Note 20 Series နဲ့ S-pen ရဲ့တွဲဖက်မှုမှာပဲရတဲ့စမ်းသုံးကြည့်သင့်တဲ့ cool feature များ

Note 20 Series နဲ့ S-pen ရဲ့တွဲဖက်မှုမှာပဲရတဲ့စမ်းသုံးကြည့်သင့်တဲ့ cool feature များ

Note 20 series နဲ့ခွဲလို့မရတဲ့ Features တွေကတော့ S-pen ရဲ့ Feature တွေပါ။ဒီနှစ် Note series အသစ်မှာ Samsung က S-pen မှာအဆင့်တိုးမြင့်မှုတွေပြုလုပ်ပေးခဲ့ပါတယ်။အဲ့တော့ S-pen အသစ်မှာဘာတွေပြောင်းလဲသွားတာလဲ။ S-pen ကို Bluetooth နဲ့ချိတ်လို့ရပါပြီ။ Bluetooth နဲ့ remote control လို Function အသစ်လေးတွေလဲပါဝင်လာပါတယ်။ Phone အတွက် wireless controller လိုမျိုးသုံးလို့ရပါတယ်။ S-pen အတွက် Battery အားကိုတော့ဖုန်းကပဲပြန်သွင်းမှာပါ။အရင် Note series က S-pen တွေလိုပဲ Pen အနောက်မှာ Click လေးပါပါတယ်။ Pen ကို ဖုန်းထဲပြန့်ထည့်လိုက်ရင်သူ့အလိုလိုဆက်ကနဲ့သံလိုက်နဲ့ဆွဲလိုက်သလိုကပ်သွားမှာပါ။

S-pen သုံးရတဲ့ခံစားချက်

Latency လည်းနဲသထက်နဲလာတာကြောင့်တုံ့ပြန်မှုအားလည်းအရင် Note တွေထက်ပိုပြီးကောင်းလာပါတယ်။ screen က smooth ဖြစ်သလောက် S-pen ကိုလည်း Low Latency ဖြစ်တာကြောင့် Note 20 ရဲ့ S-pen က Note line up ဖုန်းတွေထဲမှာသိသာတဲ့တိုးတက်မှုတစ်ခုဖြစ်ပါတယ်။ S-pen ထိပ်ဖူးကိုလည်း sensation ပိုကောင်းအောင် sensitivity မြှင့်ထားတာကြောင့် စာရွက်ပေါ်မှာရေးနေရသလိုမျိုးအနီးစပ်ဆုံးခံစားချက်ကိုရပါတယ်။ဖိလိုက်ရင်အရင် note series ရဲ့ S-pen တွေထက် reset time ပိုကောင်းလာပါတယ်။

S-pen နဲ့ Note20 Series  ရဲ့ပေါင်းစပ်မှု Features တွေရဲ့အားသာချက်များ

Features တွေက‌တော့ အရင် Note 20 series တွေမှာပါလာခဲ့တဲ့ Screen off memo ကို Note 20series မှာပြန်သုံးထားပါတယ်။Screen off memo က ဖုန်းကို Lock ချထားရင်တောင် S-pen ဆွဲထုတ်လိုက်တာနဲ့တန်းရေးလို့ရပါပြီ။ဒါပေမဲ့အခု Note 20 series ရဲ့ Screen off memo မှာ ရေးပြီးသွားရင် အပေါ်က Pin ဆိုတဲ့ Button လေးကိုနိုပ်လိုက်တာနဲ့ always on display မှာအမြဲတမ်းပေါ်နေအောင်လုပ်ထားလို့ရပါတယ်။Note မှတ်တဲ့အခါမှာလည်းရေးထားတဲ့ Handwriting ကိုသူ့အလိုလိုအတည့်ပြန်လုပ်ပေးပါတယ်။နောက်ပြီးရေးထားတဲ့ Handwriting ကိုကွန်ပြူတာစာအဖြစ်ပြန်ပြောင်းလို့ရပါတယ်။ကိုယ်လက်နဲ့ရေးထားတာစောင်းသွားတယ်ဆိုရင်လဲအတည့်ပြန်လုပ်ပေးပါတယ်။ကိုယ်မှတ်ထားတဲ့ Note ကိုလည်း File type အမျိုးမျိုးဖြစ်တဲ့ Power point , excel , word, PDF ပုံစံအမျိုးမျိုးနဲ့သိမ်းလို့ရပါသေးတယ်။

Samsung Dex

Samsung Dex ကို Android TV တွေ Smart TV တွေနဲ့ wireless ချိတ်လို့ရပါပြီ။ဖုန်းကိုဆက်သုံးနေပြီး TV မော်နီတာမှာ Samsung Dex ကိုကွန်ပြူတာတစ်လုံးလိုသုံးလို့ရပါတယ်။ wireless ချိတ်လို့ရသလို USB-C to HDMI ကြိုးနဲ့လဲချိတ်လို့ရပါတယ်။ Laptop တွေ PC တွေဆိုရင်တော့ USB-C to C နဲ့အလွယ်တကူချိတ်လို့ရပါတယ်။

အဲ့တာအပြင် Note 20 seriesကို Samsung Dex mode မှာ laptop တွေရဲ့ track pad လိုလဲသုံးလို့ရပါသေးတယ်။ Note 20 series မှာပဲရတဲ့ cool feature တစ်ခုပါ။

နောက်တစ်ခုကတော့ S-pen ရဲ့ Air command Features တွေပါ။

Magnify - သူကတော့ S-pen ကိုလေထဲကနေကိုယ်အကြီးချဲ့ပြီးကြည့်ချင်တဲ့နေရာကိုပြထားလိုက်တာနဲ့စာတွေပုံတွေကိုအကြီးမြင်ရပါတယ်။အနဲဆုံး အဆ 150% ကနေ 300% အထိချဲ့ကြည့်လို့ရပါတယ်။

Screen write – screen shot ဆွဲလိုက်ပြီး screen shot ပေါ်မှာ‌ရေးချင်တာရေးလို့ရပါတယ်။ပုံပဲဖြစ်ဖြစ် စာပဲဖြစ်ဖြစ် ကိုယ့် Point out လုပ်ချင်တာကိုလွယ်လွယ်ကူကူပြလို့ရပါတယ်။

Glance - သူကိုသုံးရင်ကိုယ်ဖွင့်ထားတဲ့ App က Home screen ရဲ့အောက်ညာဘက်နားမှာသေးသေးလေးပေါ်လာမှာဖြစ်ပြီး S-pen ကို အဲ့ App ပေါ်မှာလေထဲကနေတင်ထားလိုက်ရင် App ကပြန်ပွင့်လာမှာပါ။ Multi-tasking လုပ်လို့ရပါတယ်။

Smart select – screen ပေါ်မှာကြိုက်တဲ့အရာကို Photoshop မှာလို select လုပ်လို့ရပါတယ်။ Select လုပ်ပြီးသား aera မှာကြိုက်တာရေးလို့ရသလို screen ပေါ်မှာလည်း Pin ထားလို့ရပါတယ်။

Translate – screen ပေါ်မှာမြင်ရသမျှစာတွေကို လေထဲကနေ S-pen တင်ထားလိုက်တာနဲ့ Translate လုပ်ပေးပါတယ်။မြန်မာစာလည်း support လုပ်ပေးထာတော့အသုံးဝင်တဲ့ Features တစ်ခုဖြစ်လာမှာပါ။

ဒါကတော့ Note 20 series မှာ Stand out ဖြစ်တဲ့ Feature လေးတွေပါ။ အဲ့တာအပြင် Note 20 seroes ရဲ့ S-pen မှာ Air action တွေရပါတယ်။ camera မှာ ဆို S-pen ရဲ့ခလုတ်ကိုဖိထားပြီး အပေါ်အောက်ဆွဲရင် selfie ကင်မရာနဲ့ rear camera ပြောင်းတာတို့ S-pen ရဲ့ခလုတ်ကိုနိုပ်လိုက်ရင်ဓာတ်ပုံရိုက်တာတို့အပြင်‌ဘေးဘက်တေကိုဆွဲ Mode တွေပြောင်းတာတော့အစရှိတာတွေလုပ်လို့ရပါတယ်။

နောက်ဆုံးတစ်ခုကတော့ PDF File တွေကို Note app မှာ Import လုပ်လို့ရပြီး PDF file ပေါ်မှာပဲရေးချင်တာတွေကို edit လုပ်လို့ရပါတယ်။

အဲ့တော့ဒီ Feature တွေက ၂၀၂၀ စမတ်ဖုန်းစျေးကွက်ထဲမှာ Note 20 series နဲ့ S-pen ပေါင်းစပ်မှုမှာပဲရနိုင်တဲ့လုပ်ဆောင်ချက်တွေဖြစ်ပါတယ်။ Note taking လုပ်တဲ့အခါ File type အမျိူးမျိူးနဲ့သိမ်းလို့ရတာတွေ S-pen ရဲ့ exclusive features တွေနဲ့ နောက်ပြီးဘယ်သူ့မှာမှမရှိသေးတဲ့ Samsung Dex လို wireless features မျိုးတွေဟာဘက်စုံသုံးနိုင်တဲ့ဖုန်းတစ်လုံးကောင်းကောင်းကိုင်ချင်တဲ့လူတွေအတွက် Note 20 series ကိုထည့်သွင်းစဉ်းစားရမဲ့အချက်တွေဖြစ်ပါတယ်။ Note 20 series ကို 1299000 ကျပ် , Note 20 Ultra ကို 1659000 ကျပ်နဲ့ Samsung showroom နဲ့အမြို့မြို့အနယ်နယ်ကဖုန်းဆိုင်တွေမှာဝယ်ယူနိုင်သလို online မှလည်းလွယ်လွယ်ကူကူမှာယူလို့ရပါပြီ။အရောင်တွေကတော့ Note 20 မှာ mystic bronze , mystic green , mystic grey နဲ့ Note 20 Ultra မှာတော့ Mystic white , mystic bronze နဲ့ Mystic black ဆိုပြီးသုံးမျိုးဆီရွေးဝယ်နိုင်ပါတယ်။ဝယ်ယူဖို့စဉ်းစားနေပြီဆိုရင်တော့အောက်ကလင့်ခ် မှာသွားရောက်ကြည့်ရှုနိုင်ပါတယ်။

Where to Buy | Galaxy Note20 & Note20 Ultra | Price & Deals | Samsung Myanmar
Buy Samsung Galaxy Note20 & Note20 Ultra at Samsung MM. Check out the price and limited time offers for your new Samsung Galaxy mobile phone.

Author: Hein Htet

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle