Virtus Pro Dota2 အသင်းဟောင်း ပျက်သုန်းခဲ့ရခြင်း အကြောင်းအရင်းကို ပြောကြားလာခဲ့တဲ့ NoOne

Virtus Pro Dota2 အသင်းဟောင်း ပျက်သုန်းခဲ့ရခြင်း အကြောင်းအရင်းကို ပြောကြားလာခဲ့တဲ့ NoOne

VP Dota2 အသင်းဟောင်းရဲ့ Mid Lane ကစားသမား လက်ရှိ Just Error Dota2 အသင်းမှာ Offlane ကစားသမား အဖြစ် ကစားလျက်ရှိတဲ့ NoOne ကတော့ VP Dota2 အသင်းဟောင်း ပျက်သုန်းခဲ့ရတဲ့ အကြောင်းအရင်းကို Cyberrsports နဲ့ ပြုလုပ်တဲ့ အင်တာဗျူး တစ်ခုမှာ ဖြေရှင်းသွားခဲ့ပါတယ်။

“ပြဿနာ ကြီးကြီးမားမားရယ်လို့တော့ မရှိဘူးဗျ။ ကျွန်တော်တို့တွေ Virtus Pro Dota2 အသင်းဟာ ရှိနေခဲ့တဲ့ အချိန်အတွင်း ရလဒ်ကောင်းတွေ ပိုင်ဆိုင်ခဲ့တယ်။ OMEGA League ကလွဲပြီး ကျန်တဲ့ ပြိုင်ပွဲအများစုမှာ ထိပ်ဆုံး ၂ သင်း အဆင့်ထိ တက်လှမ်းနိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ ကစားသမားတွေ အကြားက အမြင်တွေ၊ ရည်မှန်းချက်တွေ မတူညီတာကြောင့် ပျက်သွားခဲ့ရတယ်လို့ပဲ ထင်မိပါတယ်။ ဒါမျိုးကလည်း ဖြစ်တတ်ပါတယ်။”

ဒါ့အပြင် NoOne အနေနဲ့ Position အသစ်ဖြစ်တဲ့ Offlane Position မှာ ကစားရတာကို နှစ်သက်ကြောင်းကိုလည်း အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“Just Error အသင်းရဲ့ ကစားသမားတွေ အားလုံးကို ကျွန်တော် အတော်လေး သဘောကျပါတယ်။ Role ပြောင်း ကစားရတဲ့ အတွက် ကျွန်တော့်မှာ လေ့လာစရာ သင်ယူစရာတွေ အများကြီး တွေ့ရှိခဲ့တယ်။ အခုထိလည်း Role အသစ်မှာ အသားကျဖို့ သင်ယူနေတုန်းပဲ ရှိပါသေးတယ်။ နောက်ပြီးတော့ Offlane Role ကို ကျွန်တော် အတော်လေး သဘောကျပါတယ်။ ဒီ Role က အသင်း အပေါ်မှာ အတော်လေး သက်ရောက်မှု ရှိတယ်လို့လည်း ထင်မိပါတယ်။

PUB Games တွေ၊ Training တွေမှာ ကျွန်တော် Offlane Role နဲ့ အတော်လေး စွမ်းဆောင်နိုင်နေပြီ ဖြစ်ပေမယ့် ပြိုင်ပွဲတွေ ရောက်ရင်တော့ မတူတော့ဘူးဗျ။ ဘာဖြစ်လို့လည်းဆိုတော့ အသင်းတိုင်း၊ ကစားသမားတိုင်းက ပြိုင်ပွဲဆိုတာနဲ့ အကောင်းဆုံး ကစားလာကြပြီလေ။

လွန်ခဲ့တဲ့ ၇ နှစ်လုံး ကျွန်တော် Mid Laner အဖြစ် ရပ်တည်ခဲ့တယ်။ အဲဒီအတောအတွင်းမှာ Offlane နဲ့ ပက်သက်ပြီး တစ်ခါမှ တွေးမိခြင်း မရှိခဲ့ဘူး။ အဲဒီနောက်မှာ ကျွန်တော် Offlaner ဘဝကို ရောက်ရှိသွားတယ်။ ကြီးမားတဲ့ အပြောင်းအလဲတွေနဲ့ ရင်ဆိုင်လာရသလို အတွေ့အကြုံ အသစ်တွေလည်း ရရှိခဲ့ပါတယ်။ အခုဆိုရင် မနက် အိပ်ယာကနိုးတာနဲ့ Reply တွေ ပြန်ကြည့်တယ်၊ Offlane နဲ့ ပက်သက်ပြီး လေ့လာစရာ ရှိတာတွေ လေ့လာတယ်။ အမြဲတမ်း ကြိုးစား လေ့ကျင့်တယ်။ Offlane Role ကိုလည်း အတော်လေးကို သဘောကျလာပါပြီ။”

NoOne ပါဝင်တဲ့ Just Error အဖွဲ့သားတွေဟာ Epic League မှာတော့ ကျရှုံးလျက် ရှိသလို နာမည်ကျော် ကစားသမားတွေ ပါဝင်ပေမယ့် ထင်သလောက် ရလဒ်ကောင်းတွေ ပိုင်ဆိုင်ခြင်း မရှိတာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် NoOne တို့ တစ်သိုက် အမြန်ဆုံး အတွဲဖက်မိမိနဲ့ ကစားကွက်ကောင်း တစ်ခုကို ပုံဖော်သွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle