Picnic Day Out နဲ့လိုက်ဖက်တဲ့အစားအသောက်တွေကဘာတွေဖြစ်မလဲ
အခုနောက်ပိုင်းခေတ်စားလာတာကလူငယ်တော်တော်များများ ဟာPicnic Day Out တွေထွက်လာကြတယ်ပေါ့နော်။လူငယ်တွေကအေးအေးဆေးဆေးအနားယူကြတယ်။အဲ့ဒီတော့ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်၊မိသားစုနဲ့ဖြစ်ဖြစ် Picnic Day Out ထွက်မယ်ဆိုရင်ရေချောင်းကမ်းစပ်လေးတွေရှိတဲ့နေရာ၊ပတ်ဝန်းကျင်ကလည်းအေးဆေးပြီးတော့ အနားယူလို့ကောင်းတဲ့နေရာမျိုးတွေရွေးချယ်သင့်ပါတယ်နော်။ဒီလိုသွားမယ်ဆိုရင်ဘယ်လိုအစားအသောက်လေးတွေကလိုက်ဖက်ပြီးပေါ့ပေါ့ပါးပါးနဲ့စားလို့ရလဲဆိုတာလေးတွေဝေမျှပေးချင်ပါတယ်။
1.Sandwich
အလွယ်တကူပြုလုပ်ရတာလွယ်ကူပြီးတော့၊ပေါင်မုန့်လေးနဲ့အသားလေးညှပ်လိုက်ရုံနဲ့ဗိုက်တင်းတဲ့အစားအသောက်လည်းဖြစ်သလို၊ကျန်းမာရေးနဲ့လည်းညီညွတ်တဲ့အစားစာတစ်ခုလည်းဖြစ်ပါတယ်။
2.Cookies
Cookies ကတော့လူတိုင်းကြိုက်တာမို့ထည့်သွားရင်လည်းပေါ့ပေါ့ပါးပါးနဲ့စာအုပ်လေးဖတ်ရင်းနဲ့လည်းစားလို့ရတယ်။
3.Pasta Salad
နွေရာသီမှာအလိုက်ဖက်ဆုံးအစားစာတစ်ခုဖြစ်ပြီး၊အီအီဆတ်ဆတ်လေးနဲ့စားလို့လည်းကောင်းသလို၊ဗိုက်လည်းတင်းတဲ့အတွက်ကြောင့်ယူသွားသင့်ပါတယ်နော်။
4.Yogurt
ဒိန်ချည်ကကျန်းမာရေးအတွက်ကောင်းသလို၊ပူပြင်းတဲ့ရာသီလေးမှာစားပေးသင့်တဲ့အရာတစ်ခုလည်းဖြစ်တာမို့မဖြစ်မနေယူသွားသင့်ပါတယ်နော်။
5.Fruits
သစ်သီးကတော့မပါမဖြစ်ပါ။သစ်သီးချိုချိုလေးတွေကိုလေအေးအေးလေးတိုက်နေတဲ့အချိန်မှာစားရတာကလည်းအရသာတစ်မျိုးပါနော်။ဒါကြောင့်အသီးတစ်မျိုးမဟုတ်တစ်မျိုးတော့မဖြစ်မနေယူသွားသင့်ပါတယ်။
Photo Credit- Free Image
Kelly (Akhayar Lifestyle)