LoL လောကထဲကို နောက်တစ်ကြိမ် ဝင်ရောက်လာဖွယ်ရှိတဲ့ နာမည်ကျော် Esports အဖွဲ့အစည်း NiP

LoL လောကထဲကို နောက်တစ်ကြိမ် ဝင်ရောက်လာဖွယ်ရှိတဲ့ နာမည်ကျော် Esports အဖွဲ့အစည်း NiP

Ninjas in Pyjams (NiP) ဆိုတာကတော့ ဆွီဒင်နိုင်ငံ အခြေစိုက် နာမည်ကျော် Esports အဖွဲ့အစည်း တစ်ခုပဲ ဖြစ်ပါတယ်။ NiP အနေနဲ့ လက်ရှိအချိန်မှာ CS: GO, Dota 2, Rainbow Six Siege, PlayerUnknown’s Battlegrounds, Paladins စတဲ့ နာမည်ကျော် Esports ပြိုင်ပွဲတွေမှာ သက်ဆိုင်ရာ အသင်းကိုယ်စီနဲ့ ဝင်ရောက် ယှဥ်ပြိုင်လျက် ရှိသလို အောင်မြင်မှု‌ပေါင်း များစွာကိုလည်း စွတ်ခူးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

NiP အနေနဲ့ Esports ကဏ္ဍအများစုမှာ အောင်မြင်မှု‌တွေကို စွတ်ခူးနိုင်ခဲ့ပေမယ့် LoL လောကမှာတော့ အောင်မြင်မှုတွေ စွတ်ခူးနိုင်ခြင်း မရှိသေးပါဘူး။ ဒါကြောင့်လည်း LoL လောကထဲကို နောက်တစ်ကြိမ် ထပ်မံ ဝင်ရောက်ဖို့ ကြိုးပမ်းလာရခြင်းပဲ ဖြစ်ပါတယ်။ NiP Esports အဖွဲ့အစည်းရဲ့ COO ဖြစ်သူ Jonas Gundersen ကတော့ LoL လောကထဲကို ပြန်လည် ဝင်ရောက်တော့မှာ ဖြစ်ကြောင်းကို အခုလိုပဲ အရိပ်အမြွက် ပြောကြားသွားခဲ့ပါတယ်။

Jonas Gundersen

“ကျွန်တော်တို့ NiP Esports အဖွဲ့အစည်း လက်အောက်ခံ LoL အသင်းကို ဦးစီးဖို့ အတွက် စိတ်အားထက်သန်ပြီး အောင်မြင်မှုတွေကို အမြဲတမ်း ဆာလောင်နေတဲ့ နည်းပြ တစ်ဦးကို ခေါ်ယူဖို့ ရှာဖွေလျက် ရှိပါတယ်။ တကယ်လို့ သင့်အနေနဲ့ LoL အသင်းတစ်သင်းကို ဦးစီးဖို့ အတွက် အရည်အချင်းတွေ ရှိနေခဲ့မယ်ဆိုရင် ကျွန်တော့်ကို အမြန်ဆုံး ဆက်သွယ်ပေးဖို့ ဒီနေရာကနေ မေတ္တာရပ်ခံပါရစေ။”

တကယ်လို့သာ NiP LoL အသင်းကို ထပ်မံ ဖွဲ့စည်းဖြစ်ခဲ့မယ်ဆိုရင် NiP Esports အဖွဲ့အစည်း အနေနဲ့ တတိယ အကြိမ်မြောက် LoL လောက အထဲကို ထပ်မံ ခြေချနိုင်တော့မှာ ဖြစ်ပါတယ်။ NiP LoL အသင်းကို ၂၀၁၃ ခုနှစ်မှာ ပထမဆုံး အကြိမ် အဖြစ် ဖွဲ့စည်းခဲ့ပြီး 1st Generation NiP LoL အသင်းမှာ လက်ရှိအချိန်မှာ Team SoloMid ရဲ့ ပူးတွဲပိုင်ရှင်အဖြစ် ရပ်တည်လျက်ရှိတဲ့ Soren “Bjergsen” Bjerg, နာမည်ကျော် Analyst တစ်ဦးအဖြစ် လက်ရှိအချိန်မှာ ရပ်တည်လျက်ရှိတဲ့ Martin “Deficio” Lynge, 2019 LCS Summer ပြိုင်ပွဲမှာ MVP ဆုကို စွတ်ခူးနိုင်ခဲ့သလို လက်ရှိအချိန်မှာ Evil Geniuses LoL အသင်းမှာ Jungler အဖြစ် ဝင်ရောက် ကစားလျက်ရှိတဲ့ Dennis “Svenskeren” Johnsen တို့ ပါဝင်ခဲ့ပါတယ်။

Svenskeren

NiP Esports အဖွဲ့အစည်း အနေနဲ့ ပထမဆုံး ဖွဲ့စည်းခဲ့တဲ့ LoL အသင်းကို ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ ပြန်လည် ဖျက်သိမ်းခဲ့ပြီး LoL လောကကနေ ကွယ်ပျောက်သွားခဲ့ပေမယ့် ၂၀၁၇ ခုနှစ်မှာ LoL လောကထဲကို နောက်တစ်ကြိမ် ထပ်မံ ဝင်ရောက်ခဲ့ပါတယ်။ LoL လောကထဲကို ဒုတိယ အကြိမ်မြောက် ထပ်မံ ဝင်ရောက်ခဲ့ပေမယ့် ကျရှုံးမှုတွေနဲ့သာ ထပ်မံ ရင်ဆိုင်ခဲ့ရတာကြောင့် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှာ အသင်းကို ပြန်လည် ဖျက်သိမ်းခဲ့ပါတယ်။

ဒါကြောင့် နာမည်ကျော် Esports အဖွဲ့အစည်း NiP အနေနဲ့ တတိယ အကြိမ်မြောက် LoL လောကထဲကို ဝင်ရောက်လာခြင်းနဲ့ အတူ အောင်မြင်မှုတွေကို ဖော်ဆောင်သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle