PMGC 2020 ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ Nova XQF

PMGC 2020 ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ Nova XQF

ဇန်နဝါရီလ ၂၁ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ဒူဘိုင်းနိုင်ငံမှာ ကျင်းပသွားခဲ့တဲ့ PUBG Mobile Global Championship 2020 ပြိုင်ပွဲကြီးကတော့ အောင်မြင်စွာနဲ့ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ PMGC 2020 ပြိုင်ပွဲက မူလပထမက ဒူဘိုင်းနိုင်ငံရှိ၊ Coca Cola Arena မှာ LAN ပြိုင်ပွဲအဖြစ် ကျင်းပသွားဖို့ ပြင်ဆင်ခဲ့ပေမယ့်လည်း ပြိုင်ပွဲဝင် ကစားသမား သုံးဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တာကြောင့် အွန်လိုင်းစနစ်ဖြင့်သာ ပြောင်းလဲ ကျင်းပစေခဲ့ပါတယ်။

PMGC 2020 ပြိုင်ပွဲမှာ ကမ္ဘာတစ်ဝှမ်းမှာ ထိပ်သီး PUBG Mobile အသင်း ၁၆ သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကာ တရုတ်နိုင်ငံ အခြေစိုက် Nova XQF အနေနဲ့ ပြည်တွင်း ပြိုင်ဘက် 4AM ကို ကျော်ဖြတ်ပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့သလို ဆုကြေးငွေ ကန်ဒေါ်လာ ၇ သိန်းကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Nova XQF အဖွဲ့သားတွေ အနေနဲ့ PMGC League Stage မှာတုန်းက အဆင့် (၉) နေရာဖြင့်သာ ကျေနပ်ခဲ့ရပေမယ့် Final Stage ကို ရောက်ရှိလာတဲ့ အခါမှာ စွမ်းဆောင်ရည်ကောင်းတွေကို ပွဲစဉ်တိုင်းလိုလို ပြသနိုင်ခဲ့ပြီး ၂၉ ပွဲမှာ ၄ ပွဲ Chicken Dinner ရရှိခဲ့တာကြောင့် စုစုပေါင်း ရမှတ် ၃၁၉ မှတ်ဖြင့် ဒုတိယနေရာမှ 4AM (၂၉၄ မှတ်) ကို ကျော်လွန်ပြီး ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

League Stage မှာတုန်းက ထိပ်ဆုံး နေရာကို ရယူနိုင်ခဲ့တဲ့ 4AM ကတော့ Final Stage မှာ ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရပေမယ့် PMGC 2020 ပြိုင်ပွဲမှာ Chicken Dinner အရရှိဆုံး အသင်း အဖြစ် Chicken Dinner ငါးကြိမ် ရယူပြီး မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် Four Angry Men PUBG Mobile အသင်းရဲ့ Suk ဟာ ဆိုရင်လည်း PMGC 2020 ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်ခဲ့ပါတယ်။ ယခင်နှစ် ချန်ပီံယံဖြစ်တဲ့ Bigetron RA ကတော့ Final Stage ပထမနေ့မှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဒုတိယနေ့မှာ ရလဒ်ကောင်းတွေ ပြန်လည် ဖော်ဆောင်နိုင်ခဲ့ပေမယ့် အဆင့် ၅ နေရာဖြင့်သာ ကျေနပ်ခဲ့ရပါတယ်။

REF: DotEsports, AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle