Onepay Company Limited မှ နေ့စဉ်လူနေမှုဘဝနှင့် ငွေကြေးဆိုင်ရာတို့ကို ပေါင်းစပ်ထားသည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော မိုဘိုင်းလ် Super App ကို စတင်မိတ်ဆက်
နေ့စဉ်လူနေမှုဘဝနှင့် ငွေကြေးဆိုင်ရာတို့ကို ပေါင်းစပ်ထားသည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော မိုဘိုင်းလ် Super App ကို စတင်မိတ်ဆက်သည့် အခမ်းအနားကို ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Pullman Yangon ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ Onepay သည် အသုံးပြုသူများနှင့် စီးပွားရေး လုပ်ငန်းများအတွက် ငွေကြေးလွှဲပြောင်းနိုင်စေရန် ချိတ်ဆက်ပေးသော နေ့စဉ်လူမှုဘဝတွင် အသုံးပြုနိုင်သည့် အလုံးစုံပါဝင်သည့် SuperApp တစ်ခု ဖြစ်ပြီး OnePay ၏ ရည်ရွယ်ချက်သည် ငွေကြေးနှင့်ပတ်သက်၍ နေ့စဉ်လူနေမှုဘဝအတွက် လိုအပ်သောလုပ်ငန်းဆောင်တာများဖြစ်သည့် ကားလက်မှတ်ဝယ်ယူခြင်း၊ ဘေလ်များ ပေးချေခြင်း၊ အစားအသောက်မှာယူခြင်းနှင့် မိမိတို့နှစ်သက်ရာ လူမှုအသင်းအဖွဲ့များထံ လှူဒါန်းခြင်းများကို သက်တောင့်သက်သာဖြစ်စေရန်၊ ပိုမိုအဆင်ပြေချောမွေ့စေရန်နှင့် လျှင်မြန်လွယ်ကူစေရန်တို့အတွက် ရည်ရွယ်ခြင်း ဖြစ်ပါသည်။
ဤ app ကို မှတ်ပုံတင်ထားသော ဆင်းမ်ကတ်နှင့် စမတ်ဖုန်း ရှိသူတိုင်း အသုံးပြုနိုင်မည်ဖြစ်ပြီး အသုံးပြုသူများ အဆင်ပြေမှုရှိစေရန် Onepay သည် နေ့စဉ်လူနေမှုဘဝ ဝန်ဆောင်မှုများကို လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးထားပါသည်။ MM Bus Ticket, First National Insurance, Food2u, World Wildlife Fund, Htoo Foundation, Yangon United Sports Complex, Flymya နှင့် rgo 47 ကဲ့သို့သော မိတ်ဖက်လုပ်ငန်းများက ပေးနေသည့် နေ့စဉ်လူနေမှုဘဝအတွက် အရေးပါသောဝန်ဆောင်မှုများကို Onepay တွင် စီစစ်ရွေးချယ်ကာ ရယူနိုင်ပါသည်။
Onepay app ကို အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (AGD) မှ ဘဏ်လုပ်ငန်းမိတ်ဖက်အနေဖြင့် ပူးပေါင်းပါဝင် ထားပြီး လုံခြုံစိတ်ချရသောဝန်ဆောင်မှုများ၊ ခိုင်မာသည့်ရပ်တည်ချက်များဖြင့် တည်ဆောက်နိုင်ရန် ပံ့ပိုးကူညီထား ပါသည်။နည်းပညာတိုးတက်လာမှုကြောင့်သော်လည်းကောင်း၊ မိုဘိုင်းလ်ဖုန်းနှင့် အင်တာနက်အသုံးပြုနိုင်မှုများ အရှိန်အဟုန် ဖြင့်တိုးတက်လာမှုများကြောင့်သော်လည်းကောင်း မြန်မာနိုင်ငံရှိ ငွေပေးချေမှုပုံစံသည် မိုဘိုင်းလ်ငွေပေးချေမှုသို့ တဖြေးဖြေး ဦးတည်လျက်ရှိပါသည်။ ဤကဲ့သို့သော ပြောင်းလဲမှုများသည် မြန်မာနိုင်ငံ၏ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများပေးနေသည့်ကဏ္ဍအပေါ်သို့ အကျိုးသက်ရောက်မှုများစွာ ဖြစ်စေပါသည်။
Onepay app ကို android နှင့်ဖြစ်စေ၊ iOS နှင့်ဖြစ်စေ အသုံးပြုနိုင်မည်ဖြစ်ပြီး app ကို playstore နှင့် apple app store အသီးသီးမှ download ရယူနိုင်ပါသည်။ Onepay အကြောင်းကိုပိုမိုပြည့်စုံစွာသိရှိနိုင်ရန်နှင့် app ကို download လုပ်ရန် Onepay ၏ တရားဝင်စာမျက်နှာ www.onepay.com.mm ကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။