Lekr0 ကို ခေါ်ယူလိုက်တဲ့ North CSGO

ဒိန်းမတ် အခြေစိုက် နာမည်ကျော် CSGO အသင်း North ကတော့ Kjaerbye အသင်းကနေ ထွက်ခွာ သွားတာကြောင့် လစ်လပ်လျက်ရှိတဲ့ ကစားသမား တစ်နေရာ အတွက် NiP CSGO အသင်းရဲ့ အရံ ကစားသမားဖြစ်သူ Jonas “Lekr0” Olofsson ကို ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။
Welcome, @Lekr0 🥳🎉
— North (@TheNorthIsHere) August 21, 2020
📰 Read more: https://t.co/to9abUu3it
“North မှာ ဝင်ရောက် ကစားခွင့် ရရှိတဲ့ အတွက် တကယ်ကို ဂုဏ်ယူမိပါတယ်။ ကျွန်တော်နဲ့ ပတ်သက်ပြီး ကောလာဟလတွေ အများကြီး ထွက်ပေါ်ခဲ့တယ်။ ဒါပေမယ့်လည်း North က တာဝန်ရှိသူတွေနဲ့ စကားပြောပြီး၊ သူတို့ရဲ့ ရည်မှန်းချက်တွေကို သိလိုက်ရတဲ့ အချိန်မှာ ကျွန်တော် North ကို ပြောင်းရွေ့ဖို့ တစ်ခါတည်း ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အသင်းဖော် အသင်းတွေနဲ့ အတူ အောင်မြင်မှုတွေကို စွတ်ခူးသွားနိုင်ဖို့လည်း မျှော်လင့်ထားပါတယ်။” လို့ Lekr0 ကတော့ ပြောကြားခဲ့ပါတယ်။

Lekr0 အနေနဲ့ ယခင်အချိန်တွေကတည်းက နာမည်ကျော် CSGO ကစားသမား တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပေမယ့် NiP CSGO အသင်းရဲ့ ကျရှုံးမှုတွေနဲ့အတူ ပြီးခဲ့တဲ့ မေလမှာ အရံကစားသမား ဘဝကို သက်ဆင်းပေးခဲ့ရပါတယ်။ Lekr0 တစ်ယောက် အရံကစားသမား ဘဝကို သက်ဆင်းပေးခဲ့ရတဲ့ အချိန်က စတင်ပြီး အသင်းပေါင်း များစွာရဲ့ ကမ်းလှမ်းမှုတွေကို ရရှိခဲ့ပေမယ့် North CSGO အသင်းကို ပြောင်းရွေ့ ကစားဖို့ အတွက် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

Lekr0 ပါဝင်တဲ့ North CSGO အဖွဲ့သားတွေ အနေနဲ့ စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ ၅ သောင်း ချီးမြှင့်သွားမယ့် Nine to Five #3 ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သွားဖို့ ရှိနေတာကြောင့် အဆိုပါ ပြိုင်ပွဲမှာ လက်စွမ်းကောင်းတွေကို ပြသပြီး ချန်ပီယံဆုကို သိမ်းပိုက်သွားမလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
North CSGO အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- Nicklas “gade” Gade
- Mathias “MSL” Lauridsen
- Rene “cajunb” Borg
- Philip “aizy” Aistrup
- Jonas “Lekr0” Olofsson
- Jimmy “Jumpy” Berndtsson (Coach)
REF: VpEsports