OPPO Myanmar မှ အကယ်ဒမီ ဝတ်မှုံရွှေရည်နှင့် ပူးပေါင်းကာ နေ့မိုက်ညချော OPPO Reno4 Limited Edition ကို မိတ်ဆက်

OPPO Myanmar မှ အကယ်ဒမီ ဝတ်မှုံရွှေရည်နှင့် ပူးပေါင်းကာ နေ့မိုက်ညချော OPPO Reno4 Limited Edition ကို မိတ်ဆက်

OPPO  Myanmar မှ  မိသားစုဝင် Brand Ambassador ဖြစ်သည့် အကယ်ဒမီ ဝတ်မှုံရွှေရည်နှင့် ပူးပေါင်းလက်တွဲပြီး Limited Edition Package ကို ထုတ်လုပ်ရောင်းချသွားမည်ဖြစ်သည်။ အကယ်ဒမီ ဝတ်မှုံရွှေရည်၏ အမှတ်တရ လက်မှတ်ရေးထိုးထားသည့် လူကြိုက်များ၍ ထူးခြားဆန်းသစ်သော စွမ်းဆောင်ရည်များ ပါဝင်သော နေ့မိုက်ညချော OPPO Reno4 နှင့် OPPO Smart Watch တို့အပြင် အလန်းစားဓာတ်ပုံများ ပါဝင်သည့် Limited Edition Package ကို စက်တင်ဘာလ (၁၁) ရက်နေ့တွင် ထုတ်လုပ်ရောင်းချတော့မည်ဖြစ်သည်။

အကယ်ဒမီ ဝတ်မှုံရွှေရည်သည် OPPO အပါအဝင် Brand ပေါင်းများစွာဖြင့် လက်တွဲလုပ်ကိုင်လျက်ရှိပြီး ရုပ်ရှင် ကားကြီးများ နှင့် ကြော်ငြာများစွာ ရိုက်ကူးနေရ၍ မြန်မာပရိသတ်များအကြား ဩဇာလွှမ်းမိုးမှုရှိသော နာမည်ကြီး အမျိုးသမီး သရုပ်ဆောင်နှင့် ကြော်ငြာမင်းသမီးတစ်ဦး ဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် သူမ၏ ပထမဆုံးသော အကယ်ဒမီဆုကို အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်အဖြစ် “နင်စေရင်” ရုပ်ရှင်ဇာတ်ကားကြီးဖြင့်ရရှိခဲ့ပြီး ဒုတိယမြောက် အကယ်ဒမီဆုကို အကောင်းဆုံး အမျိုးသမီးဇာတ်ပို့အဖြစ် “နှလုံးသားဖြင့် ပြုလုပ်သည်” ရုပ်ရှင် ဇာတ်ကားကြီးဖြင့် ၂၀၁၄ ခုနှစ်တွင် ဆွတ်ခူးရရှိခဲ့သည်။ OPPO Myanmar သည် ၂၀၁၈ ခုနှစ်၊ ဩဂုတ်လတွင် မြန်မာနိုင်ငံ၏ ပရော်ဖက်ရှင်နယ် ထိပ်တန်းမင်းသမီး အကယ်ဒမီ ဝတ်မှုံရွှေရည်ကို Brand Ambassador အဖြစ် ယုံကြည်စွာ စတင်ခန့်အပ်၍  ယခုအချိန်အထိ လက်တွဲလုပ်ကိုင်လာသည်မှာ (၂) နှစ် ကျော်တိုင် ရှိပြီဖြစ်သည်။ OPPO ၏ ကြော်ငြာများ၊ Launch Event ပွဲများနှင့် OPPO ထုတ်ကုန်အသစ်များ မြန်မာနိုင်ငံဈေးကွက်တွင် မိတ်ဆက်သည့် အချိန်တိုင်း ပြည်သူ့အချစ်တော် ဝတ်မှုံရွှေရည်မှ Brand Ambassador အဖြစ် အစဥ်အမြဲ တက်ကြွစွာ ပါဝင်အားဖြည့် ခဲ့သည်။

OPPO ၏ ထုတ်ကုန်များသည် လူငယ်လူလတ်ပိုင်းများကို ဦးတည်ကာ ခေတ်ရေစီးကြောင်းနှင့်အညီ Trendy ဖြစ်၍ Fashion ကျစေရန် အဆင့်မြင့်သောအသွင်အပြင်များနှင့် ထုတ်လုပ်ဖန်တီးထားသည့်အလျောက် OPPO ၏ Brand Ambassador ဝတ်မှုံရွှေရည်သည်လည်း လူငယ်များအကြား သူမ၏ Fashion နှင့် Trend များကြောင့် ရေပန်းစားသော အနုပညာရှင် မင်းသမီးတစ်ဦးဖြစ်သည်။

OPPO သည် ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ (၂၂) ရက်နေ့တွင် နေ့မိုက်ညချော OPPO Reno4 အား ဝတ်မှုံရွှေရည် အပါအဝင် အခြားနာမည်ကြီးအနုပညာရှင်များ နှင့်အတူ Online Launch Event မှ တစ်ဆင့် တရားဝင် မိတ်ဆက်ပေးခဲ့ပြီး ဩဂုတ်လ (၃၀) ရက်နေ့တွင် မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်ရှိ အရောင်းဆိုင်များတွင် စတင် ရောင်းချပေးခဲ့သည်။ စတင် ရောင်းချသည်နှင့် တစ်ပြိုင်နက်  လူအများ၏ အားပေးနှစ်သက်မှုကိုရရှိခဲ့ပြီး ရောင်းအားကောင်းခဲ့သော နေ့မိုက်ညချော OPPO Reno4 ကို ယခုအခါ ဝတ်မှုံရွှေရည်နှင့် ပူးပေါင်း၍ OPPO  မိသားစုဝင် Brand Ambassador ဖြစ်သည့် (၂) နှစ်ပြည့် အထိမ်းအမှတ်ဖြင့် OPPO Reno4 Limited Edition ကို OPPO နှင့် ဝတ်မှုံရွှေရည် ချစ်ပရိတ်သတ်များအတွက် ထုတ်လုပ် ရောင်းချပေးသွားခြင်းဖြစ်သည်။

OPPO မှ ဝတ်မှုံရွှေရည်နှင့် လက်တွဲကာ ထုတ်လုပ်ရောင်းချမည့် Limited edition special package တွင် OPPO Reno4 (Space Black) ဖုန်းနှင့် 41mm OPPO Smart Watch (Black Colour) တို့ပါဝင်မည်ဖြစ်ပြီး ဝတ်မှုံရွှေရည်၏ အလှ ဓာတ်ပုံကတ် (၅) ခုကို လက်ဆောင်ထည့်ပေးသွားမည်ဖြစ်သည်။  ထို့ပြင် OPPO Reno4 ဖုန်း၏ ကျောဘက်တွင် ဝတ်မှုံရွှေရည် ကိုယ်တိုင်ရေးထိုးထားသော လက်မှတ်လည်း ပါဝင်သွားမည်ဖြစ်ပြီး လှပဆန်းသစ်သော ထုပ်ပိုးမှု ပုံစံနှင့် မိတ်ဆက်ပေးသွားမည် ဖြစ်သည်။

OPPO Reno4 Limited Edition ၏ ဈေးနှုန်းကို သိရှိလိုပါက စက်တင်ဘာလ (၁၃) ရက်နေ့ ည ၇ နာရီ မှ ၈ နာရီ အတွင်း ဝတ်မှုံရွှေရည်၏ Official Page ၌ ပြုလုပ်သွားမည့် Live Stream ကို ကြည့်ရှုစောင့်ကြည့်နိုင်ပြီး မှာယူလိုသူများ အနေဖြင့် Live Stream တွင် ဖော်ပြပေးသွားမည်ဖြစ်သည့် Hotline ဖုန်းနံပါတ်များကို ဆက်သွယ်၍ Pre-order များ ပြုလုပ်ကာ ဝယ်ယူရရှိနိုင်မည်ဖြစ်သည့်အပြင် OPPO မှ Free Delivery အစီအစဥ်များဖြင့် အိမ်တိုင်ရာရောက် ပို့ဆောင် ပေးသွားမည်ဖြစ်သည်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle