လူငယ်တွေအတွက်နည်းပညာကဘယ်လောက်ထိအရေးပါသလဲ

လူငယ်တွေအတွက်နည်းပညာကဘယ်လောက်ထိအရေးပါသလဲ

ခေတ်ရေစီးကြောင်းပြောင်းလဲလာပြီး ခေတ်မှီအီလက်ထရောနစ် နည်းပညာအပိုင်းတွေကလည်းအများကြီးပေါ်ထွက်လာတဲ့နဲ့အမျှလူငယ်တွေအတွက်အင်တာနက်ပေါ်ကသင်ကြားမှုအပိုင်းကလည်း အခွင့်လမ်းတွေအများကြီးပေါ်ထွက်လာပါတယ်။ဒီလိုနည်းပညာတွေတိုးတက်လာတဲ့အပေါ် ကောင်းတာဆိုးတာ ခွဲခြားပြီးလေ့လာတတ်ဖို့လည်းလိုပါတယ်။ကိုယ်နဲ့မကွာသယ်ယူလို့လွယ်ကူတဲ့ ပစ္စည်းတွေလည်းအများကြီးရှိပါတယ်။လူတိုင်းနီးပါးဖုန်းတွေသုံးနိုင်ကြပါတယ်။

အခုခေတ်မှာ နောက်ပိုင်းဖြစ်လာတဲ့ပြဿနာကဘယ်လိုဖြစ်လာလဲဆိုတော့ သူငယ်ချင်းတွေကိုအချိန်ပေးချိန်၊မိသားစုနဲ့အတူကိုယ့်ရဲ့အချိန်တွေကိုကုန်ဆုံးနေတဲ့အချိန်တွေမျိုးဆိုဖုန်းတွေပဲ့သုံးနေကြပြီးတစ်ယောက်နဲ့တစ်ယောက်စကားပြောတာတွေကမရှိတော့ဘူးလို့မြင်မိပါတယ်။ပြန်အစားထိုးလို့မရတဲ့အထဲမှာ မိသားစုနဲ့သူငယ်ချင်းကောင်းတွေလည်းပါတယ်နော်။မိသားစုဘဝဆိုတာကအတူရှိနေတုန်းသိချင်တာသိမှဖြစ်ပေမယ့်အတူမရှိနိုင်တော့တဲ့အခါမှသာ အော်ငါတို့အတူရှိချိန်တန်ဖိုးမထားလေခြင်း ဆိုပြီးနှမြောတသဖြစ်တတ်တာမျိုးပါ။

ပျော်ရွှင်မှုဆိုတာကလည်း အင်တာနက်ပေါ်မှာပဲ့ရှိတာမဟုတ်ပါဘူး။လက်တွေ့ကျတဲ့အပြင်လောကကြီးမှာလည်းပျော်ရွှင်စရာ စိတ်ကြည်နှုးစရာလေးတွေရှာဖွေလို့ရပါတယ်။ပျော်ရွှင်နေချိန်ကိုတန်ဖိုးထားသင့်ပါတယ်နော်။ အမှတ်တရအဖြစ်ရင်ထဲမှာသိမ်းဆည်းနိုင်ခြင်းက ငွေနဲ့ဝယ်လိုမရပါဘူး။သူငယ်ချင်းတွေနဲ့အပြင်တွေထွက်မုန့်တွေသွားစားရင်လည်း ဖုန်းမသုံးပဲ့နဲ့စကားတွေပြောကြပါ။Relationship ပိုကောင်းပြီးတစ်ယောက်အကြောင်းတစ်ယောက်ပိုသိတာပေါ့။ဒီလိုဆိုရင် ဖုန်းသုံးတာလေးလေးလျော့ပြီး စကားပြောလိုက်ကြရအောင်နော်။

Kelly (Akhayar Lifestyle)

Photo Credit