One Esports SEA League ရဲ့ ချန်ပီယံဆုကို ဆွတ်ခူးရရှိသွားတဲ့ Geek Fam

One Esports SEA League ရဲ့ ချန်ပီယံဆုကို ဆွတ်ခူးရရှိသွားတဲ့ Geek Fam

One Esports SEA League ရဲ့ Grand Finals Best of 5 ကို Geek Fam နဲ့ Fnatic တို့ဟာ ဇူလိုင်လ ၁၉ ရက်နေ့မှာ ယှဥ်ပြိုင်ကစားခဲ့ကြပါတယ်။ ပွဲကြပ်တွေ တွေ့လာတဲ့ Geek Fam ဟာ အံ့သြစရာကောင်းလောက်တဲ့ ကစားကွက်တွေနဲ့အတူ Fnatic ကို 3-1 result နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Upper Bracket Finals မှာ SEA ရဲ့ အကြိတ်အနယ်ယှဥ်ပြိုင်လာတဲ့ TNC Predator ဟာ Fnatic ကို 2-1 Result နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ Lower Bracket Finals မှာတော့ TNC Predator နဲ့ Geek Fam တို့ ယှဥ်ပြိုင်ကစားကြပြီး၊ မမျှော်လင့်စရာကောင်းလောက်အောင် သေသပ်တဲ့ကစားကွက်တွေနဲ့အတူ TNC Predator ကို Clean 2-0 ကစားပြနိုင်ခဲ့ပါတယ်။

Grand Finals Best of 5 မှာလည်း SEA ထိပ်တန်းအသင်း Fnatic နဲ့ အကြိတ်အနယ် ယှဥ်ပြိုင်ခဲ့ပါတယ်။ Game 1 မှာတော့ Fnatic ဟာ Early game မှာ Batrider, Leshrac တို့နဲ့ ဂိမ်းကို snowball လုပ်သွားနိုင်ခဲ့ပေမယ့်၊ High ground battle တွေမှာ ဆုံးဖြတ်ချက်မှားယွင်းမှုတွေ၊ Late push မှာ Teamfight ပျက်သွားတာတွေကြောင့် Geek Fam ဘက်က Naga Siren ဟာ Late game မှာ အသားစီးရပြီးတော့ ရှုံးနိမ့်ခဲ့ပါတယ်။

Game 2 မှာတော့ နှစ်ဘက်စလုံး Four-protect-one ပုံစံနဲ့ Fnatic ဘက်ကနေ Disruptor, Tiny ကို Support, Puck တို့နဲ့ ပွဲထိန်းထားပြီး 23savage ရဲ့ Phantom Lancer ကို Space ပေးပြီး Battle လိုက်ဆိုင်နေခဲ့သလို၊ Geek Fam ဘက်ကလည်း Mirana, Sand King, Pangolier စ တဲ့ Mid-game ကြမ်းတဲ့ Hero တွေနဲ့ ပွဲထုတ်လာခဲ့ပြီး Terroblade အတွက် Space တွေပေးခဲ့ပါတယ်။ Geek Fam ဘက်ကနေ Mid-game မှာ Aggressive ကစားခဲ့ပြီး Space တွေရအောင်ပေးခဲ့ပေမယ့် Teamfight မှာ Phantom Lancer ကပိုသာပြီး Puck ရဲ့ Silence နဲ့ တွေ၊ Tiny ရဲ့ Toss ချက်တွေအောက်မှာ Teamfight တွေပျက်ပြီး Game 2 ကိုတော့ Fnatic က အနိုင်ရယူခဲ့ပါတယ်။

Game 3 မှာ Fnatic ဘက်က Lifestealer နဲ့ Puck ကိုအထောင်ကစားပြီး Iceiceice Offlane ကိုထုံးစံအတိုင်း Abbadon ပဲပေးထားခဲ့ပါတယ်။ Geek Fam ဘက်မှာတော့ Mid ကို Dragon Knight နဲ့ Game 2 မှာအဆင်သိပ်မပြေခဲ့တဲ့ Terrorblade နဲ့ပဲဆက်ပြီးပွဲထွက်လာခဲ့ပါတယ်။ ဒီပွဲက အတော်ကိုကြည့်ကောင်းတယ်လို့ဆိုရပါမယ်။ Kuku^ LC ရဲ့ Duel ဖမ်းချက်တွေ၊ Tiny ဝင်နှောင့်တာတွေဟာ အတော်လေးကို Teamfight သာစေတာကြောင့် Terrorblade က သိပ်ပြီးတောင် Farm မနေတော့ဘဲ Teamfight တွေလိုက်လာတာကို မြင်တွေ့ခဲ့ရပါတယ်။ Fnatic ဘက်က Roshan တွေယူ၊ Puck နဲ့ ဖမ်း၊ Treant Protector နဲ့ ပွဲတွေထိန်းထားပေမယ့် Iceiceice ကတော့ ဒီပွဲမှာ လုံးဝအခြေအနေမကောင်းခဲ့ပါဘူး။ Iceiceice Abbadon ရဲ့ ကယ်မှာတွေ ဝင်ဖျက်မှာတွေ မလိုလားတဲ့ Geek Fam ဟာ မြင်တာနဲ့ တန်းဖျောက်အကွက်တွေသုံးခဲ့တာမို့ ထင်သလိုအဆင်မပြေဘဲ Game 3 ကို Geek Fam ကပဲ အနိုင်ယူသွားခဲ့ပါတယ်။

Game 4 မှာတော့ Hero ရွေးချယ်မှု မှန်ကန်တယ်ဆိုပေမယ့် အမှားများလွန်းတဲ့ Fnatic ဟာ Early ပိုင်းမှာကတည်းက Dragon Knight နဲ့ Snapfire တို့ တဖြုတ်ဖြုတ်သေပြီး Mid-game မှာဆိုလည်း Fury နဲ့ Manta Style နှစ်ခုပဲရသေးတဲ့ Geek Fam ဘက်က Anti-Mage ဟာ Ultra Kill တောင်ယူပြသွားပါသေးတယ်။ Morphling နဲ့ ES Combo လုပ်မယ်လို့စိတ်ကူးထားတဲ့ Fnatic ဟာ မှန်းချက်နဲ့ နှမ်းထွက်လုံးဝမကိုက်ခဲ့ပါဘူး။

၂၆ မိနစ်နားလောက်မှာတင် Fnatic က Hero kill ၆ ခါ၊ Geek Fam ဘက်က Hero kill ၂၉ ခါနဲ့ အပြတ်အသတ်ကို ကွာနေခဲ့ပါတယ်။ မိနစ် ၃၀ နားလောက်မှာလည်း 23savage ရဲ့ Morphling ဟာ Team နဲ့အတူရှိမနေတာတွေ၊ တစ်ဘက်အသင်းကို တစ်ယောက်တည်း စွတ် dive တာတွေဟာ အတော့်ကိုမှားယွင်းတဲ့ plays တွေလို့ဆိုရမှာပါ။ ၄၃ မိနစ်မှာတော့ 44K Net Worth Lead နဲ့အတူ Geek Fam ဘက်က High Ground တက်ပြီး Fnatic ကိုအနိုင်ရယူခဲ့လိုက်နိုင်ပါတယ်။

Game 4 အပြီးမှာတော့ 3-1 Result နဲ့ Geek Fam ဟာ One Esports SEA League ရဲ့ ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိသွားခဲ့ပါတယ်။ SEA ထိပ်တန်းအသင်းနှစ်သင်းဖြစ်တဲ့ TNC Predator နဲ့ Fnatic တို့ကို အခုလိုမျိုး ဖြုတ်ချသွားခဲ့ပြီး ချန်ပီယံဆုကို ရရှိလာမယ်လို့ မထင်ထားပေမယ့် Dota မှာ ဘာမှအသေအချာပြောလို့မရဘူးဆိုတာကို Geek Fam က သက်သေပြခဲ့ပြီပဲဖြစ်ပါတယ်။ Geek Fam ဟာ BTS Pro Series Season 2: SEA မှာလည်း ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ပြီး အခုအခါမှာလည်း ဒုတိယမြောက် ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့တာပဲဖြစ်ပါတယ်။