MMR တက်စေဖို့ မလုပ်သင့်တဲ့ နည်းလမ်းတစ်ခုကို အသုံးပြုခဲ့တယ်လို့ K1 အပေါ် စွပ်စွဲခဲ့တဲ့ Papita

MMR တက်စေဖို့ မလုပ်သင့်တဲ့ နည်းလမ်းတစ်ခုကို အသုံးပြုခဲ့တယ်လို့ K1 အပေါ် စွပ်စွဲခဲ့တဲ့ Papita

Papita ဆိုတာကတော့ အာဂျင်တီးနား နိုင်ငံသား ပရိုဖက်ရှင်နယ် Dota 2 ကစားသမား တစ်ဦးဖြစ်ပြီး တောင်အမေရိက Dota 2 လောကမှာ မသိသူ မရှိသလောက်ကို ထင်ရှားကျော်ကြားတဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။ ယခုအခါမှာတော့ Papita အနေနဲ့ Beastcoast Dota 2 အသင်းနဲ့အတူ အောင်မြင် ကျော်ကြား လာခဲ့တဲ့ ပီရူးနိုင်ငံသား အသက် (၁၉) နှစ်အရွယ် Carry ကစားသမား K1 ကို MMR တက်စေဖို့ အတွက် မလုပ်သင့်တဲ့ နည်းလမ်းတစ်ခုကို အသုံးပြုခဲ့တယ်လို့ စွပ်စွဲသွားခဲ့ပါတယ်။

Papita

Papita အနေနဲ့ Reddit မှာ K1 ရဲ့ လုပ်ရပ်နဲ့ ပတ်သတ်ပြီး အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“K1 နဲ့ တစ်ဖက်စီ ယှဥ်ပြိုင် ကစားခဲ့ရတဲ့ Rank Match ပွဲစဥ်တစ်ခုမှာ ကျွန်တော်တို့ အသင်းရဲ့ ကစားသမား တစ်ဦးဖြစ်သူ (Kirito/ Blessed) အနေနဲ့ ပွဲစဥ် စတင်ခဲ့စဥ် အချိန်ကတည်းက အကြောင်းပြချက်မရှိ တစ်ဖက် အသင်း ကစားသမားတွေ (အထူးသဖြင့် K1) ဆီကို သွားရောက် အသေခံခဲ့ပါတယ်။

(Kirito/ Blessed) အနေနဲ့ အခုလို ဘာဖြစ်လို့ လုပ်ခဲ့ရတယ် ဆိုတာကို ကျွန်တော် သိရှိခဲ့ခြင်း မရှိပေမယ့် အဆိုပါ ပွဲစဥ် ပြီးဆုံးသွားတဲ့ အချိန်မှာ ကျွန်တော့် သူငယ်ချင်းဖြစ်သူရဲ့ ပြောကြာချက်များအရ သူ့အနေနဲ့လည်း K1 နဲ့ တစ်ဖက်စီ ယှဥ်ပြိုင် ကစားခဲ့ရတဲ့ ပွဲစဥ် နှစ်ခုမှာ မိမိတို့ အသင်းဘက်က ကစားသမား တစ်ဦး အနေနဲ့ အကြောင်းပြချက် မရှိ တစ်ဖက် အသင်း ကစားသမားတွေဆီကို သွားရောက် အသေခံခဲ့တာနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။

ကျွန်တော် ယခုဖြစ်ရပ်ကို ဖွင့်ချပြရခြင်းရဲ့ အကြောင်းအရင်းက Hector တစ်ယောက် MMR တက်စေဖို့ PC နှစ်လုံး၊ အကောင့်နှစ်ခုကို တစ်ပြိုင်နက် အသုံးပြုခဲ့တယ်လို့ စွပ်စွဲချင်လို့ မဟုတ်သလို အခြားသော ကစားသမားတွေကို ပိုက်ဆံပေးပြီး MMR တက်စေဖို့ မလုပ်သင့်တဲ့ နည်းလမ်းကို အသုံးပြုခဲ့တယ်လို့ စွပ်စွဲချင်လို့လည်း မဟုတ်ပါဘူး။

ဒါပေမယ့်လည်း အခုလို ဖြစ်ရပ်မျိုးတွေ ဖြစ်ပျက်ခဲ့တယ် ဆိုတာကို လူအများ သိရှိစေဖို့ဖြစ်ပြီး အကြောင်းပြချက်မရှိ အရှုံးခံတဲ့ ကစားသမားတွေကို Valve အနေနဲ့ ပြင်းပြင်းထန်ထန် အရေးယူစေချင်လို့ပဲ ဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။”

K1 အနေနဲ့ Papita တစ်ယောက် အခုလို စွပ်စွဲခဲ့တာနဲ့ ပတ်သတ်ပြီး ကိုယ်ပိုင် Facebook စာမျက်နှာကနေ တစ်ဆင့် အခုလိုပဲ ပြန်လည် ဖြေရှင်းသွားခဲ့ပါတယ်။

K1

“Papita အနေနဲ့ (Kirito/ Blessed) ကြောင့် Rank Match မှာ ရှုံးသွားတာနဲ့ Screenshot လေး နှစ်ပုံ၊ သုံးပုံ ရိုက်တင်ပြီး တမင်သက်သက် ကျွန်တော့်ကို စွပ်စွဲသွားတာလို့ ထင်မြင်မိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော် ကိုယ်တိုင် အဲဒီလူ (Kirito/ Blessed) ကြောင့် ရှုံးပွဲပေါင်း များစွာကို ရင်ဆိုင်ခဲ့ရတာကို သူ့အနေနဲ့ ထည့်သွင်း ဖော်ပြခြင်း မရှိခဲ့ဘူးလေ။ ကျွန်တော် (၁၅) နှစ်သား အရွယ်ကတည်းက Dota 2 ကို စွဲစွဲလမ်းလမ်း ကစားခဲ့တယ်။

အဲဒီအချိန်က စတင်ပြီးတော့လည်း 7K-8K MMR ဝန်းကျင်မှာ ကစားနိုင်ခဲ့တယ်။ အဲဒါကိုတောင် Rank Match မှာ အနိုင်ရဖို့၊ MMR တက်စေဖို့ အတွက် အခုလို နည်းလမ်းတွေကို အသုံးပြုခဲ့တယ်လို့ စွပ်စွဲလာတာကိုတော့ ကျွန်တော် ဘယ်လိုမှ နားမလည်နိုင်တော့ပါဘူး။

နောက်ပြီးတော့ Papita တစ်ယောက် အဲဒီလို ကျွန်တော့်ကို စွပ်စွဲလိုက်ရလို့ သူ့အတွက် ဘာအကျိုးအမြတ်တွေ ရရှိနိုင်မယ် ဆိုတာကိုလည်း ကျွန်တော်တော့ နားမလည်နိုင်တော့ပါဘူး။ တကယ်လို့ ကျွန်တော့်ကို မုန်းနေတယ်၊ အမြင်မကြည်ဘူး ဆိုရင်လည်း Rank Match မှာ ရှုံးတာကို အကြောင်းပြပြီး မကျေနပ်ချက်တွေကို ထုတ်ပြတာက ကောင်းမွန်တဲ့ နည်းလမ်း မဟုတ်ဘူးလို့တော့ ထင်မြင်မိပါတယ်။”

လက်ရှိအချိန်မှာ Papita ဘက်က ထောက်ခံသူတွေ ရှိသလို၊ K1 ဘက်က ကာကွယ် ပြောဆိုပေးသူတွေလည်း ရှိနေပြီ ဖြစ်တာကြောင့်  မည်သို့မည်ပုံ အဆုံသတ်သွားမယ် ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle