Dota2 လောကကနေ ပြန်လည် ထွက်ခွာသွားပြီဖြစ်တဲ့ Ninja in Pyjamas

Dota2 လောကကနေ ပြန်လည် ထွက်ခွာသွားပြီဖြစ်တဲ့ Ninja in Pyjamas

Esports နယ်ပယ်အသီးသီးမှာ သက်ဆိုင်ရာ အသင်းကိုယ်စီဖြင့် အောင်မြင်စွာ ရပ်တည်လျက်ရှိတဲ့ နာမည်ကျော် Esports အဖွဲ့အစည်း Ninja in Pyjmas ကတော့ အပြောင်းအလဲတွေ များလွန်းတဲ့ Dota2 ရပ်ဝန်းကနေ ပြန်လည် ထွက်ခွာလို့ သွားခဲ့ပြီ ဖြစ်ပါတယ်။

NiP Dota 2 (2018-2019)

NiP Esports အဖွဲ့အစည်း အနေနဲ့ ၂၀၁၈-၂၀၁၉ DPC ရာသီ စတင်ချိန်မှာ Dota2 လောက အတွင်းကို နာမည်ကျော် ကစားသမား PPD ဦးဆောင်တဲ့ အစုအဖွဲ့ဖြင့် ဝင်ရောက်လာခဲ့တာဖြစ်ပြီး အောင်မြင်မှု အချို့ကို ရယူနိုင်ခဲ့ပေမယ့် ၂၀၁၉-၂၀၂၀ DPC ရာသီမှာတော့ ကိုဗစ်-၁၉ ကြောင့် PPD, Universe စတဲ့ ကစားသမားတွေ အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ခြင်း မရှိတာကြောင့် အသင်းရှိ ကစားသမား အားလုံးကို ထုတ်ပယ်ပြီး အွန်လိုင်း ပြိုင်ပွဲများမှာ လက်စွမ်းပြလျက်ရှိတဲ့ Chicken Fighters အဖွဲ့သားတွေကို NiP Dota2 အသင်း ကိုယ်စားပြု ကစားသမားများ အဖြစ် ခေါ်ယူခဲ့ပါတယ်။

NiP Dota 2 (2019-2020 1st Half)

ပြန်လည် ဖွဲ့စည်းလိုက်တဲ့ NiP Dota2 အသင်းမှာ Charlie, Supream, Saberlight, Era, Sonneiko တို့ ပါဝင်ခဲ့ပေမယ့် NiP ကို ရောက်ရှိပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ Sonneiko တစ်ယောက် အသင်းကနေ ထုတ်ပယ်ခံခဲ့ရပြီး Team Spirit Dota2 အသင်းရဲ့ Pos5 ကစားသမားဖြစ်တဲ့ Misha ကို အငှားကစားသမား အဖြစ် ခေါ်ယူ အသုံးပြုခဲ့ပါတယ်။

ဒါပေမယ့်လည်း NiP Dota2 အဖွဲ့သားတွေဟာ ပြိုင်ပွဲအများစုမှာ ရလဒ်ဆိုးတွေနဲ့သာ ရင်ဆိုင်ခဲ့ရသလို လက်ရှိအချိန်ထိ ခရီးသွားခွင့် အခက်အခဲများကြောင့် အတူတကွ ကစားနိုင်ခြင်းလည်း မရှိခဲ့ပါဘူး။ ဒါကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်ရလျက်ရှိတဲ့ NiP Dota2 အသင်းကို ပြန်လည် ဖျက်သိမ်းသွားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်းကို NiP Esports အဖွဲ့အစည်းရဲ့ COO ဖြစ်သူ Jonas Gundersen ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“ကျွန်တော်တို့ NiP Esports အဖွဲ့အစည်းဟာ ကမ္ဘာ့ထိပ်သီး Esports အဖွဲ့အစည်း တစ်ခု ဖြစ်သလို သက်ဆိုင်ရာ အသင်းကိုယ်စီဟာလည်း ထိပ်သီး အသင်းတွေ အဖြစ် ရပ်တည်လျက် ရှိကြပါတယ်။ ဆုဖလားတွေကို ရယူသိမ်းပိုက်လိုစိတ်တွေ ကျွန်တော်တို့ သွေးကြောအတွင်းမှာ စီးမြောလျက် ရှိပေမယ့် EU Dota2 ရပ်ဝန်းမှာ အရည်အချင်းရှိ အသင်းတွေနဲ့ ပြည့်နှက်လျက် ရှိတာကြောင့် အိပ်မက်တွေကို အကောင်အထည် ဖော်နိုင်ခြင်း မရှိခဲ့ပါဘူး။

ဒါကြောင့် NiP Dota2 အသင်းကို လက်ရှိအချိန်မှာ ဖျက်သိမ်းသွားဖို့ ဆုံးဖြတ်ခဲ့ရတာဖြစ်ပြီး မကြာခင် အချိန်အတွင်းမှာ နည်းဗျူဟာအသစ်တွေနဲ့ အခြားသော ဒေသ အခြေစိုက် Dota2 အသင်း အဖြစ် ပြန်လည် ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့တွေ အရှုံးပေးသွားမှာ မဟုတ်သလို ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ရတာကြောင့် စိတ်ပျက်သွားမှာလည်း မဟုတ်ပါဘူး။ ရှေ့ဆက် ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေ အတွက် တကယ်ကို စိတ်လှုပ်ရှားမိသလို အောင်မြင်တဲ့ Dota2 အသင်း တစ်သင်း ပြန်လည် ဖွဲ့စည်းသွားနိုင်မယ်လို့လည်း ယုံကြည်မိပါတယ်။”

NiP Esports အဖွဲ့အစည်းရဲ့ COO ဖြစ်သူ Jonas ရဲ့ ပြောကြားချက်များအရ DPC ရာသီ ပြန်လည် စတင်ချိန်မှာ NiP Dota2 အသင်းကို NA ဒါမှမဟုတ် SEA အခြေစိုက် Dota2 အသင်း အဖြစ် မြင်တွေ့သွားရဖွယ် ရှိပါတယ်။ Valve ဘက်မှ ကြေညာချက်များအရ DPC ရာသီကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှာ ပြန်လည် စတင်သွားဖို့ ရှိနေတာကြောင့် ပြန်လည် ဖွဲ့စည်းသွားမယ့် NiP Dota2 အသင်းမှာ ဘယ်ကစားသမားတွေ ပါဝင်လာမယ် ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Era

ဖျက်သိမ်းသွားတဲ့ NiP Dota2 အသင်းရဲ့ လက်ရှိကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • CharlieDota – Pos 1
  • Supream – Pos 2
  • SabeRLight – Pos 3
  • Era – Pos 4
  • Misha – Pos 5

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle