PewDiePie ကို YouTube Platform တစ်ခုတည်းမှာ Streaming ပြုလုပ်ရန် စာချုပ်ချုပ်လိုက်တဲ့ YouTube

PewDiePie ကို YouTube Platform တစ်ခုတည်းမှာ Streaming ပြုလုပ်ရန် စာချုပ်ချုပ်လိုက်တဲ့ YouTube

PewDiePie ဆိုတာကတော့ YouTube ပေါ်မှာ Subscribers သန်း ၁၀၀ ကျော်ဖြင့် ရပ်တည်လျက်ရှိတဲ့ နာမည်ကျော် ဆွီဒင်နိုင်ငံသား Content Creator တစ်ဦးပဲ ဖြစ်ပါတယ်။ PewDiePie အနေနဲ့ ယခင် အချိန်တွေတုန်းက ဗွီဒီယိုတွေတင်တဲ့ အခါမှာ YouTube မှာသာ တင်လေ့ ရှိပေမယ့် Streaming ပြုလုပ်တဲ့ အခါမှာ Twitch မှာပဲ ပြုလုပ်လေ့ ရှိကြပါတယ်။

PewDiePie ရဲ့ Twitch Channel ဟာဆိုရင်လည်း Follower ၁ သန်းကျော်ဖြင့် ရပ်တည်လျက်ရှိတဲ့ Channel တစ်ခုပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Steaming Platform တွေဖြစ်တဲ့ YouTube, Twitch, Mixer, Facebook Live စတဲ့ နာမည်ကျော် Platform တွေ အကြား တိုက်ပွဲဟာ တဖြည်းဖြည်းနဲ့ ပိုမို ပြင်းထန်လာပြီ ဖြစ်သလို သူ့ထက်ငါ နာမည်ကျော် Streamer တွေ၊ Content Creator တွေကို ခေါ်ယူနိုင်ဖို့ အတွက်လည်း အပြိုင်အဆိုင် ကြိုးပမ်းလို့ လာခဲ့ပါတယ်။

ဒါကြောင့်လည်း Streaming ပြုလုပ်ဖို့ ပိုမို အားသန်လာလျက်ရှိတဲ့ PewDiePie ကို YouTube အနေနဲ့ သူတို့ Platform တစ်ခုတည်းမှာသာ သီးသန့် Streaming ပြုလုပ်စေဖို့ အတွက် အခုလို စာချုပ်ချုပ်လိုက်ရတာ ဖြစ်ပါတယ်။

“YouTube ဆိုတာ ကျွန်တော့် အတွက်တော့ နေအိမ် တစ်ခုလို့ ဖြစ်နေခဲ့တာ ဆယ်စုနှစ် တစ်ခုကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် Content အသစ် အသစ်တွေ ဖန်တီးရင်း ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေနဲ့ အချိန်နဲ့အမျှ ထိတွေ့လိုတဲ့ ကျွန်တော့် အတွက် YouTube မှာ Streaming ပြုလုပ်ရတာ တကယ်ကို ရေကန်အသင့်၊ ကြာအသင့် အနေအထားလို့ ပြောရမှာ ဖြစ်ပါတယ်။

နောက်ပြီးတော့ (၂၀၂၀) အတွင်းမှာ Streaming ကို အဓိကထား အားစိုက် ပြုလုပ်သွားဖို့ ရည်ရွယ်ထားတဲ့ ကျွန်တော့် အတွက် YouTube နဲ့ လက်တွဲခွင့် ရလိုက်တာက တကယ်ကို အခွင့်အရေးကောင်း တစ်ခုလို့ ပြောလိုက်ရပါတယ်။ အသစ်သစ်သော Feature တွေကို မဝေးတော့တဲ့ အနာဂတ်မှာ ဖန်တီးခွင့် ရရှိတော့မှာ ဖြစ်တဲ့ အတွက်လည်း တကယ်ကို စိတ်လှုပ်ရှားမိပါတယ်။”

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle