ဒီဘက်ခေတ်ကလေးတွေ သိပ်မသိတော့တဲ့ ဂီတအသုံးအဆောင်များ

ဒီဘက်ခေတ်ကလေးတွေ သိပ်မသိတော့တဲ့ ဂီတအသုံးအဆောင်များ

၁၉၇၀ ခုနှစ်၊ ၈၀ ခုနှစ်၊ ၉၀ ခုနှစ်မွေးတဲ့ မျိုးဆက်တွေအတွက်တော့ အတိတ်တွေဟာ ရွှေပါပဲ။ ရွှေလိုပဲ တူးဆွလေ တွေ့ရှိလေ…တန်ဖိုးရှိတာတွေ တွေ့လေပေါ့။ အဲဒီခေတ်က လူတွေဟာ ဘာလေးပဲ လုပ်ချင်လုပ်ချင် ဒီခေတ်လို နည်းပညာအကူအညီနဲ့ လွယ်လွယ်ကူကူမရခဲ့ပဲ ကိုယ်တိုင်တီထွင်ကြံဆမှ ရကြတာ များပါတယ်။ အလုပ်ဆိုလည်း အလုပ်မို့လို့၊ ဝါသနာအရ ရုပ်ရှင်ကြည့်ချင်၊ သီချင်းနားထောင်ချင်လည်း သီချင်းမို့လို့ အဲဒီခေတ်က ပစ္စည်းလေးတွေကိုပဲ အကောင်းထင်ပြီး သုံးကြရတာ များပါတယ်။ ဒီလို သုံးတဲ့အထဲက ရှေးဖြစ်ဟောင်းအောက်မေ့ဖွယ်သတိရစရာ ပစ္စည်းလေးတွေကို အမှတ်တရဖော်ပြပေးလိုက်ပါတယ်။

Cassette Tape Head Cleaner
၁၉၇၀ ခုနှစ် အလယ်ပိုင်းလောက်ကနေ ၁၉၉၀ အစောပိုင်းအထိ ကက်ဆက်တိပ်တွေဟာ ကျွန်တော်တို့ရဲ့ရတနာသိုက်ပါပဲ။ တိပ်ခွေထွက်တာနဲ့ ရှာဝယ်ရ၊ ကာဗာကတ်ကူးရ၊ Selection ကူးရနဲ့ ယောက်ယက်ခတ်အလုပ်ရှုပ်ခဲ့ကြတာပါ။ ဒီလို ကက်ဆက်တိပ်တွေနားထောင်တာများတဲ့အခါ Magnetic Heads တွေမှာ ကြေးကပ်တတ်ပါတယ်။ ဒီလို ကြေးကပ်ရင် ဟတ်ဆေးတယ်ဆိုပြီး မြန်မာမှာ ပြောကြပါတယ်။ ဘယ်လိုဆေးလဲဆိုရင်တော့ အရက်ပြန်လေးနဲ့ ပွတ်ပြီးဆေးလို့ ရသလို အခုလို ကက်ဆက်တိပ်ဆေးတဲ့ တိပ်ခွေလေးနဲ့လည်း ဆေးလို့ ရပါတယ်။

CD Lens Cleaner
ကက်ဆက်တိပ်တွေ ဆေးသလိုပဲ၊ CD Disc ကိုလည်း ဆေးလို့ ရပါတယ်။ CD Disc တွေကို လေဆာနဲ့ ဖတ်ရတာ ဖြစ်တဲ့အတွက် ၊ Disc မှာ ဖုန်ကပ်နေရင် အခွေကို ကောင်းကောင်းမဖတ်နိုင်တာလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီလို စက်ထဲ ထည့်ဖွင့်ရတဲ့ Cleaner CD တွေ ပေါ်လာတာ ဖြစ်ပြီး CD မှာပါတဲ့ အမွေးတိုလေးတွေက Lens ပေါ်က ဖုန်တွေကို ဖယ်ရှားပေးတာ ဖြစ်ပါတယ်။

Tape-to-tape deck
၁၉၈၀ ခုနှစ် အလယ်ပိုင်းတွေဆီမှာ သီချင်းတွေကို ပြန်ကူးချင်တယ်ဆိုရင် Tape-to-tape deck လေးတွေက တကယ်အသုံးဝင်တာပါ။ ကိုယ်ကြိုက်တဲ့ သီချင်းတွေကို Record လုပ်ထားလို့ ရသလို ၊ Radio ကလာတဲ့ သီချင်းတွေကိုလည်း ကူးထားလို့ ရတဲ့အတွက် အရမ်းအသုံးဝင်ပါတယ်။

CD Travel Cases
MP3 Player တွေ မပေါ်ခင်က သီချင်းနားထောင်ချင်တဲ့သူတွေရဲ့ ဘဝကို မြင်ယောင်ကြည့်ပါ၊ ခရီးသွားလို့ ရှိရင် ကိုယ်အကြိုက်ဆုံးသီချင်း CD တွေကို CD Cases ကြီးတွေနဲ့ ထည့်ထည့်သွားရတဲ့ ဒုက္ခကို။ ဒါပေမယ့် ဒါတွေဟာလည်း ခေတ်ပါပဲ။ CD Player သယ်ရသလို CD တွေကိုလည်း အိတ်ကြီးအိတ်ငယ်နဲ့ သွားရတာ အဲဒီခေတ်က စိတ်ညစ်စရာမဟုတ်ဘဲ ပျော်စရာလို့ပဲ သဘောထားခဲ့ပါတယ်။

ကိုယ်တွေလို ထူးထူးခြားခြား စုတတ်တဲ့သူတွေက CD Cases ကိုတောင် ထူးခြားရှားပါးတာလေးတွေ ရွေးဝယ်ပြီး သူငယ်ချင်းတွေနဲ့ ပြိုင်ခဲ့ကြဖူးပါတယ်။

Walkman
Sony Walkman ကို ခါးမှာ ချိတ်၊ ဒါမှမဟုတ် ဘောင်းဘီအိတ်ထဲ ထည့်ပြီး ဟန်ပါပါလမ်းလျှောက်ဖူးရင် ရိုက်လိုက်ပါ။ အဲဒီတုန်းက MP3 Player တွေတောင် မပေါ်သေးတဲ့ခေတ်မှာ ဒီလို လျှောက်ရတာ တကယ်ပျော်စရာပါ။ တကယ်တော့ Sony ရဲ့ Walkman ဟာ ပထမဆုံး Personal Cassette Player မဟုတ်ဘဲ ဂျာမန်-ဘရာဇီးသား တီထွင်သူ Andreas Pavel တီထွင်ခဲ့တဲ့ Stereobelt ကအရင်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် Sony ရဲ့ Walkman ကပဲ ခေတ်ဖြစ်ခဲ့တာပါ။ လူအုပ်စုလိုက် ဆိုင်တစ်ဆိုင်မှာ အိမ်မှာ စုဖွင့်ပြီး သီချင်းနားထောင်တဲ့ခေတ်ကနေ တစ်ဦးချင်းတစ်ယောက်ချင်း သီးသန့် လမ်းလျှောက်ရင်း သွားရင်းလာရင်း သီချင်းနားထောင်လို့ ရတဲ့ ခေတ်ကို Sony Walkman က ပြောင်းပေးခဲ့ပါတယ်။

ဒါတွေကတော့ ဟိုတစ်ခေတ်ဆီက လွမ်းမောဖွယ်အသုံးအဆောင်ပစ္စည်းလေးတွေ ဖြစ်ပြီး ဒီခေတ်မှာတော့ ဒီလို ပင်ပန်းဆင်းရဲခံခဲ့ကြတယ်ဆိုတာ သိရင် ရယ်ချင်ပက်ကျိဖြစ်မိမှာပါ။ အခရာပရိသတ် Oldies တွေကရော ဒီပစ္စည်းတွေထဲက ဘယ်တစ်ခုနဲ့ တူတူ ဖြတ်သန်းခဲ့ဖူးပါသလဲ။

Yoe Lu(Akhayar)

Source: BBC.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle