မာစီဒီး တစ်စီး ထပ်မံ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တဲ့ Virtus Pro Dota2 အသင်းရဲ့ Mid Lane ကစားသမား NoOne

မာစီဒီး တစ်စီး ထပ်မံ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တဲ့ Virtus Pro Dota2 အသင်းရဲ့ Mid Lane ကစားသမား NoOne

Virtus Pro Dota2 အသင်းရဲ့ Mid Lane ကစားသမား Vladimir “NoOne” Mineko အနေနဲ့ ESL One LA 2020 အွန်လိုင်း ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမား အဖြစ်‌ ရွေးချယ်ခြင်းကို ခံခဲ့ရတာကြောင့် Mercedes-Benz ကားသစ်ကြီး တစ်စီးကို ထပ်မံ ပိုင်ဆိုင်ခွင့် ရရှိခဲ့ပြီ ဖြစ်ပါတယ်။

NoOne အနေနဲ့ အကောင်းဆုံး ကစားသမား အဖြစ် ရွေးချယ်ခြင်း ခံရတာကြောင့် မာစီဒီး တစ်စီး ရရှိခဲ့တာ ယခုအကြိမ်က ပထမဆုံး အကြိမ်တော့ မဟုတ်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ESL One Birmingham 2018 ပြိုင်ပွဲမှာလည်း Virtus Pro Dota2 အသင်း အနိုင်ရခြင်းနဲ့အတူ NoOne တစ်ယောက် အကောင်းဆုံး ကစားသမား အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရတာကြောင့် မာစီဒီး တစ်စီး ရရှိခဲ့ပါသေးတယ်။

Virtus Pro Dota2 အသင်း အနေနဲ့ 2019-2020 ရာသီမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် NoOne ကတော့ ပြိုင်ပွဲ အများစုမှာ လက်စွမ်းကောင်းတွေ ပြသနိုင်ခဲ့သလို နောက်ဆုံး ကစားသမား အပြောင်းအလဲ အပြီးမှာတော့ Virtus Pro အနေနဲ့ အောင်မြင်မှု လမ်းကြောင်း အပေါ် ပြန်လည် တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သလို ESL One LA 2020 အွန်လိုင်း ပြိုင်ပွဲရဲ့ ချန်ပီယံဆုကိုလည်း ထိုက်ထိုက်တန်တန်ပဲ သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ESL ပြိုင်ပွဲ တစ်ခုချင်းစီမှာ အကောင်းဆုံး ကစားသမား အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရတာကြောင့် Mercedes Benz ကားတွေ ပိုင်ဆိုင်ခွင့် ရရှိတဲ့ ကစားသမား (၈) ဦးအထိ ရှိလာခဲ့ပြီ ဖြစ်ပေမယ့် NoOne နည်းတူ အကောင်းဆုံး ကစားသမား အဖြစ် နှစ်ကြိမ်တိတိ ရွေးချယ်ခြင်း ခံခဲ့ရပြီး မာစီးဒီး ကားနှစ်စီး ပိုင်ဆိုင်ခွင့် ရရှိတဲ့ ကစားသမားကတော့ ပေါ်ပေါက်ခြင်း မရှိသေးပါဘူး။

ESL ပြိုင်ပွဲတွေကနေ တစ်ဆင့် မာစီးဒီး ကားသစ်တွေ ပိုင်ဆိုင်ခွင့် ရရှိခဲ့တဲ့ ကစားသမားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ESL One Los Angeles 2020 – NoOne (VP)
  • ESL One Hamburg 2019 – March (TNC)
  • ESL One Birmingham 2019 – Puppey (Team Secret)
  • ESL One Mumbai 2019 – Febby (Mineski)
  • ESL One Katowice 2019 – Zai (Team Secret)
  • ESL One Hamburg 2018 – MidOne (Team Secret)
  • ESL One Birmingham 2018 – NoOne (VP)
  • ESL One Katowice 2018 – Rodjer (VP)
  • ESL One Hamburg 2017 – Solo (Virtus Pro)

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle