Phoenix ရဲ့ Flash Bug ကိုပြင်ပေးမယ်လို့ အတည်ပြုပြောကြားလိုက်တဲ့ Valorant
![Phoenix ရဲ့ Flash Bug ကိုပြင်ပေးမယ်လို့ အတည်ပြုပြောကြားလိုက်တဲ့ Valorant](/content/images/size/w1200/2020/08/phoenix-1.png)
Valorant ဂိမ်းထဲက ရေပန်းစား Agent တစ်ယောက်ဖြစ်တဲ့ Phoenix ရဲ့ Curveball Ability ကတော့ Bug တွေတက်နေပါပြီ။ Valorant ကိုယ်တိုင်ကလည်း ဒီ Bug ဟာ မမျှော်လင့်တဲ့ Bug တစ်ခုလို့လည်း အတည်ပြုပြောကြားထားပါတယ်။ Hotfix ကိုလည်း သိပ်မကြာခင်မှာ ထုတ်လုပ်ပေးသွားတော့မှာလည်းဖြစ်ပါတယ်။
We're aware of a bug in patch 1.06 with Phoenix's Curveball behaving... differently than intended. We're going to hotfix this as soon as possible.
— VALORANT (@PlayVALORANT) August 20, 2020
Riot အနေနဲ့ Bug ကဘယ်လိုမျိုးဆိုတာကိုတော့ အတိအကျမပြောကြားထားပေးမယ့် ကစားသူတစ်ယောက်ရဲ့ ပြောကြားချက်အရ Phoenix ရဲ့ Curveball ဟာ နံရံကပ်ပြီး အရင်လိုသုံးမရတော့ဘူလို့သိထားပါတယ်။ ဘာကြောင့်လဲဆိုတော့ နံရံနဲ့မခွာဘဲ ကပ်ပြီးသုံးရင် Curveball က မိမိကို (ဒါမှမဟုတ်) မိမိ Teammate တွေကိုပါ Flash မိသွားတတ်လို့ဖြစ်တယ်လို့ သိရှိရပါတယ်။
Unintentional bug. Will fix
— Morello (@RiotMorello) August 20, 2020
Character Design Lead ကိုတာဝန်ယူထားတဲ့ Morello ဟာလည်း ဒီ Bug ကိုပြင်ပေးမယ်လို့ ထပ်ပြီးအတည်ပြုပေးထားပါတယ်။ ဘယ်တော့လောက် Bug fix ရောက်လာမလဲဆိုတာတော့ မသိရှိရသေးပါဘူး။ အဲ့ဒီတော့ Phoenix ကို Main ပြီးဆော့နေတဲ့သူတွေ စိတ်မညစ်ကြပါနဲ့တော့။ Bug fix ကတော့လာတော့မှာပါ။