Pete Davidson ရဲ့ Thank u, next က မမကြီး Kate Beckinsale လေလား

Pete Davidson ရဲ့ Thank u, next က မမကြီး Kate Beckinsale လေလား

Ariana Grande က Thank u, next ဆိုပြီး သီချင်းဆိုခဲ့ပေမယ့် သူ့ရဲ့ Next ကတော့ အခုထိ ပေါ်မလာသေးပါဘူး။ ဒါပေမယ့် အချစ်ဟောင်း Pete Davidson ကတော့ Ariana ရဲ့ သီချင်းအတိုင်း မမကြီး Kate Beckinsale နဲ့ တွဲခုတ်နေတာကို တွေ့ရပါပြီ။

သူတို့နှစ်ယောက်ကို နယူးယောက်မြို့ရဲ့ လမ်းတွေပေါ်မှာ လက်ကလေးတွဲလိုက်၊ ပုခုံးချင်းဖက်လိုက်နဲ့ လျှောက်သွားနေကြတာကို တွေ့ရပါတယ်။ သူတို့နှစ်ယောက်ဟာ Medison Square Garden မှာ လုပ်တဲ့ ဟော်ကီပွဲကို ကြည့်ဖို့ ထွက်လာကြတာ ဖြစ်ပါတယ်။

အသက် ၂၅ နှစ်ရှိပြီ ဖြစ်တဲ့ Davidson ဟာ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားပြီး အသက် ၄၅ နှစ်ရှိပြီ ဖြစ်တဲ့ မင်းသမီးကြီး Kate Beckinsale ကတော့ ကုတ်နဲ့ အရောင်ရင့်ရင့်ဂျင်းနဲ့ စမတ်ကျလှပနေပါတယ်။

သူတို့နှစ်ယောက်စတွဲနေတယ်ဆိုပြီး သတင်းထွက်ခဲ့တာကတော့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာ စလုပ်ခဲ့တဲ့ Golden Globes Afterparty မှာ ဖြစ်ပြီး မျက်မြင်သက်သေတစ်ယောက်က သူတို့နှစ်ယောက်ပွေ့ဖက်နေကြတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်အတွဲကို လူမြင်ကွင်းမှာ ခပ်စိတ်စိတ်တွေ့လာရပေမယ့် အတွင်းလူတွေကတော့ Kate ဟာ Pete Davidson ကို အတည်ကြီး လေးလေးနက်နက် ဖြစ်နေတာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

Kate Beckinsale ဟာ အရင်က ထုတ်လုပ်သူဒါရိုက်တာ Len Wiseman နဲ့ လက်ထပ်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ ကွာရှင်းခဲ့ပါတယ်။ ကြားထဲမှာ မင်းသားတွေ ဖြစ်တဲ့ Matt Rife နဲ့ Jack Whitehall နဲ့ တွဲခဲ့ပါသေးတယ်။

Pete Davidson ကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလက Ariana Grande နဲ့ ခွာပြဲခဲ့ပြီးနောက်ပိုင်း တစ်ယောက်တည်းနေရတာ ပျော်နေတယ်လို့ ဆိုပေမယ့် လက်ရှိမှာတော့ မမနဲ့ တွဲနေခဲ့ပြီ ဖြစ်ပါတယ်။

Yoe Lu (Akhayar)
Source : People.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle