ပင်လယ်ဓားပြတွေက မျက်လုံးသားရေပတ်တွေကို ဘာလို့ဝတ်ကြတာလဲ

ပင်လယ်ဓားပြတွေက မျက်လုံးသားရေပတ်တွေကို ဘာလို့ဝတ်ကြတာလဲ

Piki & A Million Thoughts
ကျွန်မဒီနေ့တွေးဖြစ်တာလေးရှိတယ်။ တွေးဖြစ်တာကို မပြောပြခင် ဝန်ခံစရာလေးတစ်ခုရှိတယ်။ ကျွန်မကလေ ရုပ်ရှင်ဂျိုးတစ်ယောက်။ ရုပ်ရှင်ကြည့်ရမယ်ဆိုရင် နေ့မအိပ် ၊ ညမအိပ် နေလည်းဖြစ်ပါတယ်။ အဲဒါနဲ့ ဟိုတစ်ပတ်ကပေါ့လေ ၊ ဂျက်စပဲရိုး Pirate of the Carribean ဇာတ်ကားတွဲတွေ ပြန်ကြည့်ဖြစ်တယ်။

အဲဒီမှာဇာတ်လမ်းက စတာပဲ။ ငယ်ငယ်တည်းက အတန်းချိန်မှာ ပုံခိုးဆွဲလို့ရှိရင် ပင်လယ်ဓားပြပုံတွေလည်းပါတယ်ကွာ။ အဲဒီပင်လယ်ဓားပပုံတွေမှာလေ မျက်လုံးမှာပတ်တဲ့သားရေပတ်ကြီး မထည့်လိုက်ရရင် အသက်မဝင်သလိုလိုဘာလိုလို ခံစားနေရတာကွာ။ အဲဒီသားရေပတ်ကြီးမပါရင်ဘဲ ပင်လယ်ဓားပြဆိုတာ မပေါ်လွင်တော့သလိုဖြစ်နေတာ ခေါင်းထဲမှာ။ ဒါနဲ့တွေးမိသွားတာ ဘာလို့ အဲဒီမျက်လုံးသားရေပတ်ကြီးကို ပတ်ထားရတာလဲဆိုတာပေါ့။

အစကတော့ ထင်ခဲ့တာပေါ့။ အမှန်တိုင်းပြောရရင် ကိုယ့်ဘဝတစ်သက်တာလုံးမှာ ပင်လယ်ဓားပြတွေရဲ့ မျက်လုံးသားရေပတ်ကြီးက သူတို့မျက်လုံးကန်းနေလို့ ပတ်ထားရတာလို့ ထင်ခဲ့တာ။ ရုပ်ရှင်တွေ ၊ စာအုပ်တွေကလည်း အဲဒီလိုပဲဂျင်းသိပ်တာကိုး။ ဒါပေမယ့်လေ အမှန်တကယ်က ပင်လယ်ဓားပြတွေက မျက်လုံးကန်းနေလို့ ရုပ်ဆိုးဆိုးကြီးမဖြစ်အောင် မျက်လုံးကိုကာထားတာမဟုတ်ဘူး။ တကယ်ကန်းတဲ့သူကလည်း ကန်းမှာပေါ့ကွာ။

မျက်လုံးပတ်တဲ့သားရေပတ်ကြီးကို ပတ်ရတဲ့တကယ့်အကြောင်းအရင်းမှန်က အမှောင်ထဲမှာ ကောင်းကောင်းမြင်နိုင်အောင်ပါတဲ့နော်။ ဟုတ်တယ် ဟုတ်တယ်။ အခုပြောလိုက်တာက အမှန်ပဲ။ မဟုတ်တာတွေ လျှောက်ပြောနေတယ်လို့ အတင်းကြီးမငြင်းကြသေးနဲ့ဦးနော်။ ဘာလို့လဲဆိုတာပြောပြမယ်။ လင်းထိန်နေတဲ့နေရာတစ်နေရာကနေ မှောင်တဲ့နေရာကို ကူးပြောင်းတဲ့အခါမှာ မျက်လုံးက အမှောင်ကို အကျင့်ပါသွားအောင်လို့ အချိန်နည်းနည်းယူရတယ်။ အဲဒါကို Dark Adapting လို့ခေါ်တယ်။ အမှောင်နဲ့အသားကျအောင်နေခြင်းပေါ့။ အလင်းကြီးကနေအမှောင်ကြီးကို အကူးအပြောင်းမှာ နေသားတကျဖြစ်ဖို့က ၂၅ မိနစ်လောက်ကြာတယ်။

ပင်လယ်ဓားပြတွေက သင်္ဘောကုန်းပတ်ပေါ်ကိုတက်လိုက် ၊ အောက်ကိုပြန်ဆင်းလိုက်လုပ်လေ့ရှိတယ်။ ဒီတော့မျက်လုံးသားရေပတ်ကို ဝတ်ထားပြီးမျက်လုံးတစ်လုံးကို အမှောင်ထဲမှာ အကျင့်ဖြစ်နေအောင်လုပ်ထားတယ်။ ဆိုတော့ကား သင်္ဘောကုန်းပတ်အောက်ကိုဆင်းလို့ အမှောင်ထဲရောက်သွားရင် သူတို့က မျက်လုံးသားရေပတ်ကို ဘက်ပြောင်းပြီးတပ်လိုက်ရုံပဲ။ မျက်လုံးတစ်လုံးက အမှောင်နဲ့အသားကျပြီးသားဖြစ်နေတဲ့အတွက်ကြောင့် သူများတွေထက် အချိန်မြန်မြန်နဲ့ရှင်းရှင်းလင်းလင်းပိုမြင်နိုင်တယ်။

မယုံဘူးဆိုရင် အိမ်မှာစမ်းကြည့်ကြည့်။ အခန်းတစ်ခန်းကို မီးကြိုပိတ်ထား။ ပြီးရင်လင်းတဲ့အခန်းထဲ နေနေတုန်းမှာ မျက်လုံးတစ်လုံးကိုလက်နဲ့ကာထားပြီး အချိန်ခဏကြာအောင်နေကြည့်။ ပြီးရင်အမှောင်ခန်းထဲကိုသွားကြည့်လိုက်။ ပုံမှန်အလင်းထဲကနေအမှောင်ထဲ ဘလိုင်းကြီးဝင်သွားတာနဲ့ထက် အပုံကြီးသာနေတာ မြင်ပါလိမ့်မယ်။

ပင်လယ်ဓားပြတွေက အမှောင်နဲ့အလင်းကို မျက်လုံးနှစ်လုံးလုံးမှာ အသုံးပြုနိုင်အောင် တစ်လုံးကိုအလင်းရောင်အတွက် အကျင့်လုပ်ပေးပြီး တစ်လုံးကို အမှောင်အတွက် အကျင့်လုပ်ပေးဖို့ သားရေပတ်ဝတ်ခဲ့တာဖြစ်ပါတယ်။ စကားတွေများနေတယ်လို့တော့ မထင်လိုက်ပါနဲ့နော်။ အတွေးတွေဆိုတာ ကမ္ဘာကြီးနဲ့မျှဝေဖို့ပဲ မဟုတ်ဘူးလား။ ဒီကနေတစ်ခုခုတော့ သိသွားရမှာပဲလေနော်။

Piki (Akhayar)

Ref: www.thefactsite.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle