ဖခင်ဖြစ်လာပြီး နောက်ပိုင်း Dota2 အပေါ် စိတ်အားထက်သန်မှုတွေ ပိုမိုများပြားလာကြောင်း Topson ဖွင့်ဟ

ဖခင်ဖြစ်လာပြီး နောက်ပိုင်း Dota2 အပေါ် စိတ်အားထက်သန်မှုတွေ ပိုမိုများပြားလာကြောင်း Topson ဖွင့်ဟ

ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ခန့်ကမှ ဖခင်ဘဝကို ပူပူနွေးနွေး‌ ရောက်ရှိသွားခဲ့တဲ့ Topson ကတော့ ယခုအခါမှာလည်း OG Dota2 အသင်းနဲ့အတူ ESL One Germany 2020 ပြိုင်ပွဲမှာ အကောင်းဆုံးသော စွမ်းဆောင်ရည်တွေကို ပြသလျက် ရှိပါတယ်။

OG Dota2 အသင်း အနေနဲ့ ESL One Germany 2020 ပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သလို Topson အနေနဲ့လည်း ဖခင်ဖြစ်လာပြီး နောက်ပိုင်း မိမိရဲ့ ခံစားချက် အချို့ကို ESL Dota2 အဖွဲ့သားတွေနဲ့ အမေးအဖြေ ကဏ္ဍမှာ အခုလိုပဲ ဖြေကြားသွားခဲ့ပါတယ်။

“သမီးလေး မွေးလားပြီ နောက်ပိုင်း Dota2 ကစားတဲ့ အခါမှာ အရင်ထက် ပိုပြီးတော့ စိတ်အား ထက်သန် လာခဲ့ပါတယ်။ ကလေးအဖေ ဖြစ်လာပြီဆိုတော့ သိတဲ့အတိုင်းပဲ လုပ်စရာတွေက ပိုလို့တောင် များလာပြီလေ။ ဒီတော့ ကစားခွင့်ရတဲ့ အချိန်လေးမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ အကောင်းဆုံး ကစားနိုင်ဖို့ ကြိုးစားချင်စိတ်တွေ ကျွန်တော့်ဆီမှာ ဖြစ်ပေါ်နေပါတယ်။”

ဒါ့အပြင် Topson ကို လက်ရှိ EU ဒေသတွင်း အကောင်းဆုံး Mid Lane ကစားသမား သုံးဦး ရွေးချယ်ပေးဖို့ ပြောကြားခဲ့ရာမှာတော့ အခုလိုပဲ ဖြေကြားသွားခဲ့ပါတယ်။

“EU အခြေစိုက် အကောင်းဆုံး Mid Lane ကစားသမား ဆိုရင်တော့ Nisha လို့ပဲ ကျွန်တော်ကတော့ ထင်မိတယ်ဗျ။ အမှန်အတိုင်း ပြောရရင် Nisha က အခြားသော Mid Laner တွေထက် တစ်ဆင့် အကွာကို ရောက်နေပြီလို့တောင် ထင်မိပါတယ်။ အခြားသော ကစားသမားတွေ အထဲကတော့ ကျွန်တော် ကြိုက်မိတဲ့ ကစားသမားရယ်လို့ မရှိသေးပါဘူး။”

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle