းတွေဖြစ်တဲ့ Rave, Mineski, TNC Predator စတဲ့ အသင်းတွေမှာ ဝင်ရောက် ကစားခဲ့ဖူးတာကြောင့် Ninjaboogie ရဲ့ အတွေ့အကြုံကောင်းတွေက Team Adroit အတွက် အထောက်အကူ ဖြစ်စေမှာ အသေအချာပါပဲ။
ဒါ့အပြင် Adroit အသင်းရဲ့ Offlane ကစားသမား အဖြစ်ကနေ ခေတ္တ အနားယူလျက်ရှိတဲ့ Jun “Bok” Kanehara အနေနဲ့လည်း အသင်းရဲ့ Offlane Position မှာ ပြန်လည် ကစားသွားတော့မှာ ဖြစ်တာကြောင့် Adriot Dota2 အသင်းကို SEA အခြေစိုက် အင်အားကြီး Dota2 အသင်း အဖြစ် မကြာခင် အချိန်အတွင်းမှာ ပြန်လည် မြင်တွေ့သွားရဖွယ် ရှိပါတယ်။
e also welcome back Ninjaboogie who will stand in for cml in the support position 5.
— Adroit Esports (@AdroitDota) June 18, 2020
CML will take a break from competitive action but he remains part of the team. The players have also returned safely to their respective homes and will be playing from there. #WeAreAdroit
Adroit Dota2 အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- John Anthony “Natsumi” Vargas – Pos 1
- MC Nicholson “Mac” Villanueva – Pos 2
- Jun “Bok” Kanehara – Pos 3
- Marvin “Boombacs” Rushton – Pos 4
- Michael “ninjaboogie” Ross Jr – Pos 5
REF: AfkGaming