၁၉၉၀ နှစ်ဆီက သီချင်းတချို့ကို ပြန်လည် ဆိုညည်းခြင်း

၁၉၉၀ နှစ်ဆီက သီချင်းတချို့ကို ပြန်လည် ဆိုညည်းခြင်း

အတိတ်ကိုခေါ်ဆောင်ပေးသွားတဲ့ အရာတွေထဲမှာ အင်အားအကြီးဆုံးအရာတစ်ခုပြောပါဆို သီချင်းတွေပဲ ဖြစ်လိမ့်မယ် ထင်ပါတယ်။ လမ်းပေါ်ထွက်ကစားတဲ့ ကလေးတွေကို ခဏခဏလှည့်ကြည့်စရာမလိုအောင် ကားသွားကားလာ စိတ်ချရတဲ့ အမေတွေ၊ မင်းတို့ အားအားနေ လက်ဖက်ရည်ဆိုင်သွားသွားပြီး ဂစ်တာခေါက်မနေစမ်းပါနဲ့လို့ ပြောတတ်တဲ့ အဖေတွေ။ အခုတော့ ဒါတွေအကုန် ပြောင်းပြန်။ ညဘက်ညဘက် လမ်းဘေးအုတ်ခုံ တီးဝိုင်းဆီက သီချင်းသံတွေလည်း မကြားရတော့။

အခုနေများ ဗဒင်သီချင်းဖွင့်လိုက်ရင် အမေလုပ်သူက နင့်အမ ငယ်ငယ်တုန်းက လိုက်ဆိုနေကျ သီချင်းတွေလေ လို့ အမြဲပြောတတ်တယ်။ ကာရာအိုကေခန်းရောက်ရင် ဗဒင်ရဲ့ နေရာ ၁ ကို Selection ထဲထည့် “မင်းမရှိတဲ့ ကိုယ့်ဘဝထဲမှာ နေ့ဟာ နေ့နဲ့ မတူဘူး၊ ညဟာ ညနဲ့ မတူဘူး၊ ကြင်နာသူမင်းက ယုံကြည်ပါ ကိုယ့်စိတ်ရှိတဲ့နေရာ တန် ဒန် ဒန် ဒန်” ဆိုတဲ့ စည်းချက်နဲ့ ဆိုလည်းဆို လှုပ်လည်းလှုပ်ရတာကိုက အရသာရှိချက်။

“အသည်းလေးကွဲကာ မျက်ရည်တွေနဲ့ပေါ့ ဒီမှာ ရင်နာနာနဲ့ စွန့်လွှတ်ခဲ့တာ မင်းကို ချစ်လွန်းလို့ပေ့ါ ဘေဘီ” တကယ် အသည်းကွဲ၊ မကွဲတော့ မသိဘူး လမ်းသွားရင် ကြားလိုက်တိုင်း ဒီသီချင်းညည်းနေတတ်တာတော့ မှတ်မိတယ်။ ကိုယ်တိုင်လည်း ပါးစပ်ထဲ စွဲနေလို့ လိုက်ဆိုနေတော့တာပဲ။ လက်ဖက်ရည်ဆိုင်တွေလည်း ဒီသီချင်း၊ ဂစ်တာလာခေါက်လည်း ဒီသီချင်း။ ဒါက ၁၉၉၆ ခုနှစ်က အဲလက်စ်ရဲ့ နေ့သစ်ကိုကြိုဆိုခြင်း တေးစီးရီးထဲက။

ထွန်းအိန္ဒြာဗိုနဲ့ အဲလက်စ်တို့ရဲ့ “ဆုံနိုင်ခွင့်လေး တမ်းတမိတယ် ဘယ်တော့လည်း ..” သီချင်းကို နားထောင်လွန်းလို့ ကက်ဆက်တိတ်ပါးပြီး နားထောင်ရ အဆင်မပြေတဲ့အထိ။ အခုမှသိတာက ဒီလို အဆင်မပြေတွေဖြစ်ပြီဆို တိတ်ခွေကို ရေခဲသေတ္တာထဲမှာ နာရီဝက်ထားပြီး ပြန်ထုတ်လိုက်ရင်ပဲ အခွေသစ် အတိုင်း နားထောင်နိုင်တဲ့ အချက်ကိုပဲ။ တခါတလေလည်း တိပ်တွေ လိပ်ကုန်လို့ ဘောပင်နဲ့ ရစ်ရတဲ့ ဒုက္ခတွေ။ ခုတော့ ဖုန်းထဲက သီချင်းတွေ နားထောင်ရင်း အားကုန်ရင် အားပြန်သွင်းလိုက်နဲ့ အလုပ်ရှုပ်ပေါ့။

အဆောင်ရှေ့မှာ လာလာသီချင်းဆိုတတ်သူရဲ့ သီချင်းသံကို တမ်းတနေတဲ့ အေးချမ်းမေ သီချင်းကတော့ ဖုန်း Playlist တွေထဲက တစ်ပုဒ်။ တက္ကသိုလ်အဆောင်မှာ မနေဖူးပေမယ့် အဆောင်ရှေ့မှာ ပုံမှန် သီချင်းလာဆိုသူ မရှိပေမယ့် သီချင်းစာသားတွေထဲကအတိုင်း စိတ်ထဲဖီးလ်နေတာတော့ ဘာကြောင့်ရယ်မှန်းမသိ။

ဒီကြားထဲ ခရီးသွားငါးယောက်ကလည်း ၉၈ ကနေစပြီး ၂၀၀၂ ခုနှစ်အထိ သီချင်းလက်ဆောင်တွေ ပေးတတ်သေးတယ်။ ဒီသီချင်းတွေထဲမှာ ၉၉လက်ဆောင်ကို အကြိုက်ဆုံးပဲ။ စာဖတ်သူတွေလည်း ၉၀ခုနှစ်က သီချင်းတွေတွမှာ ကြိုက်တဲ့ သီချင်းတွေရှိရင် ပြောသွားပေးပါဦး။

Photo Credit – musiclifemusics, phyuniwarphar.blogspot

Reference -Wikipedia

NSC (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle