OG Esports အဖွဲ့အစည်း ကိုယ်စားပြု ပထမဆုံး Content Creator/ Streamer ဖြစ်လာခဲ့တဲ့ Gorgc

OG Esports အဖွဲ့အစည်း ကိုယ်စားပြု ပထမဆုံး Content Creator/ Streamer ဖြစ်လာခဲ့တဲ့ Gorgc

Dota 2 Streamer တွေ အထဲမှာ နာမည်ကျော်ကြား လူကြိုက်များတဲ့ Streamer တစ်ဦးဖြစ်တဲ့ Gorgc (Mr. Child) အနေနဲ့ Streaming လောကထဲကို စတင် ဝင်ရောက်ခဲ့စဥ် အချိန်က စတင်ကာ လက်ရှိအချိန်ထိ မည်သည့် Esports အဖွဲ့အစည်း လက်အောက်ကိုမှ ဝင်ရောက်ခဲ့ခြင်း မရှိပေမယ့် ယခုအခါမှာတော့ TI နှစ်ထပ်ကွမ်း ချန်ပီယံ Esports အဖွဲ့အစည်း လက်အောက်ခံ Streamer/ Content Creator ဘဝကို ခံယူလိုက်ပြီ ဖြစ်ပါတယ်။

OG Esports အဖွဲ့အစည်း လက်အောက်ခံ Content Creator/ Streamer ဘဝကို ခံယူလိုက်နိုင်ခြင်းနဲ့ ပတ်သတ်ပြီး Gorgc ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“OG နဲ့အတူ တွဲဖက် လုပ်ကိုင်ခွင့် ရရှိခဲ့တဲ့ အတွက် အထူးပဲ စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော်နဲ့ OG အသင်းသားတွေ အကြား ခံယူချက်တွေ တူညီကြသလို နှစ်ဘက်လုံး အနေနဲ့ အကောင်းဆုံးတွေ လုပ်ဆောင်သွားဖို့ စိတ်ကူးတွေ ရှိကြတာကြောင့်လည်း အခုလို ပေါင်းစည်းနိုင်ခဲ့တာ ဖြစ်တယ်လို့ ထင်မြင်မိပါတယ်။”

Gorgc ကို အဖွဲ့အစည်း လက်အောက်ခံ Content Creator/ Streamer အဖြစ် ခေါ်ယူလိုက်နိုင်ခြင်းနဲ့ ပတ်သတ်ပြီး OG Esports အဖွဲ့အစည်းရဲ့ Founder တွေဖြစ်ကြတဲ့ Ceb နဲ့ Notail တို့ အနေနဲ့လည်း အထူးပဲ ဝမ်းမြောက်မိကြောင်း၊Gorgc ရဲ့ စွမ်းဆောင်ရည် အပေါ် အကြွင်းမဲ့ ယုံကြည်ကြောင်း အသီးသီး ပြောကြားသွားခဲ့ကြပါတယ်။

Gorgc အနေနဲ့ OG အဖွဲ့အစည်း လက်အောက်ခံ Streamer အဖြစ်ရော Content Creator အဖြစ်ပါ တွဲဖက် လုပ်ကိုင်ရမှာ ဖြစ်ပေမယ့်လည်း Streaming အပိုင်းကိုသာ အဓိက လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း OG Dota 2 အသင်း ဝင်ရောက် ယှဥ်ပြိုင်သွားတဲ့ ပြိုင်ပွဲတွေနဲ့ ပတ်သတ်ပြီးတော့ Video Content တွေ ဖန်တီးပေးသွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ OG Esports အဖွဲ့အစည်း အနေနဲ့ Dota 2 အသင်း တစ်သင်း၊ CSGO အသင်း တစ်သင်း တည်ထောင်နိုင်ခဲ့ပြီ ဖြစ်သလို အဖွဲ့အစည်း လက်အောက်ခံ Streamer တစ်ဦးကိုလည်း ခေါ်ယူလိုက်နိုင်ပြီ ဖြစ်တာကြောင့် မကြာမီ အချိန်အတွင်းမှာ အခြားသော Esports နယ်ပယ်တွေကို ထပ်မံ နယ်ချဲ့သိမ်းပိုက် သွားမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming, VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle