လူမှုအကျိုးပြုလုပ်ငန်းများအား အကောင်းဆုံးဦးဆောင်ပြီးလုပ်ဆောင်နိုင်ခြင်းအတွက် ချီးမြှင့်သည့် ဂုဏ်သိက္ခာကြီးမားသော နိုင်ငံတကာအသိအမှတ်ပြု ဆု (၄) ဆုကိုအူရီဒူးမြန်မာမှ ဆွတ်ခူးရရှိ

လူမှုအကျိုးပြုလုပ်ငန်းများအား အကောင်းဆုံးဦးဆောင်ပြီးလုပ်ဆောင်နိုင်ခြင်းအတွက် ချီးမြှင့်သည့် ဂုဏ်သိက္ခာကြီးမားသော နိုင်ငံတကာအသိအမှတ်ပြု ဆု (၄) ဆုကိုအူရီဒူးမြန်မာမှ ဆွတ်ခူးရရှိ

ပြည်သူများ၏ လူနေမှုဘဝများ ပိုမိုမြင့်မားလာစေရမည် ဟူသည့် ရည်မှန်းချက်အား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လူမှုအကျိုးပြုလုပ်ငန်းများအား အစဉ်တစိုက် လုပ်ကိုင်ဆောင်ရွက်နေသည့် တာဝန်သိ ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သော အူရီဒူးမြန်မာသည် ကမ္ဘာ့လူမှုအကျိုးပြု လုပ်ငန်းများနေ့ (World CSR Day) တွင် ကျင်းပပြုလုပ်ခဲ့သည့် လူမှုအကျိုးပြုလုပ်ငန်းများအား အကောင်းဆုံးဦးဆောင်ပြီးလုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းအတွက် ချီးမြှင့်သည့် ဆုပေးပွဲဖြစ်သော Global CSR Excellence and Leadership Awards 2020 ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ဂုဏ်သိက္ခာကြီးမားသော နိုင်ငံတကာအသိအမှတ်ပြု ဆု ၄ ဆုအား ဆွတ်ခူးရရှိခဲ့ပါတယ်။

ယခုနှစ် Global CSR Excellence and Leadership Awards 2020 ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် အူရီဒူး မြန်မာသည် ကျေးလက်ဒေသနှင့် မြို့ပြနှင့်ဝေးကွာသော နေရာဒေသများရှိ မိုဘိုင်းဖုန်း အသုံးပြုသူများအား ဘေးကင်းလုံခြုံစွာနှင့် တာဝန်သိစွာ အင်တာနက် အသုံးပြုတတ်စေရန် အသိပညာပေးခဲ့သည့် ၎င်း၏ နိုင်ငံတဝန်း ဒစ်ဂျစ်တယ် ဗဟုသုတ တိုးပွားရေး အစီအစဉ် “Internet 101” အတွက် အကောင်းဆုံး အသိပညာပေးနိုင်သောအစီအဉ်ဆုဖြစ်သည့် Awareness Campaign Award ဆုတံဆိပ်၊ နိုင်ငံတဝန်းရှိ စာကြည့်တိုက်ပေါင်း ၂၁၀ အား ဒစ်ဂျစ်တယ် စာကြည့်တိုက်များအဖြစ် အဆင့်မြှင့်တင်နိုင်ရန် ကူညီပံ့ပိုးပေးခြင်းနှင့် နိုင်ငံတဝန်းရှိ အမျိုးသမီးငယ်များ၏ ဒစ်ဂျစ်တယ်နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ နှင့် ၎င်းတို့၏ ဘဝကို နှင့် ၎င်းတို့၏ ပတ်ဝန်းကျင်ရှိပြည်သူလူထုအား ဦးဆောင်နိုင်စေရန်အတွက် ကူညီမြှင့်တင်ပေးသည့် Tech Age Girls Myanmar အစီအစဉ်အား ဆောင်ရွက်ခဲ့ခြင်း တို့အတွက် အကောင်ဆုံး ရပ်ရွာလူထုခြေပြု ဖွံ့ဖြိုးတိုးတက်ရေးဆုဖြစ်သည့် Community Development Award ဆုတံဆိပ်၊ နိုင်ငံတဝန်းမှ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ မိဘမဲ့ကလေးကျောင်းများ၊ လူငယ်လေ့ကျင့်ရေး သင်တန်းကျောင်းများနှင့် တက္ကသိုလ်များတွင် စာသင်ကျောင်း အဆောက်အအုံ စုစုပေါင်း ၃၈ လုံးနှင့် လှူဒါန်းမှု စုစုပေါင်း ၁၉ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ပညာရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများအတွက် ကူညီထောက်ပံ့နိုင်ခဲ့သည့် “မိနစ်များများပြောလေ၊ အူရီဒူးက များများလှူပေးလေ’ လူမှုအကျိုးပြုလုပ်ငန်း အစီအစဉ်အတွက် ဆန်းသစ်တီထွင်မှုအရှိဆုံး လူမှုအကျိုးပြုလုပ်ငန်းအလေ့အထဆုအဖြစ် Innovative Corporate Social Responsibility Practices Award ဆုတံဆိပ်နှင့် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် ဒီဂျစ်တယ် အသွင်ကူးပြောင်းရေး ကဏ္ဍများတွင် ပွင့်လင်းမြင်သာမှု ရှိသော ရေရှည်အကျိုးဖြစ်ထွန်းစေမည့် လူမှုအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ခဲ့မှုအတွက် အကောင်းဆုံး လူမှုအကျိုးပြုလုပ်ငန်းလုပ်ဆောင်ခြင်းဆုအဖြစ် Best Corporate Social Responsibility Practices Award ဆုတံဆိပ်များအား ဆွတ်ခူးရရှိခဲ့ပါသေးတယ်။

“မြန်မာနိုင်ငံအတွင်းမှာ ကျွန်တော်တို့ ဆောင်ရွက်ခဲ့တဲ့ လူမှုအကျိုးပြုလုပ်ငန်း အစီအစဉ်တွေအတွက် အခုလို ဂုဏ်သိက္ခာကြီးမားတဲ့ ဆုတံဆိပ် ၄ ခုနဲ့ အသိအမှတ်ပြုတာကို ရရှိခဲ့တဲ့အတွက် တကယ့်ကို ဝမ်းမြောက်ဂုဏ်ယူ မိပါတယ်။ အူရီဒူးမြန်မာအနေနဲ့ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ စတင်လုပ်ကိုင်ခဲ့တဲ့ အချိန်ကတည်းက စတင်ပြီး ပြည်သူတွေရဲ့ ဘဝတွေ ပိုမိုမြင့်မားလာစေဖို့ စဉ်ဆက်မပြတ် ကူညီပံ့ပိုးမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ အခုလို ဂုဏ်သိက္ခာကြီးမားတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ အသိအမှတ်ပြုမှုတွေကို ရရှိခဲ့တာကြောင့် အူရီဒူးအနေနဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေ ကို အဆင့်မြင့် နည်းပညာတွေနဲ့အတူ ဆက်လက် ပံ့ပိုးကူညီပေးသွားဖို့  ကျွန်တော်တို့ အတွက် တွန်းအားတစ်ခု ဖြစ်စေခဲ့ပါတယ်။” ဟု အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်က ပြောကြားခဲ့ပါတယ်။

အူရီဒူးမြန်မာသည် မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှု့ဖွံဖြိုးတိုးတက်ရေး ကဏ္ဍများအား အဓိက အာရုံစိုက် ကူညီပံ့ပိုးပေးလျက်ရှိပြီး လူမှုအကျိုးပြုလုပ်ငန်းများအား လုပ်ဆောင်ရာတွင် အဆင့်မြင့် နည်းပညာများအား အသုံးပြု၍ ဘက်ပေါင်းစုံမှ ကူညီပံ့ပိုးပေးလျက် ပါ။ ပြည်သူလူထုအပေါ် အဓိက အခြေခံသည့် ကုမ္ပဏီတစ်ခု ဖြစ်သည်နှင့်အညီ အူရီဒူးမြန်မာသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် လူနေထိုင်မှု့ အဆင့်အတန်း ပိုမိုမြင့်မားရေးအတွက် ရေရှည်စီမံကိန်းများနှင့်အတူ ကူညီပံ့ပိုးပေးသွားနိုင်ရန် ရည်ရွယ်လုပ်ဆောင်လျက် ရှိပါတယ်။

ကော်ပိုရေးရှင်းကြီးများ၊ အစိုးရ တာဝန်ရှိသူများ၊ အေဂျင်စီများ၊ NGO လုပ်ငန်းများ၊ အရပ်ဖက် လူ့အဖွဲ့အစည်း ပညာရှင်များနှင့် အခြားသော အဖွဲ့အစည်းများမှနေ၍ လူမှု အကျိုးပြုလုပ်ငန်းများမှ တဆင့် သက်ဆိုင်ရာ လူမှု့အသိုင်းအဝန်းများ၏ နေထိုင်မှုစနစ်များအား အဆင့်မြှင့်တင်ကူညီပေးရာတွင် ၎င်းတို့၏ မျှော်လင့်ချက်များ၊ စိတ်အားထက်သန်မှုများနှင့် တာဝန်ယူမှုများအား အချင်းချင်း ဖလှယ်နိုင်မည့် ပလက်ဖောင်း တစ်ခုအဖြစ် ဖော်ဆောင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကမ္ဘာ့လူမှုအကျိုးပြုလုပ်ငန်းများနေ့ (World CSR Day) အား စတင်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ယခုနှစ် ကမ္ဘာ့ လူမှုအကျိုးပြုလုပ်ငန်းများနေ့ (World CSR Day) ၂၀၂၀ အခမ်းအနားအား နိုင်ငံပေါင်း ၁၃၀ ကျော်မှ ပါဝင်ဆင်နွှဲခဲ့ကြပြီး ပိုမိုကောင်းမွန်သော လူနေမှုစနစ်၊ ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင်အား တည်ဆောက်နိုင်ရန်အတွက် ဝိုင်းဝန်းဆွေးနွေး ခဲ့ကြပါသေးတယ်။

Kelly - Akhyar Liferstyle

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle