မြန်မာပြည်က နာမည်ကြီးလူကြိုက်များတဲ့ Organic Beauty Product များ

မြန်မာပြည်က နာမည်ကြီးလူကြိုက်များတဲ့ Organic Beauty Product များ

ဒီနေ့ကတော့ မြန်မာနိုင်ငံမှထုတ်လုပ်နေတဲ့ သဘာဝပစ္စည်းတွေကို အခြေခံထုတ်လုပ်ထားတဲ့ “Organic Beauty Product” လေးတွေကို ဝေမျှပေးချင်ပါတယ်။ Sensitive Skin သမားတွေနဲ့ Chemicals တွေအများကြီးပါတဲ့ Product တွေကို မသုံးချင်တဲ့သူတွေအတွက်တော့ ဒီ Product လေးတွေကို သုံးကြည့်နိုင်ပါတယ်နော်။

The Mix by Su

The Mix by Su ကတော့ လက်ရှိဈေးကွက်ထဲမှာ လူကြိုက်များနေတဲ့ Brand တစ်ခုပဲဖြစ်ပါတယ်။ သူ့ရဲ့ Mask တွေနဲ့ Scrub တွေက နာမည်ကြီးပြီး မိန်းကလေးတွေကြိုက်ကြပါတယ်။ ဒီ Brand ကထုတ်လုပ်လိုက်တဲ့ Product တွေက Chemical ကို နည်းနိုင်သမျှ အနည်းဆုံးဖြစ်အောင် ကြိုးစားထုတ်လုပ်ထားကြပြီး ဈေးလည်း သင့်တင့်ပါတယ်။ နောက်ပြီး Chemical ပါဝင်တဲ့ပစ္စည်းတွေကိုဆိုရင်လည်း ဘယ် Chemical ပါဝင်တယ်ဆိုတာ တိကျစွာဖော်ပြပေးထားတာကြောင့် ယုံကြည်ပြီး စိတ်ချရတယ်။ ဈေးဆိုရင်လည်း Body Scrub တစ်ဘူးကို ၆၀၀၀ကျပ်ဝန်းကျင်ပဲ ရှိပြီး ဈေးအကြီးဆုံးလို့ ဆိုနိုင်တဲ့ Face Scrub ကိုမှ ၁၅၀၀၀ကျပ်ဝန်းကျင်မို့လို့ ဈေးချိုပါတယ်။ သူ့ Page ထဲမှာဆိုရင်တော့ ဘယ်လိုအသားအရည်မျိုးက ဘယ်လိုပစ္စည်းမျိုး အသုံးပြုရမလဲ။ သူ့ရဲ့ ပစ္စည်းတွေက ဘယ်လိုအကျိုးအာနိသင်ရှိလဲဆိုတာ တိတိကျကျရေးသားထားတဲ့အတွက် ဝယ်ယူရတာလည်း လွယ်ကူပါတယ်။ The Mix by Su မှာတော့ Face Mask ၊ Body Scrub ၊ Soap နဲ့ Face Scrub တွေကို ဝယ်ယူရရှိနိုင်ပါတယ်။ လူကြိုက်အများဆုံးကတော့ Body Scrub နဲ့ Face Mask ပဲဖြစ်ပါတယ်။

https://www.facebook.com/themixbysu/


Flawless Myanmar

Flawless ဟာဆိုရင်လည်း သဘာဝပစ္စည်းတွေကို အခြေခံထုတ်လုပ်ထားတဲ့ Product ဖြစ်ပါတယ်။ လက်ရှိမှာဆိုရင်လည်း Soap Making Class တွေကိုလည်း ဖွင့်လှစ်သင်ကြားပေးနေပါတယ်။ သူ့ဆီမှာက အခုဆိုရင် Product တော်တော်များများ ထုတ်လုပ်ထားပါတယ်။ Facial Mist ၊ Tea Tree Oil ၊ Night Cream ၊ Facial Foaming Cleanser ၊ Facial Scrub ၊ Pillow Mist ၊ Body Scrub ၊ Body Lotion ၊ Soap ၊ Hand Cream ၊ Shampoo ၊ Shower Gel ၊ Hair Mist နဲ့ Hair & Scalp Oil စတဲ့ Skincare ပစ္စည်းတွေ အမျိုးစုံရရှိနိုင်တဲ့အတွက် Brand တစ်ခုတည်းကိုပဲ စွဲသုံးချင်တဲ့သူတွေကတော့ အဆင်ပြေပါတယ်။ Flawless ဟာဆိုရင်လည်း ဈေးနှုန်းအရ ၄၅၀၀ကျပ်ကနေ စရှိတာမို့လို့ ဈေးသင့်တဲ့ Brand တစ်ခုပါ။ Beauty Blogger တွေရဲ့ Recommendation တွေအများကြီးရရှိထားပြီး လူကြိုက်လည်းများပါတယ်။ လူကြိုက်အများဆုံးကတော့ Pillow Mist နဲ့ Body Scrub ပဲ ဖြစ်ပါတယ်နော်။

https://www.facebook.com/flawlessmyanmarofficial/


RJH Co.

ဒီ RJH Co. ကတော့ ကြော်ငြာတာ သိပ်မတွေ့ရပေမယ့် သူ့ပရိသတ်နဲ့သူ လူကြိုက်များပြီးသား Skincare Brand ပါ။ Organic Product စစ်စစ်ဖြစ်တဲ့အပြင် အသားအရည်အမျိုးအစားအားလုံးအတွက် ရည်ရွယ်ထုတ်လုပ်ထားတာကြောင့် လူတိုင်းသုံးနိုင်ပါတယ်။ သူ့ဆီမှာကတော့ Serum ၊ Lip Balm ၊ Eye Cream ၊ Facial Wash ၊ Cleanser ၊ Body Wash ၊ Shampoo ၊ Conditioner ၊ Skin Tonic ၊ Lotion ၊ Day Cream ၊ Night Cream ၊ Exfoliating Balm ၊ Moisturizer နဲ့ Treatment Oil တွေကို ထုတ်လုပ်ထားပါတယ်။ Product အားလုံးကို ကြိုက်နှစ်သက်တဲ့သူတွေများပြီး Treatment Oil ကတော့ ပိုလူကြိုက်များတာတွေ့ရပါတယ်။ ဈေးနှုန်းကတော့ ၁၀၀၀၀ ကျပ်ကနေ စတင်ပါတယ်။

https://www.facebook.com/rjhco.agjie/


Su – Homemade

Su – Homemade ကတော့ ထူးခြားပါတယ်။ ဘာ Skincare Product မှတော့ မထုတ်လုပ်ထားပါဘူး။ သူထုတ်လုပ်တာက Wax ပါ။ ဆိုင်ကိုသွားပြီး ဈေးကြီးပေး Waxing လုပ်နေရတဲ့သူတွေအတွက် အန္တရာယ်ကင်းပြီး လွယ်ကူအောင် သဘာဝပစ္စည်းတွေနဲ့ချည်းပဲ လုပ်ထားတဲ့ ဒီ Brand ဟာ နာမည်ကြီးပါပဲ။ Wax တစ်ပုလင်းမှ ၇၀၀၀ကျပ်ပဲ ပေးရပြီးတော့ တစ်ပုလင်းဝယ်ထားရင် ဂျိုင်းတွေရော၊ ခြေသလုံးတွေရော အားလုံးအတွက် ကောင်းကောင်းသုံးလို့ရတော့ အလုပ်လည်းမရှုပ်ဘူး။ တန်လည်း တန်ပါတယ်။

https://www.facebook.com/homemadebysu/


အခုပြောပြပေးခဲ့တာကတော့ မြန်မာနိုင်ငံမှာ လူကြိုက်များပြီး နာမည်ကြီးတဲ့ Organic Product တွေအကြောင်းပဲ ဖြစ်ပါတယ်။ ဒီတော့ စမ်းသုံးကြည့်ကြပါဦးနော်။ တစ်ခုခုထူးခြားရင်လည်း လက်တို့ပါဦး။ နောက်ပြီး ကိုယ်သုံးနေကျ မြန်မာပြည်က တခြား Organic Product တွေ ရှိသေးရင်လည်း သိရအောင် ပြောပြပေးခဲ့ကြပါဦး။

(Photo Credit)

Moethaesay (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle