MSL နဲ့ Aizy တို့ကို ရောင်းချသွားဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်တဲ့ North CSGO
ဒိန်းမတ် အခြေစိုက် CSGO အသင်း North ကတော့ အသင်းရဲ့ အဓိက ကစားသမား နှစ်ဦးဖြစ်တဲ့ MSL နဲ့ Aizy တို့ကို ရောင်းချသွားဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ North CSGO အသင်း အနေနဲ့ ၂၀၂၀ ခုနှစ် အတွင်းမှာ စွမ်းဆောင်ရည် ကျဆင်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ရသလို မယ်မယ်ရရ အောင်မြင်မှုဆိုလို့ ဘာတစ်ခုမှ ရယူနိုင်ခြင်း မရှိတဲ့ အထိ အခြေအနေဆိုးတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
ဒါကြောင့် အသင်းရဲ့ အဓိက ကစားသမား နှစ်ဦးဖြစ်တဲ့ MSL နဲ့ Aizy တို့ကို အရောင်းစာရင်း တင်ခဲ့ရတာဖြစ်ပြီး အသင်းကနေ AGF CSGO အသင်းမှာ အငှားထွက်ခွာ ကစားလျက်ရှိတဲ့ Kristou နဲ့ Syman Gaming CSGO အသင်းမှာ လက်စွမ်းပြလျက်ရှိတဲ့ Kreaz တို့ကို အစမ်းခန့် ကစားသမား အဖြစ် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
အသင်းတွင်း အပြောင်းအလဲတွေ ပြုလုပ်ရခြင်းနဲ့ ပက်သက်ပြီး North CSGO အသင်းရဲ့ ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ Graham Pitt ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။
“Aizy နဲ့ MSL တို့ နှစ်ဦးလုံးကို ကျေးဇူးတင်ရှိကြောင်း ပထမဆုံး အနေနဲ့ ပြောကြားလို ပါတယ်။ သူတို့ နှစ်ယောက်လုံးဟာ အသင်းမှာ ကာလရှည် တည်ရှိပေးခဲ့သလို North CSGO အသင်းကို အောင်မြင်တဲ့ အသင်း တစ်သင်း အဖြစ် ရပ်တည်နိုင်အောင် အဓိက စွမ်းဆောင်ပေးခဲ့တဲ့ ပုဂ္ဂိုလ်တွေလည်း ဖြစ်ကြပါတယ်။
အခုလို အသင်းရဲ့ အဓိက ကစားသမား နှစ်ဦးကို ရောင်းချသွားဖို့ ဆုံးဖြတ်ခဲ့ရတာ ကျွန်တော်တို့ အတွက် တကယ်ကို ခက်ခဲလွန်းပါတယ်။ ဒါပေမယ့်လည်း အပြောင်းအလဲတွေ ပြုလုပ်ဖို့ လိုအပ်လာပြီ ဖြစ်တာကြောင့် ယခု ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ရတာ ဖြစ်ပါတယ်။
အသင်းမှာ အစမ်းခန့် ကစားသမား အဖြစ် ဝင်ရောက် ကစားသွားမယ့် Kreaz ကို ကျွန်တော်တို့ စောင့်ကြည့်နေတာ အချိန်တစ်ခု ကြာခဲ့ပါပြီ။ Kreaz ရဲ့ AGF အသင်းမှ စွမ်းဆောင်ရည်ဟာ အတော်လေးကို ကောင်းမွန်တာကြောင့် ကျွန်တော်တို့ အသင်းနဲ့အတူရော စွမ်းဆောင်ရည်ကောင်းတွေကို ပြသသွားနိုင်မလား ဆိုတာကို စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။”
North အနေနဲ့ In-Game Leader ဖြစ်သူ MSL ကို အရောင်းစာရင်း တင်လိုက်ပြီ ဖြစ်တာကြောင့် နောင်လာမယ့် ပွဲစဉ်တွေမှာ Gade အနေနဲ့ In-Game Leader ရာထူးကို ပြောင်းလဲ တာဝန်ယူသွားဖွယ် ရှိနေပြီး Cajunb အနေနဲ့ကတော့ ကစားသမား အသစ်တွေကို အသင်းမှာ အမြန်ဆုံး အထိုင်ကျစေဖို့ အတွက် ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
North CSGO အသင်းရဲ့ လက်ရှိကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- Nicklas “gade” Gade
- Rene “cajunb” Borg
- Jonas “Lekr0” Olofsson
- Kristoffer “Kristou” Aamand
- Rasmus “kreaz” Johansson (Trail)
- Jimmy “Jumpy” Berndtsson (Coach)
REF: VpEsports