ရှုံးပွဲမရှိ ရလဒ်ဖြင့် အုပ်စု ပထမနေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ OG CSGO

ရှုံးပွဲမရှိ ရလဒ်ဖြင့် အုပ်စု ပထမနေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ OG CSGO

ESL Pro League Season 11 ကို မူလပထမက ‌Malta နိုင်ငံနဲ့ အမေရိကန်နိုင်ငံ Denver မြို့တို့မှာ ကျင်းပသွားဖို့ စီစဉ်ထားပေမယ့်လည်း COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် အွန်လိုင်း ပြိုင်ပွဲ အဖြစ် ပြောင်းလဲ ကျင်းပခဲ့ရပါတယ်။

ESL Pro League Season 11 အွန်လိုင်း ပြိုင်ပွဲကို မတ်လ ၁၆ ရက်နေ့က ဧပြီလ ၁၂ ရက်နေ့ အထိ ကျင်းပသွားမှာ ဖြစ်တာနဲ့ အညီ လက်ရှိအချိန်မှာ အုပ်စုတွင်း ပွဲစဉ် အများစုလည်း ပြီးဆုံးဖို့ အတွက် ရက်အနည်းငယ်ခန့်သာ လိုအပ်ပါတယ်။

OG CSGO

OG CSGO အသင်း အနေနဲ့ ESL Pro League Season 11 Europe Division ရဲ့ အုပ်စု C မှာ အခြားသော နာမည်ကျော် CSGO အသင်းတွေဖြစ်တဲ့ G2 Esports, Faze Clan, Mousesports, Virtus.Pro, TYLOO စတဲ့ အသင်းတွေနဲ့ တစ်အုပ်စုတည်း ယှဉ်ပြိုင်ခဲ့ရပါတယ်။

အုပ်စု C မှာ နာမည်ကျော် CSGO အသင်း အများစု ပါဝင်တာကြောင့် OG အနေနဲ့ ရလဒ်ကောင်းတွေ ရရှိဖို့ အစွမ်းကုန် ကြိုးစားရလိမ့်မယ်လို့ ပရိသတ် အများစုက ထင်မှတ်ထားကြပေမယ့်လည်း အုပ်စု အဖွင့် ပွဲစဉ် အဖြစ် ယှဉ်ပြိုင်ရတဲ့ TYLOO CSGO အသင်းနဲ့ ယှဉ်ပြိုင်ရတဲ့ ပွဲစဉ်မှာ (၂) ပွဲပြတ်ဖြင့် အနိုင်ယူနိုင်ခဲ့ပါတယ်။

ဒုတိယမြောက် ပွဲစဉ် အဖြစ် ပြိုင်ပွဲအများစုမှာ Champion ဆုတွေ သိမ်းပိုက်နိုင်ခဲ့တဲ့ Mousesports နဲ့ ယှဉ်ပြိုင်ခဲ့ရပြီး Mirage မှာ (19-16) ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် Train မှာ (16-5) ၊ Inferno မှာ (16-2) ဆိုတဲ့ ရလဒ်တွေဖြင့် အပြတ်အသတ် ပြန်လည် အနိုင်ယူနိုင်ခဲ့ပါတယ်။

Mousesports CSGO

တတိယမြောက် ပွဲစဉ်မှာတော့ KennyS ဦးဆောင်တဲ့ G2 Esports နဲ့ ယှဉ်ပြိုင်ခဲ့ရပြီး အဆိုပါ ပွဲစဉ်မှာလည်း နှစ်ပွဲပြတ်ဖြင့် အနိုင်ယူနိုင်ခဲ့တာကြောင့် လက်ရှိအချိန်မှာ (၃) ပွဲကစား၊ (၃) ပွဲနိုင်ဆိုတဲ့ ရလဒ်ဖြင့် အုပ်စု C ရဲ့ နံပါတ် (၁) နေရာကို သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

OG CSGO

လက်ရှိအချိန်မှာ အုပ်စု  C ရဲ့ ကျန်ရှိနေတဲ့ ပွဲစဉ်တွေကို ဆက်လက် ယှဉ်ပြိုင်ကစားလျက် ရှိသလို OG CSGO အသင်း အနေနဲ့ ဧပြီလ ၂ ရက်နေ့မှာ Virtus.Pro ၊ ဧပြီလ ၃ ရက်နေ့မှာ Faze Clan စတဲ့ CSGO အသင်းတွေနဲ့ ဆက်လက် ယှဉ်ပြိုင်သွားရမှာ ဖြစ်တာကြောင့် ရှုံးပွဲမရှိ ရလဒ်ကို ဆက်လက် ထိန်းသိမ်းနိုင်ပြီး အုပ်စု ပထမနေရာဖြင့် နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle