လိမ္မော်ရောင်ကဘာကာလာလေးတွေနဲ့ တွဲစပ်ဝတ်ရင်လိုက်ဖက်လဲ

လိမ္မော်ရောင်ကဘာကာလာလေးတွေနဲ့ တွဲစပ်ဝတ်ရင်လိုက်ဖက်လဲ

အခုနောက်ပိုင်းကာလအမျိုးအအစားတွေထဲမှာတောက်တောက်ပြောင်ပြောင်အရောင်လေးတွေခေတ်စားလာတာအားလုံးလည်းသိမှာဖြစ်ပါတယ်။ကာလာဆန်းဆန်းလေးတွေကလူကိုမြင်လိုက်တာနဲ့ထင်ထင်ရှားရှားလည်းရှိတယ်။ဖက်ရှင်လည်းကျတယ်လို့ပဲပြောရမလား။အရောင်ဆန်းဆန်းလေးတွေက ကာလာအများကြီးတွေအထဲကမှ ၂၀၂၀ မှာအရမ်းခေတ်စားတာတွေက ခရမ်းရောင်၊အစိမ်းရောင်၊ပန်းဆီရောင်တောက်တောက်ကြီးတွေ၊လိမ္မော်ရောင် အဲ့လိုမျိုးတွေအရမ်းခေတ်စားလာပါတယ်။ဒီတစ်ခါတော့ လိမ္မော်ရောင်နဲ့လိုက်တဲ့ ကာလအတွဲအစပ်လေးတွေပြောပြပေးချင်ပါတယ်။ကာလာတွဲစပ်ပုံမှားရင်လည်းကြည့်ရတာအဆင်မပြေဖြစ်နေမှာပါ။

လိမ္မော်ရောင်ကထူးထူးခြားခြားလည်းဖြစ်ပြီး ဆွဲဆောင်မှုရှိတဲ့အရောင်လည်းြ့ဖစ်ပါတယ်။တွဲစပ်လို့လိုက်ဖက်တဲ့အရောင်လေးတွေသိသွားပြီဆိုရင် ဘာလိုမျိုးလေးတွေကတွဲဖက်ဝတ်မလဲဆိုတာကြည့်ကြည့်လိုက်တော့နော်။လိမ္မော်ရောင်က အဝါရောင်၊အစိမ်းရောင်၊ပန်းရောင်၊မိုးပြာရောင်၊အဖြူရောင်၊အပြာနုရောင်စသည်ဖြင့် အဲ့လိုအရောင်လေးတွေနဲ့တွဲဝတ်ရင်အရမ်းလိုက်ဖက်တဲ့ကာလာတွဲစပ်မှုဖြစ်မှာပါ။ပုံမှာပြထားတဲ့ဖက်ရှင်တွေကလည်း အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်နော်။

Photo Credit - Pinterest

Kelly- Akhayar Lifestyle