ပလတ်စတစ် ငြင်းဆိုနည်း (၂) နည်း

ပလတ်စတစ် ငြင်းဆိုနည်း (၂) နည်း

ယနေ့ ခေတ်မှာ ပလတ်စတစ်ရဲ့ ဆိုးကျိုးတွေကို တော်တော်များများက သိနေကြပေမယ့် ဘာလို့ ဆက်လက်သုံးစွဲနေကြတာလဲ။ အဖြေကတော့ ရှင်းပါတယ်။ ပလတ်စတစ် အသုံးပြုခြင်းက အလေ့အကျင့်တစ်ခုလို ဖြစ်နေလို့ပါ။ တကယ်က ပလတ်စတစ်မပေါ်ခင် ကတည်းက လူသားတွေ အသက်ရှင်နေထိုင်လာတာဖြစ်တဲ့ အတွက် ပလတ်စတစ် မရှိလည်း လူသားတွေက အသက်ရှင်နေထိုင်နိုင်ပါတယ်။ ပြောင်းလဲဖို့ လိုအပ်နေတာက လူသားတွေရဲ့ အလေ့အကျင့်တစ်ခုပါ။

ပလတ်စတစ် အသုံးပြုတဲ့ အလေ့အကျင့်ကို အလွယ်ဆုံး (၂) နည်း နဲ့ ပြောင်းလဲလို့ရပါတယ်။
ပထမ တစ်နည်းကတော့ ပလတ်စတစ်မပေါ်ခင် အတိတ်ခေတ်ကို ပြန်သွားခြင်းပါပဲ။
ပလတ်စတစ် မပေါ်ခင်က ထုတ်ပိုးခြင်းအတွက် စက္ကူ၊ သိမ်းဆည်းခြင်းအတွက် ဖန်(သို့) ရွှံ့နဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းများ၊ သယ်ယှုခြင်းအတွက် သတ္တုနဲ့ ပြုလုပ်ထားတဲ့ ချိုင့်နဲ့ ခွက်တွေကို သူ့နေရာအလိုက် အသီးသီးစီ အသုံးပြုခဲ့ကြပါတယ်။ ဒီ ပစ္စည်းတွေအားလုံးက ဆွေးမြေ့ပျက်စီးဖို့ လွယ်သလို ကမ္ဘာကြီးကိုလည်း ပလတ်စတစ်ကဲ့သို့ ဆိုးကျိုး မပေးတဲ့ အတွက် ပလတ်စတစ်သုံးမယ့် အစား ပြန်လည်ရွေးချယ်သုံးစွဲသင့်ပါတယ်။

ဒုတိယတစ်နည်းကတော့ ပလတ်စတစ်အစားထိုး အနာဂတ်ခေတ်ကိုသွားခြင်းပါ။
ယနေ့ခေတ်မှာ ပလတ်စတစ်ဆိုးကျိုးတွေကို သိလာတာနဲ့ အမျှ လူသားတွေဟာ ပလတ်စတစ်အစားထိုးပစ္စည်းတွေကို ဖန်တီးထုတ်လုပ်ကာ အသုံးပြုလာကြပါပြီ။ ဥပမာ - တစ်ခါသုံး ပလတ်စတစ်ခွက်တွေအစား စက္ကူခွက်တွေ၊ အခြား သဘာဝပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတဲ့ ခွက်တွေကိုထုတ်လုပ်နေကြပါပြီ။ နောက်ထပ်လည်း အခြားအစားထိုး ပစ္စည်းတွေ အမြောက်အမြားကို ကြိုးစားထုတ်လုပ်နေကြတဲ့ အတွက် ပလတ်စတစ်အစား ရွေးချယ်သုံးစွဲနိုင်ပါတယ်။

Akhayar ပရိတ်သတ်ကြီးအနေနဲ့လည်း အထက်ပါဖော်ပြခဲ့တဲ့ နည်း (၂) နည်းထဲက ကြိုက်နှစ်သက်ရာတာရှိရင် (၁) နည်းကို ရွေးချယ်သုံးစွဲနိုင်သလို (၂) နည်းလုံးကိုလည်း ရွေးချယ်သုံးစွဲနိုင်ပါတယ်။ အဓိက ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ကမ္ဘာကြီးကို အန္တရာယ်ပေးမယ့် ပလတ်စတစ်အသုံးပြုခြင်းကို ငြင်းဆို ရှောင်ကြဉ်ဖို့ မဟုတ်လား။

APP
Photos Credit
www.akhayarmedia.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle