စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ (၁) သိန်း ချီးမြှင့်သွားမယ့် အွန်လိုင်း Dota2 ပြိုင်ပွဲ ONE Esports SEA League

စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ (၁) သိန်း ချီးမြှင့်သွားမယ့် အွန်လိုင်း Dota2 ပြိုင်ပွဲ ONE Esports SEA League

စင်ကာပူ အခြေစိုက် Esports ပြိုင်ပွဲများ ကျင်းပရေး အဖွဲ့အစည်း ONE Esports နဲ့ မလေးရှား အခြေစိုက် Esports ပြိုင်ပွဲများ ကျင်းပရေး အဖွဲ့အစည်း IO Esports တို့ ပူးတွဲ ကျင်းပသွားမယ့် SEA Dota2 League အွန်လိုင်း ပြိုင်ပွဲကြီးကို ဇွန်လ ၁၈ ရက်ကနေ ဇူလိုင်လ ၁၉ ရက်နေ့ အထိ ကျင်းပသွားမှာ ဖြစ်ပြီး စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ (၁) သိန်း ချီးမြှင့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ONE Esports SEA League ပြိုင်ပွဲကြီးမှာ SEA အခြေစိုက် Dota2 အသင်းပေါင်း (၁၀) သင်း ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်ပြီး ဖိတ်ခေါ် အသင်း (၇) သင်း၊ လက်ရည်စစ်ပွဲတွေ တစ်ဆင့် တက်လှမ်းလာတဲ့ အသင်း (၃) သင်း ပါဝင် ယှဉ်ပြိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

ONE Esports Dota2 SEA League ရဲ့ လက်ရည်စစ်ပွဲတွေမှာ ယှဉ်ပြိုင်ချင်တယ် ဆိုရင်တော့ အသင်း တစ်သင်းမှာ ဩစတျေးလျ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုးနီးရှား၊ ဂျပန်၊ ကိုရီးယား၊ လာအို၊ မလေးရှား၊ မြန်မာ၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တီမော၊ ထိုင်း၊ ဗီယက်နမ်စတဲ့ ဒေသတွေမှ အနည်းဆုံး ကစားသမား သုံးဦး ပါဝင်ရမှာ ဖြစ်ပါတယ်။

ONE Esports Dota2 SEA League အွန်လိုင်းပြိုင်ပွဲရဲ့ ပထမ လက်ရည်စစ်ပွဲကို ဇွန်လ ၄ ရက်နေ့ကနေ ၅ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး အဆိုပါ လက်ရည်စစ်ပွဲကနေ တက်လှမ်းလာတဲ့ အသင်း နှစ်သင်း၊ ဇွန်လ ၆ ရက်နေ့ကနေ ၇ ရက်နေ့အထိ ကျင်းပသွားမယ့် ဒုတိယ လက်ရည်စစ်ပွဲကနေ တက်လှမ်းလာတဲ့ အသင်း တစ်သင်း အနေနဲ့ ဖိတ်ခေါ် အသင်း ၇ သင်းနဲ့ အတူ ဇွန်လ ၁၈ ရက်နေ့မှာ စတင် ကျင်းပသွားမယ့် ONE Esports Dota2 SEA League Regular Season မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

ONE Esports Dota2 SEA League အွန်လိုင်း ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ အတွက် တိုက်ရိုက် ဖိတ်ခေါ်ခြင်း ခံယူနိုင်ခဲ့တဲ့ အသင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Fnatic
  • TNC Predator
  • Team Adroit
  • BOOM Esports
  • Geek Fam
  • T1
  • Reality Rift

တကယ်လို့ သင့်အနေနဲ့ ဇွန်လ ၄ ရက်နေ့မှာ စတင် ကျင်းပသွားမယ့် လက်ရည်စစ်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ချင်တယ် ဆိုရင်တော့ မေလ ၂၂ ရက်နေ့ကနေ စတင်ကာ  ဒီလင့်ကနေ တစ်ဆင့် Register ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ