အောက်ဆီဂျင်ကိုထုတ်ပေးနိုင်တဲ့ Indoor Plants အမျိုးအစားတွေက
လေထုထဲမှာ အောက်ဆီဂျင်တွေလျော့ နည်းလာတာနဲ့အမျှ ကိုယ်နေတဲ့ပတ်၀န်းကျင်မှာလည်းအောက်ဆီဂျင်ထုတ်ပေးနိုင်တဲ့ အပင်လေးတွေရှိဖို့လိုအပ်ပါတယ်။လူတစ်ယောက်က ပုံမှန်အားဖြင့် 7-8 liters လောက် လေရှုထုတ်ကြပြီး တရက်ကို 2000 gallons (7570 liters) air တရက်ကို ရှုသွင်းကြပါတယ်။ ရှုသွင်းတဲ့လေထုမှာလည်း အောက်ဆီဂျင်က ၂၀% ပါပါတယ်။ အခုလို Covid ကာလမှာ အောက်ဆီဂျင်ကို အိမ်တွင်းထဲမှာပဲ အောက်ဆီဂျင်ရနိုင်တဲ့ အပင်လေးတွေစိုက်ဖို့ အကြံပေးချင်ပါတယ်။လေထုသန့်စင်ပေးနိုင်တဲ့ Air Purifying Plant လေးတွေ စိုက်ပေးခြင်းကလည်း Viruses တွေကိုသန့်စင်ပေးနိုင်ပါတယ်။Indoor Plants လေးတွေကိုယ့်အိမ်မှာရှိခြင်းကလည်း ခန္ဓာကိုယ်အတွက်ရော စိတ်ကျန်းမာရေးအတွက်ပါလန်းဆန်းစေပါတယ်။
နဂါးစက်ပင် ( Snake Plant )
တော်တော်များများ ဒီအပင်ကိုမြင်ဖူးကြမယ်ထင်ပါတယ်။ အိမ်တွေမှာလည်း အလှစိုက်သလို နယ်တွေမှာဆိုလည်း ခြံစည်းရိုးအနေနဲ့ စိုက်ထားတာတွေ့ရတတ်ပါတယ်။ အရမ်းလည်းဂရုစိုက်စရာမလိုသလို အလွယ်တကူ မျိုးပွားနိုင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ညအချိန်မှာ အောက်ဆီဂျင်ထုတ်ပေးနိုင်ပြီး အခန်းအတွင်းရှိလေထုကိုလည်း သန့်စင်ပေးနိုင်ပါတယ်။
အလှစိုက်အုန်း ( Areca Plam )
အုန်းပင်အသေးတွေလို ပုံစံရှိပြီး ပတ်၀န်းကျင်မှာရှိတဲ့ ညစ်ညမ်းတဲ့လေထုတွေ၊ Formaldehyde လို့ခေါ်တဲ့ဓာတ်ငွေ့တွေ ကိုစုပ်ထုတ်ပေးနိုင်ပါတယ်။ တစ်ချို့ အိမ်တော်တော်များများက Living Room တွေမှာစိုက်တာများကြပါတယ်။
ရွှေလာငွေလာ ( Money Plant )
Money Plant လေးတွေက မြန်မာတွေရဲ့ အယူအဆတစ်ခုအနေနဲ့ ဒီအပင်လေးစိုက်ထားရင် စီးပွါးလာဒ်လာဘ တိုးပွါးစေတယ်ဆိုပြီးလည်းစိုက်ကြပါသေးတယ်။တစ်ခုသတိထားရမှာက ကိုယ့်အိမ်မှာ ခွေးလေးတွေ၊ ကြောင်လေးတွေရှိတယ်ဆိုရင် ဂရုစိုက်ပေးသင့်ပါတယ်။ ဒီအပင်က သူတို့လေးတွေအရွက်လေးတွေစားမိရင် အဆိတ်အတောက်ဖြစ်စေတတ်ပါတယ်နော်။
ရှားစောင်းလက်ပတ် (Aloe Vera )
ရှားစောင်းလက်ပတ်အပင်က လူ့ပတ်၀န်းကျင်မှာဆိုရင်တော့ မရှိမဖြစ်အပင်တစ်မျိုးလို့တောင်ပြောလို့ရပါတယ်။ အောက်ဆီဂျင်ထုတ်ပေးနိုင်တဲ့အပြင် အလှအပ အရေးအရာအတွက်ဆိုလည်းမရှိမဖြစ်ပါနော်။အရမ်းလည်းဂရုစိုက်စရာမလိုသလို ရေလည်းအများကြီးလောင်းပေးစရာလည်းမလိုပါဘူးနော်။
Photo Credit - Pinterest
Cali - Akhayar Lifestyle