ONE Esports MLBB Invitational ပြိုင်ပွဲ ကျင်းပမယ့်ရက်ကို ရွေ့ဆိုင်းလိုက်ပြီ

ONE Esports MLBB Invitational ပြိုင်ပွဲ ကျင်းပမယ့်ရက်ကို ရွေ့ဆိုင်းလိုက်ပြီ

ONE Esports Mobile Legends: Bang Bang Invitational ပြိုင်ပွဲကို မူလပထမက ဇူလိုင်လ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ အင်ဒိုးနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်မှာ ကျင်းပသွားဖို့ စီစဉ်ထားပေမယ့် လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပြန့်ပွားမှုတွေ ရပ်တန့်သွားခြင်း မရှိသေးတာကြောင့် ရက်ရွေ့ဆိုင်းသွားဖို့ အတွက် Moonton နဲ့ ONE Esports တို့ အနေနဲ့ အခုလို ဆုံးဖြတ်ချက်ချလိုက်ရတာ ဖြစ်ပါတယ်။

ONE Esports MLBB Invitational ပြိုင်ပွဲ ကျင်းပမယ့် နေ့ရက်ကို ရွေ့ဆိုင်းလိုက်ရခြင်းနဲ့ ပတ်သတ်ပြီး ONE Esports ရဲ့ တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ Benni Agus Chandra ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“အင်ဒိုနီးရှား နိုင်ငံတွင်း လူစုလူဝေးကို ဖြစ်ပွားစေတဲ့ အခမ်းအနားတွေ၊ ပြိုင်ပွဲတွေ ကျင်းပခွင့်ကို လက်ရှိအချိန်မှာ ပိတ်ပင်ထားပါတယ်။ ဒါကြောင့် ONE Esports MLBB Invitational ပြိုင်ပွဲကို ရက်ရွေ့ဆိုင်း ကျင်းပဖို့ အတွက် ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။”

ဒါ့အပြင် ONE Esports ရဲ့ CEO ဖြစ်သူ Carlos Alimurng အနေနဲ့လည်း အဆိုပါ ဖြစ်ရပ်နဲ့ ပတ်သတ်ပြီး အောက်ပါအတိုင်း ထုတ်ပြန် ကြေညာသွားခဲ့ပါတယ်။

“ONE Esports အနေနဲ့ Dota2 နဲ့ Mobile Legends: Bang Bang ပရိသတ်တွေ အတွက် အကောင်းမွန်ဆုံးသော ပြိုင်ပွဲတွေကိုသာ ကျင်းပပေးနိုင်ဖို့ စီစဉ်လျက် ရှိပါတယ်။ လက်ရှိအချိန်မှာ ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ ဝန်ထမ်းတွေ၊ ပြိုင်ပွဲဝင် ကစားသမားတွေ၊ ပရိသတ်တွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေး အခြေအနေကို ထောက်ရှုပြီး အခုလို ပြိုင်ပွဲ ကျင်းပမယ့် နေ့ရက်ကို နောက်ဆုတ်ဖို့ အတွက် ဆုံးဖြတ်လိုက်ရတာ ဖြစ်ပါတယ်။”

လက်ရှိအချိန်မှာ ONE Esports အပြင် Moonton ဘက်ကပါ ပြိုင်ပွဲ ကျင်းပသွားမယ့် နေ့ရက်ကို ပြန်လည် ကြေညာခြင်း မရှိသေးပေမယ့် အွန်လိုင်း လက်ရည်စစ်ပွဲတွေကို ပုံမှန် အတိုင်း ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

REF: OneEsports, VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle