ကိုယ့်ချစ်သူနဲ့ဒိတ်တဲ့အခါဓာတ်ပုံလှလှလေးတွေဘယ်လိုဖန်တီးပေးမလဲ

ကိုယ့်ချစ်သူနဲ့ဒိတ်တဲ့အခါဓာတ်ပုံလှလှလေးတွေဘယ်လိုဖန်တီးပေးမလဲ

Valentine day ကလဲနီးလာပြီ ဆိုတော့ကိုယ့်ရဲ့ချစ်သူကောင်မလေးနဲ့ ဒိတ်တဲ့အခါမှာ ကိုယ့် ကောင်မလေး အတွက်ဘယ်လိုပုံလှလှလေးတွေရိုက်ပေးရမလဲဆိုတာကိုtips and trick အနေနဲ့ ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ Single တွေအတွက်လဲကိုယ့်crushလေးကို ဓာတ်ပုံ လှလှလေး တွေရိုက်ပေး ပြီး ရင်းနှီးမှု ယူလို့ရပါတယ်။

အလင်းရောင်ကောင်းတဲ့နေရာလေးတွေမှာရိုက်မယ်

ဖုန်းကင်မရာနဲ့ရိုက်ရင် Portraitပဲဖြစ်ဖြစ်Wide ပဲ ဖြစ်ဖြစ် Teleပဲဖြစ်ဖြစ် အရေးကြီးဆုံး ကတော့အလင်းရောင်ပါ။ဒီဘက်ခေတ်မှာ ဖုန်းတော်တော်များများက Night Mode ပါတယ် ဆိုပေမဲ့ အလင်းရောင်အားနည်တဲ့းအချိန်လမ်းပေါ်မှာရိုက်မယ်ဆိုရင် skin tone မမှန်တာတွေ noise ထတာမျိုး တွေဖြစ်တတ်ပါတယ်။ Shopping center ထဲက အလင်းရောင်ဖြစ်ဖြစ် ညဘက် ကော်ဖီဆိုင်မှာဖြစ်ဖြစ်  Neon light မှိန်ဖျော့ဖျော့တွေကို Night Mode နဲ့တွဲဖက်လိုက်မယ် ဆိုရင်တော့  retro vibe လေးနဲ့aesthetic ဆန်ဆန်အကောင်းဆုံးပုံလေးတွေကိုရနိုင်ပါလိမ့်မယ်။ အလင်းရောင် အားနည်းတဲ့နေရာမှာ ရိုက် ရမယ်ဆိုရင်လည်း ကိုယ်ပိုင် light source ဖြစ်တဲ့ ဖုန်းရဲ့ flash light ဖြစ်ဖြစ် ဖုန်းဝယ်တဲ့အခါ လက်ဆောင် ပေးတဲ့ LEDမီးချောင်းလေး တွေကိုလဲ အကျိုးရှိရှိ အသုံးချလို့ ရပါတယ်။

ပြီးတော့ မနက်ခင်းအလင်းရောင်ကောင်းကောင်းလေးမှာကိုယ်focus ထားချင်တဲ့ လူနဲ့  နောက်ခံ လှလှလေး တွေမှာကိုယ်ရိုက်ချင်တဲ့ themeအလိုက်contrast တွေ exposureတွေကိုစိတ်ကြိုက်ချိန်ပြီးDetailကောင်းကောင်းနဲ့ High Dynamic Range ကောင်းတဲ့ ပုံလှလှလေးတွေနဲ့ အမှတ်ယူလို့ ရပါတယ်ဗျ။ တစ်ခုသတိထားရမှာက Exposureအရမ်းများသွားရင် ထွက်လာတဲ့ပုံမှာ အလင်း ရောင်များပြီးရုပ်ထွက် ပွပွကြီးဖြစ်နေတတ်လို့ ပတ်ဝန်းကျင်အလင်းရောင်ပေါ်မူတည်ပြီးချိန်ပေးပါ။

Portrait လေးတွေရိုက်မယ်

Portrait လှလှလေးလိုချင်တဲ့ကိုယ့်ကောင်မလေးအတွက်portrait mode နဲ့အတူ AI beauty mode ပါဝင်တဲ့ဖုန်းတွေအတွက် AIက မျက်နှာအလိုက်လိုအပ်တဲ့ ပြင်ဆင်မှုတွေကို အလို အလျောက်ပြုလုပ် ပေးသွားမှာပါ။ Softwareနဲ့enhancement လုပ်ထားတဲ့ AIကindoor, outdoor ခွဲခြားပေးနိုင် မှာဖြစ်ပြီးသင့်လျော်တဲ့အလင်းရောင်နဲ့ color temperature ကိုလိုအပ် သလိုထိန်းညှိပေးနိုင်တဲ့အတွက် အလှဆုံးရိုက်ပေးနိုင်ပါလိမ့်မယ်။

Rule of Third

Rule of Third လိုက်နာြပီးရိုက်ချင်သူများအတွက်လဲ Grid line အသုံးပြုပြီး စကေးကျကျ Background လှလှလေးနဲ့ တွဲဖက်ပြီးရိုက်နိုင်ပါသေးတယ်။ဒီတော့ကော်ဖီဆိုင်လေးတွေမှာစကားအေးဆေးပြောကြရင်းပုံလှလှလေးတွေရိုက်ပေးနိုင်ပါတယ်။

ဓာတ်ပုံရိုက်တဲ့အခါမှာ အလှဆုံးပုံတွေထွက်ချင်ရင်အလိုအပ်ဆုံးမပါမဖြစ်အမယ်ကတော့ စိတ်ရှည်မှုပါ။ကိုယ့်ရဲ့ကောင်မလေးကိုတစ်ပုံထဲရိုက်ပေးတာမျိုးမဟုတ်ပဲနဲ့စိတ်ရှည်ရှည်နဲ့ ထောင့်ပေါင်းစုံ အနေအထားပေါင်းစုံကနေပုံပေါင်းများစွာရိုက်ကူးပေးနိုင်တဲ့ skillတော့လိုတယ်ဗျ။

Bonus tips အနေနဲ့OPPO ကနေထွက်ရှိထားတဲ့ Reno2Fဖုန်းမှာ ဓာတ်ပုံကောင်း တွေအတွက် အဓိက ကျတဲ့ 48 MP Main camera အပြင် 8MP Ultra-Wide Lens က 119° Ultra-Wide Angle တွေကိုကောင်းကောင်း ပုံဖမ်းနိုင်ပါတယ်။ Portraitပုံတွေအတွက် 2MP lens က supportiveပေးနိုင်ပါလိမ့်မယ်။Front Camera အနေနဲ့ 16 MPရှိပြီးAI beauty mood ပါဝင်တဲ့အတွက်focus ပြတ်သားတဲ့ selfieပုံတွေရိုက်နိုင်မှာပါ။ ပုံတွေရိုက်နေရင်း battery ကုန်သွားမဲ့ ပြဿနာတွေရှိလာမှာ မဟုတ်ပါဘူး.. 4000 mAh battery နဲ့performance ကောင်းတဲ့ 20W VOOC 3.0 Flash Charger တို့ပါဝင်တာကြောင့်ပဲဖြစ်ပါတယ်။ ကဲ..OPPO Reno 2Fဖုန်းလေးသုံးပြီး ကိုယ့်ကောင်မလေး အတွက်ပုံကောင်းလေးတွေရိုက်ပေး လိုက်ပါ။

Photos Credit

Hein Htet (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle