တစ်ခေတ်တစ်ခါကခေတ်စားခဲ့တဲ့ သီချင်းလေး ၅ ပုဒ်
90's သီချင်းတွေပြန်နားထောင်ရင်သီချင်းရဲ့ စာသားလေးလေးတွေကကိုယ့်ရဲ့ခံစားချက်နဲ့ကိုက်ညီရင်လဲ လွမ်းသလိုလိုဆွေးသလိုလိုနဲ့ အရမ်းဆွေးလို့ကောင်းသလိုပျော်လို့လည်းကောင်းပါတယ်။နွေရာသီမှာရောဆွေးလို့ကောင်းပြီး၊တစ်ယောက်တည်းနေတဲ့အချိန်တွေပိုနားထောင်လို့ကောင်းလို့ သီချင်းဟောင်း ၅ပုဒ်လေးပြောပြပေးချင်ပါတယ်။
Greyson Chance – Sunshine And City Light
ဒီသီချင်းလေးက ဘော်ဒါတွေနဲ့အတူ Night Out တွက်ရင်ကားပေါ်မှာဖွင့်ပြီးနားထောင်လို့ကောင်းတဲ့လူငယ်သီချင်းလေးတစ်ပုဒ်ပါ။အခုချိန်မှာဒီလိုသီချင်းလေးတွေနားထောင်းပြီ အရင်တုန်းကအပြင်ထွက်ပြီးကဲထားတဲ့အငွေ့အသက်လေးကိုခံစားမိအောင်လို့ရွေးပေးထားတာပါ။
Bread – If
If သီချင်းလေးက ချစ်သူနှစ်ဦးကြားချစ်ကြောင်းတွေကိုဖော်ကျူးထားတဲကသီချင်းအမျိုးအစားလေးပါ။စာသားလေးကလည်း အရမ်းကိုရိုချင်စရာကောင်းအောင်ရေးထားတာတွေ့ရတယ်။အဲ့ကြောင့်ကိုယ့်ရဲ့ချစ်သူလေးကိုသတိရနေတယ်ဆိုရင်အခုပဲနားထောင်လိုက်တော့နော်။
The Platters –Only You
အကြိုက်ဆုံးသီချင်းတစ်ပုဒ်ဆိုလဲမမှားပါဘူး။ဘာလို့ကြိုက်လဲဆိုရင်တော်ယုံတန်ယုံဆိုဖို့ခက်တဲ့သီချင်းမျိုးဖြစ်ပြီးဟိုအတိတ်ကပြန်လွမ်းစရာကောင်းအောင် သီဆိုထားတာမို့တစ်စုံတစ်ယောက်ကို အရမ်းလည်းလွမ်းမိသလို၊အိပ်ရာဝင်တေးတစ်ပုဒ်လည်းဖြစ်နိုင်ပါတယ်နော်။
Lenka- Trouble is friend
ဒီသီချင်းလေးကတော်တော်များများလည်းနားထောင်ဖူးမယ်လို့ထင်တယ်။တော်တော်လည်းလူကြိုက်များတဲ့သီချင်းကောင်းလေးတစ်ပုဒ်ပေါ့နော်။ကောင်လေးသူငယ်ချင်းတစ်ယောက်ကိုသူ့ဘက်ကချစ်တဲ့အချစ်တွေအကြောင်းသီဆိုထားတဲ့သီချင်းလေးတစ်ပုဒ်လည်းဖြစ်တယ်။
Paul Anka- Put Your Head On My Shoulder
Paul Anka ဆိုတာနဲ့လူတိုင်လည်းသိပြီးသားဖြစ်မှာပါ။ရုပ်လေးကလည်းခန့်၊အသံလေးကလည်းတစ်မူထူးခြားနေတော့ခေတ်တစ်ခေတ်ရဲ့သီချင်းလောကမှာတော့ဆရာတစ်ပါးပေါ့။အခုချိန်ထိလည်းခေတ်စားနေတဲ့သူတစ်ယောက်ပါ။ဒီသီချင်းလေးက ချစ်သူရည်းစားအချစ်သီချင်းမျိုးဖြစ်ပြီး၊စာသားလေးတွေကလည်းကောင်လေးအပေါ်မှာအားကိုးစရာဖြစ်အောင်သိဆိုထားပါတယ်။
Kelly (Akhayar Lifestyle)