ဆုတံဆိပ်တွေ လျှော့ဈေးတွေနဲ့ VIP လိုခံစားနိုင်မယ့် Ooredoo VIP အစီအစဉ်

ဆုတံဆိပ်တွေ လျှော့ဈေးတွေနဲ့ VIP လိုခံစားနိုင်မယ့် Ooredoo VIP အစီအစဉ်

အရင်တုန်းကဆိုရင် မိုဘိုင်းဖုန်းဆင်းကတ်တွေဟာ သိန်းဆယ်ဂဏန်းအထိ ရှိတာမို့ လူတိုင်းဖုန်းကိုင်နိုင်ဖို့ မလွယ်ပါဘူး။ မိုဘိုင်းဖုန်းဆိုတာ လူကုံထံအသိုင်းအဝိုင်းကပဲ အသုံးပြုနိုင်ပြီး သာမန်လူတန်းစားတွေအနေနဲ့ အလှမ်းဝေးခဲ့တာ အားလုံးအသိပါ။ ဒါပေမယ့် မိုးဘိုင်းဖုန်းဆင်းကတ်တွေဟာ တဖြည်းဖြည်းဈေးနှုန်းသက်သာလာပြီး ဆက်သွယ်ရေးအော်ပရေတာတွေကလည်း မြန်မာနိုင်ငံကို ဝင်ရောက်လာတဲ့အတွက် လက်ရှိအချိန်မှာတော့ ဆင်းကတ်ကို လူတိုင်းဝယ်နိုင်တဲ့ အခြေအနေကို ရောက်ရှိလာပြီပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အကြီးဆုံးဆက်သွယ်ရေးအော်ပရေတာဖြစ်တဲ့ Ooredoo Myanmar ဟာ မြန်ဆန်ကောင်းမွန်တဲ့ စနစ်၊ ဈေးနှုန်းသက်သာတဲ့ နှုန်းထားတွေနဲ့ ဝန်ဆောင်မှုပေးနေတာ အားလုံးအသိပဲဖြစ်ပါတယ်။ Ooredoo Myanmar ဟာ သုံးစွဲသူတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ဆုလက်ဆောင်တွေ ပေးအပ်နေတဲ့ Ooredoo VIP အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ My Ooredoo App မှာ VIP Icon ကို နှိပ်ပြီး အစီအစဉ်မှာ ပါဝင်နိုင်ပါတယ်။ ကိုယ့်ဖုန်းမှာ ငွေတစ်ခါဖြည့်လိုက်တာနဲ့ ရမှတ်တွေ တိုးသွားမှာဖြစ်ပြီး ဆုလက်ဆောင်တွေ လဲလှယ်နိုင်ပါတယ်။ ပြီးတော့ The Pizza Company ၊ Power House Fitness ၊ YGN Gym ၊ Hla Day Craft and Design ၊ Chilli Pot နဲ့ Bliss Beauty Bar တို့လို Ooredoo Myanmar နဲ့ ချိတ်ဆက်ထားတဲ့ ဆိုင် (၁ဝဝ) ကျော်မှာလည်း အထူးလျော့ဈေးတွေ ရရှိနိုင်မှာဖြစ်ပါတယ်။ အဲဒါကတော့ Ooredoo VIP တွေပဲ ရရှိနိုင်မယ့် အခွင့်အရေးပါ။ အမှတ်ထဲက ဖြတ်သွားမှာမဟုတ်ပါဘူး။ Ooredoo သုံးစွဲသူတွေဟာ နေရာတိုင်းမှာ VIP ဖြစ်နိုင်တဲ့သဘောပါပဲ။

My Ooredoo App ရဲ့ Ooredoo VIP အစီအစဉ်မှာ စာရင်းသွင်းလိုက်ရုံနဲ့ ကြိုဆိုအမှတ် (၅ဝ) ကို အခမဲ့ရရှိမှာဖြစ်ပါတယ်။ ပြီးတော့ ဖုန်းငွေ (၁,ဝဝဝ) ကျပ်ဖြည့်လိုက်တိုင်း Ooredoo VIP တွေအတွက် (၁ဝ) မှတ်ရရှိမှာဖြစ်ပါတယ်။ Ooredoo VIP မှာ VIP ၊ VIP Silver ၊ VIP Gold ၊ VIP Platinum နဲ့ VIP Platinum Plus ဆိုပြီး level (၅)ခုခွဲခြားထားပါတယ်။ VIP level မြင့်လာတာနဲ့ ရမှတ်မြန်မြန်ရလေ ဖြစ်ပါတယ်။ VIP Platinum ဆိုရင် ဖုန်းငွေ (၁,ဝဝဝ) ကျပ်ဖြည့်လိုက်တိုင်း (၁၅) မှတ်ရရှိနိုင်သလို VIP Platinum Plus မှာတော့ (၂ဝ) မှတ်အထိ ခံစားနိုင်မှာပါ။ ရရှိထားတဲ့ အမှတ်တွေအတွက် Spin the Wheel ကစားနိုင်ပြီး  50GB data အထိလည်း ကံထူးနိုင်ပါတယ်။ အခုဆိုရင် Spin the Wheel ကို data pack တစ်ခါ ဝယ်ယူပြီးတိုင်းလည်း ကစားနိုင်ပြီဖြစ်ပြီး ၅၀၀၀ ကျပ်ကနေ ၁၀၀၀၀၀ ကျပ်အထိ ငွေသားဆုတွေကို နေ့တိုင်း ကျပ်သိန်း ၂၀ အထိ ရယူနိုင်မှာပါ။ ဒ့ါကြောင့် data pack တွေများများဝယ်လေ Spin the Wheel မှာ ချီးမြှင့်မယ့် ငွေသားကံထူးခွင့်တွေကို ခံစားနိုင်လေပါပဲ။

Ooredoo VIP အစီအစဉ်မှာ စာရင်းသွင်းထားတဲ့သူတွေဟာ လျှော့ဈေးတွေ ရရှိနိုင်ရုံမက ဆုတံဆိပ်တွေပါ ကံထူးနိုင်မှာမို့ သားရွှေအိုးထမ်းမယ့် အချိန်အခါပဲ။ Ooredoo VIP အစီအစဉ်မှာ ပါဝင်ဖို့ My Ooredoo App ကို Android ဖုန်းတွေအတွက် ဒီမှာ Download လုပ်နိုင်သလို iOS ဖုန်းတွေအတွက် ဒီမှာ Download လုပ်နိုင်ပါတယ်။ ကဲ . . . Ooredoo VIP မှာ ပါဝင်ဆင်နွှဲရင်း ဆုတံဆိပ်တွေ ကံထူးနိုင်ပါစေ။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle