ဒီအချက်တွေကို လုပ်နေမိပြီဆိုရင် သင်ဟာ အလုပ်အပေါ် စွဲလန်းနေသူပါ

ဒီအချက်တွေကို လုပ်နေမိပြီဆိုရင် သင်ဟာ အလုပ်အပေါ် စွဲလန်းနေသူပါ

သင်ဟာ အလုပ်ကြမ်းပိုးလား။ အလုပ်ကြမ်းပိုးလို့ ပြောရာမှာလည်း နှစ်မျိုးနှစ်စား ရှိပါတယ်။ ပထမ တစ်မျိုးကတော့ ကိုယ်ယူထားတဲ့ အလုပ်တာဝန်တွေကို ကျေပွန်အောင် လုပ်ရမယ်ဆိုတဲ့အသိတဲ့ အလုပ်ကြိုးစားကြသူတွေပါ။ နောက်ဆုံးတစ်ချက်ကတော့ အလုပ်အပေါ်မှာ ချစ်ခင်စိတ်အပြည့်ရှိလို့ အလုပ်ကြိုးစားသူတွေဆိုပြီး ရှိပါတယ်။
နောက်ဆုံးတစ်ချက်နဲ့ ကိုက်ညီတဲ့လူတွေက အလုပ်အပေါ် ချစ်ခင်ရာကနေ စွဲလန်းတဲ့ဘက်ကို ရောက်မှန်းမသိ ရောက်သွားကြသူတွေ ဖြစ်သွားတတ်ပါတယ်။ အခုအခရာက နောက်ဆုံးတစ်ချက်ကို ဦးတည်ပြောပေးသွားမှာပါ။ ဒီအချက်တွေနဲ့ ကိုက်ညီတယ်ဆိုရင်တော့ သင်ဟာ အလုပ်အပေါ်မှာ စွဲလန်းနေသူ ဖြစ်နေပါပြီ။


(၁) ကွန်ပျူတာရှေ့ထိုင်ပြီး အလုပ်လုပ်တာကို လူမှုကွန်ရက်ပေါ်တင်တတ်လား


သင်ဟာ အလုပ်များနေကြောင်းကို လူသိအောင် အမြဲလိုလို Facebook/ Instagram ရဲ့ စာမျက်နှာတွေမှာ ဒါမှမဟုတ် Story တွေမှာ တင်လေ့ရှိတယ်ဆိုရင်တော့ သင်ဟာသင့်အလုပ်ကို ဂုဏ်ယူတတ်သူပါ။ တစ်ဖက်ကပြောရမယ်ဆိုရင်လည်း အလုပ်ကို စွဲလန်းမှန်းမသိ စွဲလန်းနေတဲ့သူလို့လည်း ပြောလို့ရပါတယ်။

(၂) ထမင်းစားချိန်တွေကို ဖြစ်သလိုဖြေရှင်းနေရပြီလား


တစ်ခါတလေ အလုပ်တွေများလို့ နေ့လည်စာကို ညနေမှ စားဖြစ်တာတို့၊ အလွယ်စားလို့ရတာဝယ်ပြီး ကားပေါ်မှာပဲ စားလိုက်တာတို့က သင်ဟာအလုပ်အပေါ် ဘယ်လောက်ထိစိတ်နှစ်ပြီး ကြိုးစားအလုပ်လုပ်နေလည်းဆိုတာ မြင်နိုင်ပါတယ်။ ထမင်းစားချိန်မမှန်ရင် ကျန်းမာရေး ထိခိုက်လာမယ်ဆိုတာကိုတော့ သတိပြုစေချင်ပါတယ်။

(၃) Client မရစ်ခင် ကိုယ်ကအရင်ရစ်နေတတ်လား


ကိုယ့် Client ရဲ့ အလုပ်တွေကို သူတို့ဆီမရောက်ခင်မှာပဲ Internal ထဲမှာ သူတို့မကြိုက်နိုင်တဲ့ အချက်တွေကို ကိုယ်က အရင်ဆုံး မျက်လုံးဒေါက်ထောက်ရှာပြီး ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကို ဖိအားပေးတတ်လား။ ဒီလိုလုပ်တာက ကိုယ့် Client က ကိုယ့်ကုမ္ပဏီကို စိတ်တိုင်းကျစေပေမယ့် တချို့နေရာတွေမှာ Client ထက် ကိုယ်တိုင်က ပိုရစ်နေတတ်ရင် အဆင်မပြေပါဘူးနော်။ ဒီအချက်ကို လုပ်မိနေပြီဆိုရင်တော့ သင်ဟာ အလုပ်အပေါ် ချစ်ခင်စွဲလန်းနေတယ်ဆိုတာ ၇၀ ရာခိုင်နှုန်းသေချာနေပါပြီ။

(၄) အလုပ်ထွက်ပြီးတာတောင် အဆင်ပြေပါ့မလားဆိုပြီး လိုက်မေးမြန်းတတ်လား


နံပါတ် (၄) ကတော့ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ရမယ့် အချက်ပဲဖြစ်ပါတယ်။ ဒီတစ်ချက်ကို တော်တော်များများက သတိမပြုမိတတ်ကြပါဘူး။ မလွဲသာမရှောင်သာအခြေအနေတွေကြောင့် အလုပ်ထွက်လိုက်ရပေမယ့်လည်း အလုပ်မှာကျန်နေခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေအကြောင်း သိပြီးရင်း သိချင်နေတာမျိုး၊ လက်လွှဲထားခဲ့တဲ့ အလုပ်တွေကို အဆင်ပြေလား မေးမြန်းတာမျိုးတွေနဲ့ ကိုယ်တိုင်မထွက်ရဘဲ Group တွေထဲက ကိုယ့်ကို ထုတ်လိုက်တဲ့အခါမျိုးမှာ စိတ်မကောင်းဖြစ်တယ်ဆိုရင်တော့ သင်ဟာ အလုပ်အပေါ် စွဲလန်းသူ ဧကန်မုချဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။
Photo Credit
NSC (Akhayar)