လူငယ်တွေ အိုဇာတာကောင်းအောင် ဘယ်လိုနေထိုင်ရမလဲ

လူငယ်တွေ အိုဇာတာကောင်းအောင် ဘယ်လိုနေထိုင်ရမလဲ

အသက်ကြီးတဲ့အထိ အိုးပိုင်အိမ်ပိုင်မရှိတဲ့သူတွေဟာ သိပ်ကို သနားစရာကောင်းပါတယ်။ သားသမီးတွေရဲ့အိမ်မှာ လှည့်နေရတာနဲ့ အိမ်ငှားရတာနဲ့ ဒုက္ခများလှပါတယ်။ အသက်အရွယ်ကောင်းကတည်းက အိမ်ပိုင်ရအောင် ကြိုးစားထားပါ။

လူတစ်ယောက်ဟာ မွေးဖွားလာတဲ့အချိန်ကနေ စတင်ပြီး အသက်ငယ်ရွယ်ချိန်အထိဟာ ရုန်းကန်လှုပ်ရှားရအလွယ်ကူဆုံး အချိန်ကာလတွေပါပဲ။ လွတ်လပ်ပေါ့ပါးတယ်။ အားအင်ပြည့်ဝပြီး ငွေလည်းရှာနိုင်သလို ပျော်လည်း ပျော်ရွှင်နိုင်ပါတယ်။ တကယ်တော့ လူတစ်ယောက်ရဲ့ အရွယ်တိုင်းဟာ အရေးကြီးပါတယ်။ အရေးအကြီးဆုံးကတော့ အိုဇာတာပါပဲ။ အသက်အရွယ်ကြီးရင့်သွားတဲ့အခါ အားအင်ကုန်ခမ်းလာတယ်။ အရင်လို ငွေကောင်းကောင်းမရှာနိုင်တော့ဘူး။ ကျန်းမာရေးလိုအပ်ချက်တွေများပြားလာတယ်။ ဒီလိုအချိန်မျိုးမှာ သက်သောင့်သက်သာနဲ့ ပြည့်စုံစွာ နေထိုင်သွားနိုင်ဖို့ အရေးကြီးပါတယ်။ အသက်ကြီးမှ ဒုက္ခရောက်တာမျိုးမရှိဘဲ အိုဇာတာကောင်းဖို့ဆိုရင် ငယ်ရွယ်စဉ်ကတည်းက ဘာတွေပြင်ဆင်ထားရမလဲ သိကြပါရဲ့လား။

ကြိုတင်စဉ်းစားပါ

ပထမဆုံးကတော့ အိုဇာတာအတွက် လူတွေကြိုတင်မစဉ်းစားတတ်ကြတာပါပဲ။ အရွယ်ကောင်းကတည်းက အသက်ကြီးလာရင် ကျန်းမာရေးအတွက် ဘယ်လိုငွေစုထားမယ်။ အိုးပိုင်အိမ်ပိုင်ရှိဖို့ ဘယ်လိုကြိုးစားရမလဲ။ အိုမင်းစာအတွက် ဘယ်လိုစုဆောင်းမလဲ။ ကိုယ့်ရဲ့ Retirement Plan လို့ ခေါ်တဲ့ အသက်ကြီးလို့ အလုပ်ကအနားယူလိုက်တဲ့အချိန်မှာ ဘယ်လိုရှေ့ဆက်ပြီး နေထိုင်သွားမလဲဆိုတာကို ကြိုတင်စဉ်းစားထားကြဖို့ လိုအပ်ပါတယ်။ ဒါမှပဲ ငယ်ရွယ်စဉ်အရွယ်ကောင်းကတည်းက ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ခွင့်ရကြမှာပါ။

မိသားစုအတွက်ပြင်ဆင်ပါ

လူတွေအားလုံးက ကြွေးဟောင်းဆပ်ပြီး ကြွေးသစ်ဆပ်ကြရသူတွေချည်းပါပဲ။ အဲဒီ့အတွက် မိသားစုကိုပါ ထည့်စဉ်းစားရပါလိမ့်မယ်။ ကိုယ် ငွေမရှာနိုင်တော့တဲ့အချိန်မှာ ကိုယ့်ရဲ့ မိဘတွေကို ကြွေးဟောင်းဆပ်ဖို့ ဘယ်လိုပြင်ဆင်ထားမလဲ။ ကြွေးသစ်ချထားတဲ့ သားသမီးတွေဆီကရော ဘာတွေပြန်မျှော်လင့်ထားလဲ။ ဒါတွေကလည်း ကြိုတင်ပြင်ဆင်ပြီး စဉ်းစားထားရမယ့်အထဲမှာ ပါပါတယ်။ ကျွန်မတို့တစ်တွေဟာ တစ်ဦးတစ်ယောက်ချင်း ရှင်သန်လို့မရပါဘူး။ မိသားစုပတ်ဝန်းကျင်နဲ့ ရှင်သန်ကြရတာပါ။

အိုမင်းစာ နေ့တိုင်းစုပါ

နေ့တိုင်း ထွက်ငွေထဲကနေ ငွေငါးရာကို သက်သက်ဖယ်ပြီး စုထားပါ။ တစ်လပြည့်ရင် ဘဏ်ထဲသွားထည့်ပါ။ လက်ရှိ သင့်ရဲ့ အသက်ဟာ ၃၀ပဲ ထားပါတော့။ အဲဒီလိုဆိုရင် တစ်ရက်ကို ငါးရာ၊ တစ်လကို တစ်သောင်းခွဲ၊ ဆယ်လကို တစ်သိန်းခွဲ ရမှာပါ။ အသက် ၅၀ရောက်သွားရင်တော့ ဘဏ်ထဲမှာ ငွေရင်း ၃၆သိန်းနဲ့ တခြား တိုးရင်းပေါင်းအနည်းငယ် စုမိဆောင်းမိရှိသွားပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကိုယ် တက်နိုင်သလောက် ဖဲ့ပြီးစုထားလိုက်ရင် အသက်ကြီးတဲ့အခါ ကျန်းမာရေးစရိတ်အတွက် အဆင်ပြေလာပါလိမ့်မယ်။

အိမ်ပိုင်ရအောင်ကြိုးစားပါ

အသက်ကြီးတဲ့အထိ အိုးပိုင်အိမ်ပိုင်မရှိတဲ့သူတွေဟာ သိပ်ကို သနားစရာကောင်းပါတယ်။ သားသမီးတွေရဲ့အိမ်မှာ လှည့်နေရတာနဲ့ အိမ်ငှားရတာနဲ့ ဒုက္ခများလှပါတယ်။ အသက်အရွယ်ကောင်းကတည်းက အိမ်ပိုင်ရအောင် ကြိုးစားထားပါ။ အခုခေတ်မှာဆိုရင် Installment နဲ့တောင် အိမ်ဝယ်လို့ရပါတယ်။ ပိုက်ဆံတွေလက်ထဲမှာ အများကြီးရှိနေမှ အိမ်ဝယ်နိုင်တာမဟုတ်တော့ပါဘူး။ ဒီလိုမှပဲ အသက်ကြီးတဲ့အခါ စားဖို့သောက်ဖို့နဲ့ ကျန်းမာရေးစရိတ်လောက်သာ လိုအပ်တော့မှာပါ။ အိမ်ငှားနေရဦးမယ်ဆိုရင်တော့ အပူကြီးနေဦးမှာပါပဲ။

အမျှော်အမြင်ကြီးပါ

ငယ်ရွယ်စဉ်ကတည်းက အမျှော်အမြင်ရှိရှိနေခဲ့သူတွေက အိုဇာတာကောင်းကြပါတယ်။ သားသမီးတွေကိုလည်း အမျှော်အမြင်ရှိရှိနဲ့ လိမ္မာရေးခြားရှိပြီး မိဘသိတတ်အောင် ပျိုးထောင်ပေးထားမယ်။ ငွေကို အမျှော်အမြင်ရှိရှိ စုဆောင်းထားမယ်။ အလုပ်အကိုင်ကိုဆိုရင်လည်း ပင်စင်ကောင်းတဲ့ ဒါမှမဟုတ် ထောက်ပံ့မှုကောင်းတဲ့လုပ်ငန်းခွင်မှာ အမျှော်အမြင်ရှိရှိလုပ်ကိုင်မယ်။ အရာရာကို အမျှော်အမြင်ရှိရှိနေမယ်ဆိုရင် အိုဇာတာဟာ အလိုလိုကောင်းနေတော့မှာပါပဲ။

အခု အသက်ငယ်သေးလို့၊ အရွယ်ကောင်းသေးလို့ အသက်ကြီးတဲ့အချိန် ဘယ်လိုနေမလဲဆိုတာကို မတွေးထားဘူးဆိုတာ မဖြစ်သင့်ပါဘူးနော်။ အိုဇာတာဆိုတာ ဇာတာလို့သာပြောတာ။ ကိုယ့်ဘာသာကိုယ် လုပ်ယူရတာတွေချည်းပါပဲ။ အသက်မကြီးခင် သေသွားရင်တော့ တမျိုးပေါ့။ ဒါပေမယ့် ဘာကိုမှ အတိအကျပြောလို့မရတဲ့လူ့လောကကြီးမှာ အိုဇာတာကောင်းအောင်ပဲ ကြိုးစားနေထိုင်ကြရအောင်နော်။

(Photo Credit)

Moethaesay(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle