ပြဿနာတွေတက်လို့ ခေတ္တပိတ်ပါထားလိုက်ရတဲ့ Omen
Omen က Bug တွေအတော်တက်နေပါပြီ။ Riot က တောင်ပိတ်ယူလိုက်ရတဲ့အဆင့်ထိရောက်ရှိနေပါတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်ကတည်းက Omen ဟာ Game မှာအတော်လေး Bug ထနေခဲ့တာပါ။ Riot ကနေ Temporary Fix ထုတ်ပေးခဲ့ပေမယ့်လည်း Omen က သောင်းကျန်းဆဲသောင်းကျန်းလျက်ရှိပြီး၊ Bug ပေါ်မှာ Bug တွေထပ်ဆင့်အကယ်ဒမီရနေတာကြောင့်နောက်ဆုံးတော့ ဆော့လို့မရအောင် ခေတ္တခဏပိတ်လိုက်ရပါပြီ။
ယခုတစ်ပတ် အစောပိုင်းကာလအတွင်းမှာပဲ Valorant ရဲ့ ရေပန်းစား Agent တစ်ယောက်ဖြစ်တဲ့ Omen ဟာ ပစ်မရ၊ ပြုမရ သွေးမလျော့တဲ့ Bug တွေတက်နေပါတယ်။ ဖြစ်ပုံက Omen ရဲ့ Ultimate ကိုပွဲပြီးတဲ့အခါသုံးလိုက်ပြီး Cancel ဖြစ်သွားအောင်လုပ်လိုက်နိုင်တာနဲ့ Omen ဟာ နောက်ပွဲတွေမှာ သူ့ကိုဘယ်သူမှအသေသတ်မရတော့တာပါ။
ဒီ Bug မတိုင်ခင်မှာလည်း Omen ဟာ Spawn Barriers တွေကိုကျော်ပြီး Teleport လို့ရနေတာကြောင့် Players တွေအတော်များများ Riot ကိုတိုင်တန်းခဲ့ကြပါသေးတယ်။ ဒီလို Bug တွေဟာ FPS Shooter ဆော့ကစားနေတဲ့သူတွေအတွက် တရားမမျှတတဲ့ ပွဲတွေဖြစ်လာတာကြောင့် အခုလိုမျိုး Omen ကို ပိတ်ပင်လိုက်ရတဲ့အထိ ဖြစ်လာတာပါ။
What we thought was a map bug for Omen teleporting past the spawn barriers... is actually an issue with Omen, so we're disabling him until we have a _real_ fix. Which is hopefully tomorrow.
— VALORANT (@PlayVALORANT) September 3, 2020
Sorry for all of the disruptions.
လက်ရှိအချိန်မှာတော့ Valorant ရဲ့ သတင်းထုတ်ပြန်ချက်အရ ဒီ Bug ကိုသိပ်မကြာခင်မှာပဲ ပြင်ပေးနိုင်မယ့် Fix တစ်ခုထုတ်လုပ်ပေးသွားမှာဖြစ်ပြီး၊ မထုတ်ပေးနိုင်ခင်အထိတော့ Omen ကိုင်ပြီး ဆော့ကစားနိုင်မှာမဟုတ်ဘူးလို့ သိရှိထားရပါတယ်။
Ref: Dot Esports