PUBG Mobile ကို OnePlus ဖုန်းတွေမှာ 90 FPS နဲ့ ဆော့နိုင်တော့မည်

PUBG Mobile ကို OnePlus ဖုန်းတွေမှာ 90 FPS နဲ့ ဆော့နိုင်တော့မည်

OnePlus ဟာ လွန်ခဲ့တဲ့ လ အနည်းငယ်လောက်က Epic Games နဲ့ပူးပေါင်းပြီး Fortnite Battle Royale ကို 90 FPS နဲ့ ဆော့နိုင်အောင် ပြုလုပ်ပေးခဲ့ပါတယ်။ တကယ်ဆို Fortnite ဟာ Console တွေမှာတောင် 60 FPS အထိပဲ Limit လုပ်ထားတာကြောင့် OnePlus ဟာ Mobile Gaming မှာ အံ့အားသင့်စရာကောင်းလောက်အောင် တိုးတက်ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။

အခုအချိန်မှာလည်း OnePlus ဟာ Tencent Games နဲ့ပူးပေါင်းပြီး PUBG Mobile ကို 90 FPS နဲ့ စ တင်ဆော့ကစားနိုင်တော့မှာဖြစ်ပါတယ်။ OnePlus သမားတွေဟာ ဒီ 90 FPS ကို ဆော့ဖို့အတွက် စောင့်ဆိုင်းနေစရာမလိုတော့ဘူးဆိုတာကိုလည်း OnePlus Forum က ကြေညာချက်အရ သိရှိထားရပါသေးတယ်။

OnePlus 8 သမားတွေ၊ OnePlus 7T နဲ့ OnePlus 7 Pro စမတ်ဖုန်းတွေကို ပိုင်ဆိုင်ထားတဲ့သူတွေဟာ အခု PUBG Mobile ရဲ့ 90 FPS ကို သြဂုတ်လ ၆ ရက်ကနေ စက်တင်ဘာ ၇ ရက်နေ့အထိ စတင် စမ်းသပ်ဆော့ကစားနိုင်ပြီပဲဖြစ်ပါတယ်။

90 FPS ဟာ ပတ်ဝန်းကျင်ကိုကြည့်တာ၊ Scope ကိုအသုံးပြုတာ၊ ရန်သူတွေကို လိုက်ရှာတဲ့အခါမှာ သူများတွေထက် တစ်ပန်းသာမှာ အသေအချာပါပဲ လို့လည်း ပြောကြားထားပါသေးတယ်။

Reference: Mobile Mode Gaming, OnePlus Forum