10K MMR Club ကို ဝင်ရောက်နိုင်ခဲ့ပြီဖြစ်တဲ့ နာမည်ကျော် Dota2 ကစားသမား NoOne

10K MMR Club ကို ဝင်ရောက်နိုင်ခဲ့ပြီဖြစ်တဲ့ နာမည်ကျော် Dota2 ကစားသမား NoOne

နာမည်ကျော် Dota 2 အသင်း Virtus Pro ရဲ့ Mid Lane ကစားသမားဖြစ်သူ Vlaldimir “NoOne” Mineko ကတော့ ပြီးခဲ့တဲ့ စနေနေ့၊ မတ်လ ၁၄ ရက်နေ့မှာ 10000 MMR ပြည့် ကစားသမား တစ်ဦး အဖြစ် မှတ်တမ်း တင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

NoOne အနေနဲ့ 2019-2020 DPC ရာသီမှာ Virtus Pro Dota 2 အသင်းနဲ့အတူ အောင်မြင်မှုတွေကို သိမ်းပိုက်နိုင်ခြင်း မရှိသေးပေမယ့်လည်း တစ်ကိုယ်တော် စွမ်းဆောင်ရည် အပိုင်းမှာ ကျဆင်းသွားခြင်း မရှိသေးကြောင်း အခုလို 10K MMR ရရှိအောင် စွမ်းဆောင်နိုင်ခြင်းဖြင့် သက်သေပြနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

NoOne အနေနဲ့ 10K MMR ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် CIS အခြေစိုက် ဒုတိယမြောက် 10K MMR ပြည့် ကစားသမား အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ EG Dota 2 အသင်းရဲ့ Offlane ကစားသမား Roman “RAMZES” Kushnarev အနေနဲ့ 10K MMR ပြည့် ပထမဆုံး CIS အခြေစိုက် ကစားသမား အဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာကြောင့် NoOne အနေနဲ့ အခုလို ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

ကမ္ဘာ့ပထမဆုံး 10K MMR ပြည့် ကစားသမား အဖြစ် ၂၀၁၇ ခုနှစ်၊ ဇွန်လမှာ လက်ရှိ EG Dota 2 အသင်းရဲ့ Mid Lane ကစားသမား Abed အနေနဲ့ မှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ နာမည်ကျော် Dota 2 ကစားသမားတွေ အနေနဲ့ 10K MMR Club ကို ဝင်ရောက်နိုင်ဖို့ အတွက် အစွမ်းကုန် ကြိုးပမ်းခဲ့ကြပါတယ်။

လက်ရှိအချိန်မှာ 10K MMR ပြည့် ကစားသမား အဖြစ် ပရိုဖက်ရှင်နယ် Dota 2 ကစားသမား ၁၀ ဦးသာ မှတ်တမ်းတင်နိုင်သေးတာကြောင့် 10K MMR Club ကို ဘယ်ကစားသမားတွေ ထပ်မံ ဝင်ရောက်လာမယ် ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

10K MMR ပြည့် ကစားသမားများ အဖြစ် မှတ်တမ်းတင်နိုင်ခဲ့တဲ့ နာမည်ကျော် Dota 2 ကစားသမားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Abed Azel “Abed” L. Yusop
  • Yeik “MidOne” Nai
  • Artour “Arteezy” Babaev
  • Roman “RAMZES” Kushnarev
  • Aliwi “W33” Omar
  • Rafli Fathur “Mikoto” Rahman
  • Cheng “NothingToSay” Jin
  • Marc “Raven” Fausto
  • Armel Paul “Armel” Tabios
  • Vladimir “NoOne” Minenko

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle