အူရီဒူးမြန်မာ၏ ၂၀၂၀ခုနှစ် ပထမသုံးလပတ်ရလဒ်

အူရီဒူးမြန်မာ၏ ၂၀၂၀ခုနှစ် ပထမသုံးလပတ်ရလဒ်

အူရီဒူးမှ ယနေ့တွင် တစ်နှစ်ထက်တစ်နှစ်နှိုင်းယှဉ်ထားသောဝင်ငွေ ကာတာရီရယ်(QAR)  ၇.၃ ဘီလီယံ ဝင်ငွေတိုးတက်မှုနှုန်း၏ ၁% ရှိကြောင်းကို ထုတ်ပြန်ကြေညာခဲ့ပြီး တိုးတက်မှုပိုမိုရရှိနိုင်သော အင်ဒိုနီးရှား၊ တူနီးရှား၊ မြန်မာ နှင့် အခြားဈေးကွက်များတွင် COVID-19 ကပ်ရောဂါကြောင့် တိုးတက်မှုအား အဟန့်အတားအဖြစ် သက်ရောက်မှုများရှိခဲ့သည့်အပြင် ဟန်းဆက်ရောင်းချမှုများလျော့ကျခြင်းနှင့် အခြားသောဈေးကွက်များတွင် စီးပွားရေး ဈေးကွက်၏အနေအထားကြောင့် ဖြစ်ပေါ်လာသော အားနည်းချက်များကလည်း သက်ရောက်မှုများရှိခဲ့ပါတယ်။

စုစုပေါင်းအမြတ် (အတိုး၊အခွန်၊ တန်ဖိုးလျော့ချခြင်း၊ မူပိုင်ခွင့်နှုန်းထားများ မနှုတ်ယူခင်အမြတ်ငွေ - EBITDA) မှာ တစ်နှစ်ထက်တစ်နှစ် နှိုင်းယှဉ်မှုအရ ၅%  ကာတာရီရယ် ၃.၀ဘီလီယံ ကျဆင်းသွားခဲ့ခြင်းသည်။ အယ်လ်ဂျီးရီးယား၊ ကာတာ၊ ကူဝိတ်နှင့် အိုမန် စသည့်ဒေသများရှိ ဈေးကွက်များတွင် စိန်ခေါ်မှုများရှိနေပြီး အခြားသောဒေသများတွင်လည်း COVID-19 ကပ်ရောဂါ ပျံ့နှံ့မှုကြောင့်လည်း ယခုကဲ့သို့ သက်ရောက်မှုကို ဖြစ်ပေါ်စေခဲ့ပါသည်။ အူရီဒူးအုပ်စု၏ အသားတင်အမြတ်ငွေသည် ပြီးခဲ့သည့်နှစ် ယခုအချိန်ကာလနှင့် နှိုင်းယှဉ်ပါက အူရီဒူး၏ ရှယ်ယာရှင်များအတွက် ၂၀၂၀ ပထမသုံးလပတ်တွင် ၈% ကာတာရီရယ် ၃၈၇ သန်း ကျဆင်းခဲ့ပါတယ်။ EBITDA လျှော့ကျခြင်းကြောင့် ပြီးခဲ့သည့်နှစ် ယခုအချိန်ကာလနှင့် နှိုင်းယှဉ်ပါက နိုင်ငံခြားငွေလဲလှယ်နှုန်း ပတ်ဝန်းကျင်အတွက် အသာစီးပေးမှုကို တစ်စိတ်တစ်ပိုင်း ခုနှိမ်ပေးရာ ရောက်ခဲ့ပါသေးတယ်။

ဒေတာကိုဦးဆောင်မှုနှင့် ဒစ်ဂျစ်တယ်စနစ်ကို ပြောင်းလဲဖော်ဆောင်ခြင်း လုပ်ဆောင်ချက်များ ကြောင့် ဒေတာအသုံးပြုခြင်းမှ ရရှိသည့်ဝင်ငွေသည် စုစုပေါင်းဝင်ငွေ၏ ၅၀% ကျော်ရှိသည်ကို တွက်ချက်ရရှိပါသည်။

အဆိုပါကာလအတွင်း ထူးခြားမှုများတွင် ခေါင်းဆောင်အဖွဲ့အပြောင်းအလဲပါဝင်ပြီး အူရီဒူးအုပ်စု၏ အမှုဆောင်ဒါရိုက်တာအဖွဲ့၏ ဥက္ကဌအဖြစ် Sheikh Faisal Bin Thani Al Thani ကို ခန့်အပ်ခဲ့ခြင်း၊ Sheikh Mohammed Bin Abdulla Al Thani အား အူရီဒူးအုပ်စု၏ Deputy Group Chief Executive Officer အဖြစ်နှင့် အူရီဒူးကာတာ၏ Acting Chief Executive Officer အဖြစ်ခန့်အပ်ခြင်း၊ Fadi Kawar အား အူရီဒူးကူဝိတ်၏ Acting Chief Executive Officer အဖြစ်ခန့်အပ်ခြင်း  နှင့် Bassam Yousef Al Ibrahim အား အူရီဒူး အယ်လ်ဂျီးရီးယား၏ ဒုတိယအထွေထွေမန်နေဂျာအဖြစ် ခန့်အပ်ခဲ့ပါတယ်။

အူရီဒူး၏ ဥက္ကဌဖြစ်သူ Sheikh Faisal Bin Thani Al Thani က ရလဒ်နှင့်ပတ်သက်ပြီးပြောကြားရာတွင် “တစ်ကမ္ဘာလုံးအနေနဲ့ အစဉ်အလာမရှိခဲ့တဲ့ စိန်ခေါ်မှုတစ်ရပ်ကို ဖြတ်ကျော်နေရပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်တဲ့ COVID-19ကို ကျွန်တော်တို့တတွေ အတူတကွ ပူးပေါင်းဖယ်ရှား နိုင်မှာဖြစ်ပါတယ်။ ဆက်သွယ်ရေးကဏ္ဍက အခြားကဏ္ဍတွေထက်ပိုပြီး ထိုးနှက်မှုကို ခုခံကာကွယ်နိုင်သလို အပြောင်းအလဲကိုလည်း အလိုက်သင့် တွန်းလှန်ပြီး ကြံ့ကြံ့ခံနိုင်စွမ်းအားရှိပါတယ်။ ကမ္ဘာတလွှားမှာရှိတဲ့ အခြားဆက်သွယ်ရေးအော်ပရေတာတွေလိုပဲ ကျွန်တော်တို့ရဲ့ လုပ်ငန်းလုပ်ဆောင်လည်ပတ်မှုအပိုင်းမှာ တချို့သောအနှုတ်လက္ခဏာဆောင်မှုတွေ သက်ရောက်လာ နိုင်တယ်ဆိုတာကို မျှော်လင့်တွက်ဆထားပါတယ်။ ဒါပေမယ့် အူရီဒူးအုပ်စုမှာ ခိုင်မာတဲ့ ငွေလက်ကျန်ရှင်းတမ်းတစ်ခု၊ ပထဝီရေမြေအနေအထား ကောင်းမွန်လှတဲ့ ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုအစုစု နဲ့ ကြိုတင်ငွေဖြည့်စနစ်၊ သုံးစွဲပြီးမှ ငွေပေးချေသည့်စနစ်၊ လုပ်ငန်းသုံး စတဲ့ ဝန်ဆောင်မှုအသုံးပြုသူ ပုံစံအမျိုးမျိုး ရှိနေတဲ့အတွက်ကြောင့် အခုလို စိန်ခေါ်နေတဲ့အချိန်ကာလတွေမှာ မောင်းနှင်သွားလာနိုင်ဖို့ အားဖြည့် ကူညီပေးသွားနိုင်ပါတယ်။” ဟုပြောကြားခဲ့ပါသည်။

အူရီဒူး၏ Group Chief Executive Officer ဖြစ်သူ Sheikh Saud bin Nasser Al Thani က “၂၀၂၀ခုနှစ် ပထမ သုံးလပတ်မှာ အူရီဒူးအုပ်စုအနေနဲ့ ဝင်ငွေတိုးတက်လာပြီး ရလဒ်ကောင်းတွေကို ဖော်ဆောင် ပေးနိုင်ခဲ့ပါတယ်။ တိုးတက်လာမှုကတော့ ကျွန်တော်တို့ရဲ့ ဈေးကွက်ထဲမှာရှိတဲ့ နေရာအများစုမှာ အောင်မြင်တဲ့ လုပ်ဆောင်ချက်တွေကို အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့ကြတဲ့အတွက်ကြောင့်ဖြစ်ပြီး အင်ဒိုနီးရှားနဲ့ တူနီးရှားမှာဆိုရင် ဝင်ငွေ ၇% နဲ့ ၁၆% အသီးသီး တိုးတက်လာခဲ့ပါတယ်။ အူရီဒူးအင်ဒိုဆက်အနေနဲ့ မဟာဗျူဟာကို အသစ်ပြောင်းလဲခဲ့ခြင်းနဲ့ အူရီဒူးတူနီးရှားအနေနဲ့ တန်ဖိုးဖန်တီးခြင်းအစီအစဉ်တို့ကို လုပ်ဆောင်ခဲ့ခြင်းတို့ကြောင့် တိုးတက်မှုအတွက် အထောက်အပံ့ ဖြစ်စေခဲ့တာ ဖြစ်ပါတယ်။ အူရီဒူးမြန်မာအနေနဲ့လည်း စီးပွားရေး တိုးတက်လာပါတယ်။ အူရီဒူးကာတာအနေနဲ့ ဝင်ငွေအများဆုံးရရှိအောင် လုပ်ဆောင်နိုင်ခဲ့ပြီး ၂၀၂၀ ပထမသုံးလပတ်အတွက် စုစုပေါင်းဝင်ငွေ ကာတာရီရယ် (QAR) ၁.၈ဘီလီယံ  ရရှိခဲ့ပါတယ်။” ဟုပြောကြားခဲ့ပါသည်။

4G ကွန်ရက်ကို ပိုမိုဖြန့်ကြက်ပေးနိုင်စေရန် လုပ်ဆောင်ခြင်းကြောင့် အူရီဒူးမြန်မာ၏ 4G LTE TURBO ကွန်ရက်သည် ၉၀၀ MHz လှိုင်းစဉ်ကို အသုံးပြုပြီး မြန်မာနိုင်ငံ၏ လူဦးရေ အများဆုံးကို လွှမ်းခြုံပေးနိုင်စေရန် လုပ်ဆောင်ပေးနိုင်ခဲ့သဖြင့် ၂၀၂၀ခုနှစ် ပထမသုံးလပတ်တွင် အူရီဒူးအသုံးပြုသူ ၁၅.၆သန်းအထိ ရှိလာခဲ့သဖြင့် သုံးစွဲသူ ၄၃% အထိ တိုးတက်များပြားလာခဲ့သောကြောင့် သုံးစွဲသူသိသာထင်ရှားစွာ များပြားလာသောကာလအဖြစ် မှတ်တမ်းတစ်ခုကို ပြသနိုင်ခဲ့ပါသည်။ အူရီဒူးမြန်မာမှ ၂၀၂၀ခုနှစ် ပထမသုံးလပတ်တွင် ဝင်ငွေ ကာတာရီရယ် (QAR) ၂၈၄ သန်း ရရှိသည်ဟု အစီရင်ခံခဲ့ပြီး ပြီးခဲ့သည့်နှစ် ယခုကာလနှင့် နှိုင်းယှဉ်ပါက ၉% အထိတိုးတက်လာခဲ့ခြင်းသည် အဆိုပါကာလအတွင်း ဒေတာအသုံးပြုမှု ပိုမိုများပြားလာခြင်းကြောင့်ဖြစ်ပါသည်။ ၂၀၁၉ ပထမသုံးလပတ်တွင်ရရှိသော အမြတ်ငွေ ကာတာရီရယ် ၅၉ သန်းနှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် ကာတာရီရယ် သန်း၅၀ရရှိခဲ့သဖြင့် အမြတ်ငွေ (EBITDA) ကျဆင်းခဲ့ခြင်းသည် သုံးစွဲသူများကို ရယူသည့်စရိတ်များလာခြင်းကြောင့် အမြတ်အစွန်းပမာဏကျုံ့သွားခြင်း ဖြစ်ပါသည်။ အူရီဒူး“Supernet Wireless” ၏ Fixed Wireless Broadband ဝန်ဆောင်မှုသည် အသုံးပြုသူများ များပြားလာသည်သာမကဘဲ ဝင်ငွေပါ ဆက်လက်တိုးတက်လာလျှက်ရှိပါသည်။ အူရီဒူးမြန်မာ၏ 3G နှင့် 4G ကွန်ရက်များသည် နိုင်ငံတစ်ဝန်းတွင် မြန်နှုန်းအားဖြင့် နံပါတ်တစ်နေရာတွင် ရပ်တည်နေခဲ့ပြီး “My Ooredoo” အက်ပလီကေးရှင်းသည် သုံးစွဲသူများအား အူရီဒူးမြန်မာ၏ ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများအတွက် ဝယ်လိုအားများကို ဖြစ်ပေါ်စေမှုကိုလဲ အခိုင်အမာဖြစ်နေစေခဲ့ပါသည်။

Kelly - Akhayar Lifestyle

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle