ဆုကြေးငွေ ဒေါ်လာ တစ်သိန်းခွဲ ချီးမြှင့်သွားမယ့် MLBB ပြိုင်ပွဲကို ကျင်းပသွားမယ့် ONE Esports

ဆုကြေးငွေ ဒေါ်လာ တစ်သိန်းခွဲ ချီးမြှင့်သွားမယ့် MLBB ပြိုင်ပွဲကို ကျင်းပသွားမယ့် ONE Esports

ONE Esports ဆိုတာကတော့ စင်ကာပူနိုင်ငံ အခြေစိုက် Tournament Organizer အဖွဲ့အစည်း တစ်ခုပဲ ဖြစ်ပါတယ်။ ONE Esports အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ ONE Esports Dota 2 World Pro Invitational Singapore ပြိုင်ပွဲကို စင်ကာပူနိုင်ငံမှာ ကျင်းပသွားခဲ့သလို ONE Esports Dota 2 World Pro Invitational Jakarta ပြိုင်ပွဲကိုလည်း ၂၀၂၀ ခုနှစ်၊ ဧပြီလအတွင်းမှာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ONE Esports Dota 2 World Pro Invitational Singapore

Dota 2 လောကထဲမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နိုင်ခဲ့ပြီဖြစ်တဲ့ ONE Esports အနေနဲ့ MLBB လောကထဲကိုပါ ဝင်ရောက်နိုင်ဖို့ စတင် ကြိုးပမ်းမှုတွေကို ပြုလုပ်လာခဲ့ပြီ ဖြစ်ပါတယ်။ ONE Esports ဘက်မှ ထုတ်ပြန် ကြေငြာချက်များအရ ONE Esports Mobile Legends: Bang Bang Invitational ပြိုင်ပွဲကြီးကို ၂၀၂၀ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ကနေ ၅ ရက်နေ့ အထိ ကျင်းပသွားမှာဖြစ်ပြီး စုစုပေါင်း ဆုကြေးငွေ အမေရိကန်ဒေါ်လာ တစ်သိန်းခွဲခန့် ပေးအပ် ချီးမြှင့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ONE Esports Dota 2 World Pro Invitational Jakarta

Mobile Legends: Bang Bang Invitational ပြိုင်ပွဲကြီးကို ကျင်းပဖို့ စီစဥ်ခဲ့ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သတ်ပြီး ONE Esports ရဲ့ CEO ဖြစ်သူ Carlos Alimurung ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“အရှေ့တောင်အာရှမှာ Mobile Esports အနေနဲ့ တဟုန်ထိုး တိုးတက်လာခဲ့ပြီ ဖြစ်သလို MLBB အနေနဲ့လည်း အရှေ့တောင်အာရှရဲ့ လူကြိုက်အများဆုံး Mobile Games တွေ အထဲမှာ တစ်ခု အပါအဝင် အဖြစ်လည်း ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ ONE Esports အနေနဲ့ ကမ္ဘာ့အကောင်းဆုံး MLBB အသင်းတွေ ယခု ကျင်းပသွားမယ့် ပြိုင်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့် ရရှိအောင် ကြိုးပမ်းသွားမှာဖြစ်တဲ့ အပြင် ခမ်းနား ကြီးကျယ်တဲ့ MLBB ပြိုင်ပွဲကြီး တစ်ခု အဖြစ် ကျင်းပနိုင်ရေး အတွက်လည်း ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

ONE Esports Mobile Legends: Bang Bang Invitational

ONE Esports MLBB Invitational ပြိုင်ပွဲကြီးရဲ့ Main Event ပွဲစဥ်တွေကို ဇူလိုင်လ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပေမယ့် ဒေသတွင်း လက်ရည်စစ်ပွဲတွေကိုတော့ မေလ ၂ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ONE Esports MLBB Invitational ပြိုင်ပွဲကြီး ကျင်းပသွားမယ့် နေရာကို လက်ရှိအချိန်ထိ တရားဝင် ထုတ်ပြန် ကြေငြာခြင်း မရှိသေးပေမယ့် မကြာခင် အချိန်အတွင်းမှာ ကြေငြာပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

REF: OneEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle