Team Secret နဲ့ ကစားရဖို့ မစောင့်ဆိုင်းနိုင်တော့ကြောင်း ပြောကြားသွားခဲ့တဲ့ TI နှစ်ထပ်ကွမ်း ချန်ပီယံ Notail

Team Secret နဲ့ ကစားရဖို့ မစောင့်ဆိုင်းနိုင်တော့ကြောင်း ပြောကြားသွားခဲ့တဲ့ TI နှစ်ထပ်ကွမ်း ချန်ပီယံ Notail

The International 2018, The International 2019 စတဲ့ Dota 2 လောကရဲ့ အခမ်းနားဆုံး ပြိုင်ပွဲ နှစ်ခုမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ Dota 2 အသင်း OG အနေနဲ့ 2019-2020 DPC ရာသီ အတွက် OG Dota 2 အသင်းကို ကစားသမား အသစ် သုံးဦးဖြင့် ပြန်လည် ဖွဲ့စည်းခဲ့ပေမယ့် တတိယမြောက် Major ပြိုင်ပွဲဖြစ်တဲ့ ESL One LA Major လက်ရည်စစ်ပွဲ တစ်လျှောက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့သလို ESL One LA Major မှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့်ကိုလည်း အလွယ်တကူပဲ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

OG Dota 2 အသင်း အနေနဲ့ ESL One LA Major လက်ရည်စစ်ပွဲ ပြီးဆုံးသွားတဲ့ အချိန်မှာ အသင်းရဲ့ ရှေ့ဆက်လျှောက်မယ့် အနာဂတ်ခရီး၊ ကစားသမားတွေ အကြား အခြေအနေ၊ ကစားသမား တစ်ယောက်ချင်းစီရဲ့ အင်တာဗျူးတွေကို OG Esports အဖွဲ့အစည်းရဲ့ Website မှာ တင်ပေးခဲ့ပါတယ်။

အခုလို ကစားသမား တစ်ယောက်ချင်းစီကို အင်တာဗျူး ပြလုပ်ခဲ့ရာမှာ OG Dota 2 အသင်းရဲ့ ကပ္ပတိန်ဖြစ်သူ Notail ကတော့Leipzig Major မှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ Team Secret နဲ့ ကစားရဖို့ မစောင့်ဆိုင်းနိုင်တော့ကြောင်း ပြောကြားသွားခဲ့ပါတယ်။

Notail

Team Secret အနေနဲ့ Leipzig Major လက်ရည်စစ်ပွဲက စတင်ကာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပြီး Leipzig Major မှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့သလို ESL One LA Major လက်ရည်စစ်ပွဲ တစ်လျှောက်လည်း တည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ကြောင်း၊ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး Dota 2 အသင်းတွေ အထဲမှာ တစ်သင်း အပါအဝင် အဖြစ် ရပ်တည်နေပြီဖြစ်ကြောင်း၊ ဒါကြောင့် Team Secret နဲ့ ယှဥ်ပြိုင်ကစားဖို့ သူ့အနေနဲ့ မစောင့်နိုင်တော့ကြောင်း Notail ကတော့ ပြောကြားသွားခဲ့ပါတယ်။

OG Dota 2 အသင်းရဲ့ Pos 4 (Support) ကစားသမားဖြစ်သူ Saksa ကတော့ အဆိုပါ အင်တာဗျူးမှာ VG Dota 2 အသင်းလို လက်စွမ်းလက်န ကောင်းမွန်တဲ့ တရုတ် Dota 2 အသင်းတွေနဲ့ ယှဥ်ပြိုင်သွားချင်ကြောင်း၊ Team Secret နဲ့လည်း ကစားချင်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

Saksa

ESL One LA Major ကို အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ် မြို့တော်မှာ မတ်လ (၁၅) ရက်နေ့ကနေ (၂၂) ရက်နေ့ အထိ ကျင်းပသွားမှာ ဖြစ်တာကြောင့် အဆိုပါ ပြိုင်ပွဲမှာ OG Dota 2 အသင်းနဲ့ Team Secret Dota 2 အသင်းတို့ ရင်ဆိုင်ရတဲ့ အခါမှာ ဘယ်အသင်းက အနိုင်ယူသွားမယ် ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle