NiP Dota2 အသင်းကနေ ထုတ်ပယ်ခံလိုက်ပြီဖြစ်တဲ့ Universe

NiP Dota2 အသင်းကနေ ထုတ်ပယ်ခံလိုက်ပြီဖြစ်တဲ့ Universe

လက်ရှိအချိန်မှာ COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် နိုင်ငံ အများစု အနေနဲ့ နိုင်ငံတွင်း ဝင်ထွက်ခွင့်များကို ပိတ်ပင်ထားလျက် ရှိကြပါတယ်။ ဒါကြောင့် Dota2 ကစားသမားတွေ အပါအဝင် ပရိုဖက်ရှင်နယ် Esports ကစားသမား အများစု အနေနဲ့ သက်ဆိုင်ရာ အသင်းတွေနဲ့ ပြန်လည် ပေါင်းစည်းနိုင်ခြင်း မရှိခဲ့သလို အတူတကွ လေ့ကျင့်ဖို့ရာမှာလည်း Latency (Connection) အခက်အခဲတွေနဲ့ ရင်ဆိုင်ရလျက် ရှိပါတယ်။

ယခုအခါမှာလည်း COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် အသင်းနဲ့ ပြန်လည် ပေါင်းစည်းနိုင်ခြင်း မရှိသေးတဲ့ Universe ကို NiP Dota2 အသင်းကနေ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပြီ ဖြစ်ပါတယ်။

EG Dota2 အသင်းနဲ့အတူ The International 2015 ပြိုင်ပွဲမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ Universe အနေနဲ့ လက်ရှိ NiP Dota2 အသင်းရဲ့ ကပ္ပတိန်လည်းဖြစ်၊ EG Dota2 အသင်းမှာလည်း အတူတကွ တွဲဖက်ကစားခဲ့ဖူးတဲ့ ကစားသမားလည်းဖြစ်တဲ့ Peter “PPD” Dager နဲ့ 2019-2020 DPC ရာသီစတင်ချိန်မှာ NiP Dota2 အသင်းမှာ ပြန်လည် ပေါင်းစည်းခွင့် ရရှိခဲ့ပါတယ်။

NiP အနေနဲ့ ယခုနှစ် DPC ရာသီမှာ ရလဒ်ဆိုးတွေနဲ့သာ ရင်ဆိုင်ခဲ့ရပြီး ကစားသမား အပြောင်းအလဲများစွာကို ပြုလုပ်ခဲ့ပြီး နောက်မှာတော့ ESL One LA Major မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ESL One LA Major ကို မူလ အစီအစဉ်အတိုင်း ကျင်းပခွင့် မရခဲ့သလို Non-DPC ပြိုင်ပွဲ တစ်ခု အဖြစ် အွန်လိုင်းကနေသာ ကျင်းပသွားခဲ့ပါတယ်။

Universe အနေနဲ့ လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံရှိ နေအိမ်ကို ပြန်လည် ရောက်ရှိနေခဲ့တာကြောင့် NiP Dota2 အသင်းနဲ့အတူ ပြန်လည် ပူးပေါင်းနိုင်ခြင်း မရှိခဲ့သလို ESL One LA Major အွန်လိုင်း ပြိုင်ပွဲမှာလည်း ဝင်ရောက် ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့တာကြောင့် အခုလို အသင်းကနေ ထုတ်ပယ်ဖို့ အတွက် ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

“COVID-19 ကပ်ရောဂါ အန္တရာယ်ကြောင့် ကျွန်တော်တို့ NiP Dota2 အသင်းရဲ့ ပြိုင်ပွဲ အချိန်ဇယားတွေ၊ လေ့ကျင့်မှုတွေ မြောက်များစွာမှာ အနှောင့်အယှက်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့် ပြိုင်ပွဲတွေမှာ ဆက်လက် ယှဉ်ပြိုင်သွားနိုင်ဖို့ အတွက်၊ ကစားသမားတွေ အတူတကွ လေ့ကျင့်သွားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး Saahil “Universe” Arora ကို အသင်းကနေ ပြန်လည် ထုတ်ပယ်ခဲ့ရတာ ဖြစ်ပါတယ်။”

Universe နည်းတူ အသင်းရဲ့ Offlane ကစားသမားဖြစ်သူ Lelis အနေနဲ့လည်း မွေးရပ်မြေဖြစ်တဲ့ ဘရာဇီးနိုင်ငံမှာ ပိတ်မိနေလျက် ရှိတာကြောင့် NiP Dota2 အသင်း အနေနဲ့ ESL One LA Major အွန်လိုင်း ပြိုင်ပွဲမှာ Navi Dota2 အသင်းရဲ့ Offlane ကစားသမားဟောင်းဖြစ်သူ Blizzy ၊ အသင်းလက်မဲ့အဖြစ် ရပ်တည်လျက်ရှိတဲ့ Pos4 ကစားသမား တစ်ဦးဖြစ်သူ MiLAN တို့နဲ့ ဝင်ရောက် ယှဉ်ပြိုင်လျက် ရှိပါတယ်။

လက်ရှိအချိန်မှာ Lelis ကို အသင်းကနေ ထပ်မံ ထုတ်ပယ်သွားမလား ဆိုတာနဲ့ ပတ်သတ်ပြီး NiP Dota2 အသင်းဘက်က ကြေညာခြင်း မရှိသေးပေမယ့် တကယ်လို့သာ အသင်းနဲ့ အမြန်ဆုံး ပြန်လည် ပူးပေါင်းနိုင်ခြင်း မရှိခဲ့ဘူးဆိုရင် Leils တစ်ယောက် Universe နည်းတူ အသင်းကနေ ထုတ်ပယ်ခံသွားရဖွယ် ရှိပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle