OPPO နှင့် FC Barcelona တို့ ပူးပေါင်းဖန်တီးထားသည့် Piqué ၊ Sergi Roberto ၊ Frenkie De Jong၊ Miralem Pjanic နှင့် Ansu Fati တို့ ပါဝင်သော TikTok Challenge စတင်

OPPO နှင့် FC Barcelona တို့ ပူးပေါင်းဖန်တီးထားသည့် Piqué ၊ Sergi Roberto ၊ Frenkie De Jong၊ Miralem Pjanic နှင့် Ansu Fati တို့ ပါဝင်သော TikTok Challenge စတင်

ကမ္ဘာထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သော OPPO မှ ၎င်း၏ မိတ်ဖက် FC Barcelona (Barҫa) နှင့် ပူးပေါင်း၍ ပရိသတ်များကို ၎င်းတို့၏ FC Barcelona အတွေ့အကြုံများကို မျှဝေနိုင်ရန် #GoForIt Challenge ကို စတင် စမ်းသပ်ပြုလုပ်ပေးခဲ့သည်။

OPPO နှင့် Barҫa တို့သည် Barça ပရိသတ်များထံမှ မေးခွန်းများ စုဆောင်း၍ ထိုမေးခွန်းများကို Clément Lenglet နှင့် Nélson Semedo တို့မှ Virtual အမေးအဖြေ အစီအစဥ်မှ တစ်ဆင့် ဖြေကြားပေးသွားမည့် ယခင် Social Campaign အစီအစဉ် အပါအဝင် Luis Suárez၊ Gerard Piqué နှင့် Martin Braithwaite တို့ ပါဝင်သော Exclusive Content များ အစရှိသော Social Content များစွာကို #GoForIt theme ဖြင့် ပြုလုပ်ပေးခဲ့သည်။

ဤ Campaign သည် တရုတ်အမှတ်တံဆိပ်နှင့် ဥရောပဘောလုံးအသင်းတို့အကြား အကြာရှည်ဆုံးသော ပူးပေါင်း ဆောင်ရွက်မှုဖြစ်သည့် ၅ နှစ်ကြာ အောင်မြင်စွာ မိတ်ဖက်လုပ်ကိုင်မှုအပေါ် တည်ဆောက်ထားခြင်းဖြစ်သည်။


OPPO Reno4 Pro ဖြင့် #GoForIt Challenge တွင် ပထမအသင်းကစားသမားများနှင့်အတူ ပါဝင်ခြင်း

OPPO နှင့် Barҫa တို့၏ တူညီသော ထူးခြားသည့် လက္ခဏာတစ်ရပ်တစ်ခုမှာ ဆန်းသစ်တီထွင်မှုကို ကတိကဝတ်ပြုခြင်း နှင့် ကမ္ဘာတစ်ဝန်းရှိ ပရိသတ်များနှင့် ချိတ်ဆက်နိုင်မည့် ဒစ်ဂျစ်တယ်ဆိုင်ရာ လမ်းကြောင်းနှင့် ပုံစံအသစ်များကို ရှာဖွေခြင်းဖြစ်သည်။ ဤ ရည်မှန်းချက်များနှင့်အညီ OPPO သည် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ဖြစ်သူ Barҫa နှင့် ပူးပေါင်းလက်တွဲ၍ #GoForIt challenge ကို TikTok တွင် စတင်မိတ်ဆက်ခဲ့ပြီး ပရိသတ်များအနေဖြင့် သူတို့ ကြိုက် အနှစ်သက်ဆုံးသော Barça နှင့် ပတ်သက်သည့် အခိုက်အတန့်များနှင့် အတွေ့အကြုံများကို ဆုံးဖြတ်နိုင်မည်ဖြစ်သည်။

ဤ Challenge ကို ပထမအသင်းကစားသမားများဖြစ်သည့် Gerard Piqué၊ Sergi Roberto၊ Frenkie De Jong၊ Miralem Pjanic နှင့် Ansu Fati တို့မှ လက်ခံပါဝင်ခဲ့ကြသည်။ ဗီဒီယိုများကို OPPO Reno4 Pro ဖြင့် ရိုက်ကူးထားပြီး Ultra Night Video နှင့် Ultra Steady Video 3.0 လုပ်ဆောင်ချက်တို့ပါဝင်သည့်အတွက်   သုံးစွဲသူများကိုလည်း မြင်ကွင်းအမျိုးမျိုးကို အဆင်ပြေလွယ်ကူစွာ ရိုက်ကူးစေနိုင်မည်ဖြစ်သည်။ ထို့ပြင် OPPO Reno4 Pro တွင် 65W SuperVOOC 2.0 ကို ထည့်သွင်း တပ်ဆင်ထားသောကြောင့် ၃၆ မိနစ် အတွင်း အားအပြည့်ဖြည့်သွင်းနိုင်သည်။ Dual mode 5G ဖြင့် ဒီဇိုင်းဖန်တီး ထားသောကြောင့် OPPO Reno4 Pro ၏ အဆင်မြင့် နည်းပညာနှင့် အနုပညာမြောက် အသွင်အပြင်တို့ကို 5G Scenario အောက်တွင် အတူတကွ ပေးအပ်နိုင်မည်ဖြစ်သည်။ OPPO Reno4 Pro ၏ သတင်းအချက်အလက်အစုံကို ဤနေရာတွင် https://www.oppo.com/en/smartphones/series-reno/reno4-pro-5g/. လေ့လာကြည့်ရှုနိုင်သည်။

ဤ #GoForIt Challenge အသစ်တွင် Barça ပရိသတ်များဟု လူသိများကြသော Culers များနှင့် Ronald Koeman အဖွဲ့မှ အသင်းဝင်များသည် ကလပ်နှင့် ပတ်သက်သော မေးခွန်းများကို ၉၀ စက္ကန့်အတွင်း ဖြေကြား၍ အတိတ်နှင့် အနာဂတ်မှ အခိုက်အတန့်များကို ရွေးချယ်ရမည်ဖြစ်သည်။ ဥပမာအနေဖြင့် သူတို့သည် Barça နည်းပြ သို့မဟုတ် ကစားသမား တစ်ယောက်အကြောင်းကိုသော်လည်းကောင်း El Clásico နှင့် PSG အသင်း၏ နောက်တစ်ကျော့ပြန်ကစားပွဲတွင် ၆-၂ ဖြင့် နိုင်ခြင်း ဟုတ် မဟုတ်ကိုသော်လည်းကောင်း စသည်တို့ကို ရွေးချယ်ရမည်ဖြစ်သည်။

ကပ်ရောဂါ ဖြစ်ပွားနေချိန်အတွင်း ပရိသတ်များနှင့် ချိတ်ဆက်နိုင်ရန် ဒစ်ဂျစ်တယ်ဆိုင်ရာ ထူးခြားဆန်းသစ်၍ ဆွဲဆောင်မှု ရှိသော အတွေ့အကြုံကို ပူးတွဲဖန်တီးခြင်း

မိတ်ဖက်လုပ်ကိုင်မှု သက်တမ်းတိုးသည့်အချိန်တွင် OPPO နှင့် Barça တို့သည် ပရိသတ်များကို OPPO နှင့် ကလပ် အသင်းတို့ကြား နီးကပ်စွာ ဆက်သွယ်နိုင်ရန် ဖန်တီးမှုကောင်းသော Online နှင့် Offline Fans Engagement လုပ်ငန်းစဥ်များကို ပြုလုပ်ပေးခြင်းဖြင့် Community ကို အားဖြည့်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။

“ကျွန်တော်တို့အနေနဲ့ OPPO လို တီထွင်ဆန်းသစ်မှုကို အဆက်မပြတ် ကတိကဝတ်ပြုလုပ်နေတဲ့ မိုဘိုင်းနဲ့ တယ်လီဖုန်းနယ်ပယ်မှာ စံပြဖြစ်တဲ့ ကုမ္ပဏီနဲ့ #GoForIt Challenge ကို အတူတကွ လုပ်ဆောင်နိုင်တဲ့အတွက် ဝမ်းသာ ဂုဏ်ယူမိပါတယ်။ အခု လုပ်ဆောင်ချက်ကတော့ တီထွင်မှုနဲ့ ဆန်းသစ်မှုတွေ ပါဝင်တဲ့ ကျွန်တော်တို့ရဲ့ မိတ်ဖက်လုပ်ကိုင်မှု အပေါ် အခြေပြု မျှဝေထားတဲ့ တန်းဖိုးတွေကို အသားပေးဖော်ပြပါတယ်။ ဒစ်ဂျစ်တယ်နယ်ပယ်အပေါ် အဓိကထား အာရုံစိုက်မှုရှိတဲ့ Sponsorship Deals တွေ မြှင့်တင်ဖို့က ကျွန်တော်တို့ မဟာဗျူဟာရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကျွန်တော်တို့ ကလပ်ကို ပရိသတ်တွေနဲ့ ပိုမိုနီးကပ်စွာ ချိတ်ဆက်စေနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါကတော့ COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုရဲ့ ရလဒ်ဖြစ်တဲ့ Physical Events တွေကို ကန့်သတ်ထားတဲ့ ယနေ့လို အချိန်ကာလမှာ အလွန် အရေးကြီးတဲ့ အရာပဲဖြစ်ပါတယ်” ဟု FC Barcelona Commercial Area ၏ Vice President ဖြစ်သူ Oriol Tomàs က ပြောကြားခဲ့သည်။

ကပ်ရောဂါ စတင်ဖြစ်ပွားသည့် အချိန်မှစ၍ OPPO နှင့် Barça တို့သည် ဒီဂျစ်တယ်ဆိုင်ရာ လုပ်ငန်းစဥ်များကို ဦးတည် အာရုံစိုက်ကာ လူမှုမီဒီယာများတွင် #ShotonOPPO ဟု လူသိများသော ပြိုင်ပွဲနေ့များတွင် ရိုက်ကူးထားသည့် VLOG ရိုက်ချက်အမျိုးမျိုးနှင့် OPPO ဖုန်း Lens မှ တစ်ဆင့် ရိုက်ကူးထားသော အပတ်စဥ်ဓာတ်ပုံများဖြင့် ၎င်းတို့၏ ထုတ်ကုန်များကို Digital Content ဖြင့် ပေါင်းစပ်၍ ကမ္ဘာတစ်ဝန်းရှိ ပရိသတ်များနှင့် အဆက်မပြတ် ချိတ်ဆက်နိုင်ရန် လုပ်ဆောင်ခဲ့သည်။ ဩဂုတ်လတွင် OPPO နှင့် FC Barcelona တို့မှ #GoForIt Campaign အသစ်ကို မိတ်ဆက်ခဲ့ပြီး ပရိသတ်များအား သူတို့၏ ကိုယ်ပိုင်အိမ်မက်နှင့် ရည်မှန်းချက်များကို မည်သို့ပင် အတားအဆီးများ ကြုံတွေ့စေကာမူ #GoForIt စိတ်ဓာတ်ဖြင့် ရယူနိုင်ရန် အားပေးတိုက်တွန်းခဲ့သည်။ Lockdown ကာလပြီးဆုံး၍ La Liga အမှတ်ပေး ပြိုင်ပွဲ ပြန်လည်စတင်သောအခါ OPPO မှ FC Barcelona ၏ အိမ်ကွင်း Camp Nou ရှိ LED Boards များတွင် ရွေးချယ်ထားသော ပရိသတ်များထံမှ စာတိုများကို ပြသပေးသည့် #CheerforBarҫa Campaign ကိုလည်း ပြုလုပ်ပေးခဲ့သည်။

OPPO ၏ Global Marketing ဆိုင်ရာ Vice President ဖြစ်သူ William Liu မှ “လက်ရှိ ဈေးကွက်အခြေအနေနဲ့ Live Events တွေ ဖျက်သိမ်းလိုက်တာတွေက ကမ္ဘာလုံးဆိုင်ရာ အားကစား Sponsorship ဈေးကွက်အပေါ် အကျိုးသက်ရောက် စေပေမယ့် OPPO နဲ့ FC Barcelona တို့ရဲ့ အချိန်ကြာရှည် မဟာမိတ်ဖွဲ့ ဆောင်ရွက်ခြင်းက ဒေသအတွင်း ကျွန်တော်တို့ အမှတ်တံဆိပ်တွေရဲ့  အရှိန်အဟုန် ကျယ်ပြန့်နေမှုရဲ့ လက္ခဏာဖြစ်ပါတယ်။ အခုလိုမျိုး ခိုင်မာတဲ့ မိတ်ဖက်လုပ်ကိုင်မှု ကတော့ FC Barcelona ဟာ သာမန်ကလပ်တစ်ခုထက် ပိုတာကို သိနိုင်သလို OPPO ကလည်း စမတ်ဖုန်း ကုမ္ပဏီတစ်ခုထက် ပိုတယ်ဆိုတာကို သိမြင်နိုင်မှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

FC Barcelona နှင့် သက်တမ်းတိုး မိတ်ဖက်ဆောင်ရွက်မှုအပြင် OPPO သည် Boston Marathon တွင်လည်း ပူးပေါင်း ပါဝင်ခဲ့ပြီး Roland-Garros နှင့် Wimbledon တို့နှင့် တင်းနစ်မိတ်ဖက်များအဖြစ် ထိန်းသိမ်းဆောင်ရွက်ခဲ့သည်။ ဤ နိုင်ငံတကာ အားကစားမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှု ဩဇာအရှိန်အဝါသည် OPPO ၏ ကမ္ဘာလုံးဆိုင်ရာ တည်ရှိမှုနှင့် ဒေသဆိုင်ရာ ပရိသတ်များကို တိုးတက်များပြားလာစေခဲ့သည်

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle