ရင်ခုန်ရတဲ့ဒိတ်လေးတစ်ခုကိုဘယ်လိုမျိုးလေးဖန်တီးကြမလဲ?

ရင်ခုန်ရတဲ့ဒိတ်လေးတစ်ခုကိုဘယ်လိုမျိုးလေးဖန်တီးကြမလဲ?

အခုနောက်ပိုင်းလူငယ်တွေကြားမှာခေတ်စားလာတာတစ်ခုကတော့ ဒိတ် လုပ်ခြင်းပါ။ ဒိတ်လုပ်တယ်ဆိုတာက ချစ်သူရည်းစားမဖြစ်ခင်မှာ တစ်ယောက်နဲ့တစ်ယောက်လေ့လာပြီးအကဲဖြတ်တဲ့အဆင့်ပေါ့နော်။ကိုယ်ချစ်ရတဲ့သူ ဒါမှမဟုတ် ကိုယ်ကိုသဘောကျနေလို့ သူ့အကြောင်းကိုပိုသိချင်တယ်၊ လေ့လာချင်လို့ဒိတ်ကြည့်မယ်ဆိုရင် ပြီးပြည့်စုံတဲ့ ဒိတ်လေးတစ်ခုဖြစ်ဖို့ကလည်းအရေးကြီးပါတယ်။ပထမဆုံးတွေ့ဆုံမှုဆိုတာက တစ်ယောက်အပေါ်တစ်ယောက်ဘယ်လိုသဘောထားမျိုးတွေရှိကြလဲဆိုတာဖော်ပြတဲ့တွေ့ဆုံမှုလေးတစ်ခုပါ။

ဒိတ်မယ်ဆိုရင် နှစ်ယောက်သားအတူတူသွားမယ့် နေရာကိုသေချာရွှေးချယ်ရမယ်နော်။ ဘာကြောင့်လဲဆိုရင်  သဘောကျတဲ့အဆင့်ကကျော်လွန်ပြီး ရည်းစားတွေဖြစ်သွားခဲ့ရင် ငါတို့ပထမဆုံးစတွေ့တုံးကဘယ်လိုနေရာလေးတွေသွားခဲ့တာဆိုပြီးပြန်အမှတ်ရနေအောင်ပါ။ကော်ဖီဆိုင်လှလှလေးတွေမှာ အေးအေးဆေးဆေးကော်ဖီထိုင်သောက်ပြီး သူ့အကြောင်းကိုယ့်အကြောင်းအပြန်အလှန်မေးရင်း  အချိန်တွေကုန်ဆုံးသွားတာမျိုး၊ ညနေစောင်းနေဝင်ချိန်တွေဆိုရင် အတူတူလမ်းလျှောက်ပြီး စကားလေးပြောတာမျိုး၊ တကယ်လို့နှစ်ယောက်စလုံးကနေခင်းဘက်အလုပ်ရှိတယ် ညဘက် Dinner Date ဆိုရင်လည်း ဝိုင်လေးသောက်ရင်းနဲ့ ညစာအတူတူစားပြီး အလုပ်အကြောင်းပြောတာပဲ့ဖြင့်ဖြင့်၊ ကိုယ့်ကြိုက်တဲ့သီချင်းလေးတွေ၊ရုပ်ရှင်အကြောင်းလေးတွေပြောကြမယ်။

ဒါမှမဟုတ် ကလေးဘဝကလိုအမှတ်တရလေးတွေပြန်လိုချင်တယ်ဆိုရင်တော့ တိရစ္ဆာန်ဥယျာဉ်သွားပြီး တိရစ္ဆာန်လေးတွေကိုအစာကျွေးတာမျိုး၊စက်ဘီးလေးစီးပြီးလျှောက်ပတ်ကြည့်တာမျိုးတို့ဆိုရင်လည်း ခံစားမှုလေးကသာမာန်ရိုးကျမဟုတ်ဘဲ တစ်မျိုးလေးဆန်းတာပေါ့။ပိတ်ရက်လေးမှာ  ရုပ်ရှင်အတူတူသွားကြည့်ပြီး အပြန်ကျရင်ကိုယ်သဘောကျနေတဲ့ပုံစံလေးဆိုရင်တော့ ဗိုက်ဆာလို့ မုန့်လေးဘာလေးသွားစားမလားဆိုပြီးမေးကြည့်ပါ။


ကိုယ်သဘောကျပြီးရင်ခုန်ရတဲ့သူနဲ့ကိုယ်ရဲ့အားလပ်ချိန်တွေကိုကုန်ဆုံးသွားတာကလည်း ပျော်ရွှင်ခြင်းရဲ့လာဘ်တစ်ပါးပါပဲ့နော်။ပထမဆုံး ဒိတ်လေးကအခြေအနေကောင်းတယ် ကိုယ်ကလည်းသူ့ကိုသဘောကျနေပြီလို့သေချာနေရင်တော့ နောက်ထပ်ဒိတ်ဖို့အတွက်စကားလေးတွေနဲ့ဆွဲဆောင်ဖို့တော့လိုပါပြီနော်။အားလုံးလည်းဒီနည်းလမ်းလေးတွေနဲ့အတူ ဒိတ်အဆင့်ကနေ အရမ်းချစ်ရတဲ့စုံတွဲလေးတွေဖြစ်လာပါစေလို့ဆုတောင်းပေးပါတယ်နော်။

Kelly (Akhayar Lifestyle)

Photo Credit