OGA Dota PIT ပြိုင်ပွဲမှာ အစားထိုး ကစားသမားဖြင့် ဝင်ရောက် ယှဉ်ပြိုင်သွားမယ့် NiP Dota2 အသင်း

OGA Dota PIT ပြိုင်ပွဲမှာ အစားထိုး ကစားသမားဖြင့် ဝင်ရောက် ယှဉ်ပြိုင်သွားမယ့် NiP Dota2 အသင်း

ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ခန့်က ကပ္ပတိန်ဖြစ်သူ SoNNeikO ကို အသင်းကနေ ထုတ်ပယ်ခဲ့တဲ့ NiP Dota2 အသင်းကတော့ OGA Dota PIT Season 2: EU/ CIS ပြိုင်ပွဲမှာ အစားထိုး ကစားသမား တစ်ဦးဖြင့် ဝင်ရောက် ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း အတည်ပြု ပေးခဲ့ပြီ ဖြစ်ပါတယ်။

NiP Dota2 အသင်း အနေနဲ့ SoNNeiko ကို ထုတ်ပယ်ခဲ့ပြီး နောက်ပိုင်းမှာ လိုအပ်နေတဲ့ Pos 5 နေရာ အတွက် ကစားသမား ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပေမယ့် အဆင်ပြေတဲ့ ကစားသမားကို ရှာဖွေတွေ့ရှိခြင်း မရှိသေးတာကြောင့် အခုလို အစားထိုး ကစားသမားဖြင့်သာ ယှဉ်ပြိုင်သွားဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

NiP Dota2 အသင်းနဲ့အတူ OGA Dota PIT Season 2: EU/ CIS ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမယ့် ကစားသမားကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ကစားသမားဖြစ်တဲ့ EG Dota2 အသင်းရဲ့ နာမည်ကျော် Pos4 ကစားသမား Cr1t ပဲ ဖြစ်ပါတယ်။

Cr1t အနေနဲ့ NiP Dota2 အသင်းနဲ့အတူ OGA Dota PIT Season 2: EU/CIS ပြိုင်ပွဲမှာသာ ဝင်ရောက် ယှဉ်ပြိုင်ပေးသွားမှာဖြစ်ပြီး ဩဂုတ်လ အစောပိုင်းမှာ ကျင်းပသွားမယ့် OMEGA Leauge ပြိုင်ပွဲမှာတော့ ပင်မ အသင်းဖြစ်တဲ့ EG Dota2 အသင်းနဲ့ ပြန်လည် ပူပေါင်း ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

NiP Esports အဖွဲ့အစည်းရဲ့ COO ဖြစ်သူ Jonas Gundersen ကတော့ အသင်းမှာ အပြောင်းအလဲတွေ ပြုလုပ်ခဲ့ရခြင်းနဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“NiP Dota2 အသင်းဟာ Tier 1 အဆင့်မှာ လက်ရှိအချိန်ထိ ကောင်းမွန်စွာ ရပ်တည်နိုင်ခြင်း မရှိသေးပါဘူး။ ဒါကြောင့် အင်အားကြီး အသင်း တစ်သင်းအဖြစ် ရပ်တည်သွားနိုင်ဖို့ ကျွန်တော်တို့တွေ မတူကွဲပြားတဲ့ အတွေးအခေါ် အယူအဆတွေကို အကောင်အထည်ဖော်ဖို့ လိုအပ်လာခဲ့ပြီ ဖြစ်ပါတယ်။

ကျွန်တော်တို့ အသင်းဟာ အမြဲလိုလို အခြားအသင်းတွေထက် ခြေလှမ်းတစ်လှမ်း နောက်ကျနေခဲ့ပါတယ်။ ယခုအချိန်က စတင်ပြီး NiP Dota2 အသင်း အနေနဲ့ အရည်အချင်းရှိ ကစားသမား အသစ်တွေ ပေါ်ထွက်လာရေးကို အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်သလို အသင်း ဖွဲ့စည်းပုံမှာလည်း အပြောင်းအလဲတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

မကြာခင် အချိန်အတွင်းမှာ OMEGA League ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သွားဖို့ ရှိတာကြောင့် ကျန်ရှိနေတဲ့ အချိန်အတွင်းမှာ အသင်းအတွက် ကိုက်ညီမယ့် Pos 5 ကစားသမား တစ်ဦးကို အမြန်ဆုံး ရှာဖွေသွားမှာဖြစ်ပြီး ကျွန်တော်တို့ ရည်မှန်းထားတဲ့ ကမ္ဘာ့အဆင့် Dota2 အသင်း အဖြစ် ရပ်တည်လာနိုင်အောင် အစွမ်းကုန် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။”

OGA Dota PIT Season 2: EU/ CIS ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမယ့် NiP Dota2 အသင်းရဲ့ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • CharlieDota – Pos 1
  • Supream – Pos 2
  • SabeRLight – Pos 3
  • Era – Pos 4
  • Crit – Pos 5

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle