ပလတ်စတစ် စုဆောင်းခြင်း အလေ့အထ

ပလတ်စတစ် စုဆောင်းခြင်း အလေ့အထ

တံဆိပ်ခေါင်း၊ အကြွေစေ့ အစရှိတဲ့ အရာဝတ္ထုပစ္စည်းတွေကို အမှတ်တရအနေနဲ့ စုဆောင်းကြတဲ့ အလေ့အထကိုတော့ အားလုံး ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ ဒါပေမဲ့ ပလတ်စတစ် စုဆောင်းတဲ့ အလေ့အထလို့ ပြောလိုက်ရင်တော့ အနည်းငယ် ထူးဆန်းနေပါလိမ့်မယ်။ တကယ်က ဒီအလေ့အထက ကျွန်တော်တို့ အားလုံးဆီမှာ ရှိသင့်တဲ့ အလေ့အထတစ်ခုပါ။

ဘာကြောင့် ပလတ်စတစ်ကို စုဆောင်းသင့်တာလဲ။
စွန့်ပစ်မှုတွေကြောင့် ပလတ်စတစ်အမှိုက်တွေက တစ်နေ့ထက်တစ်နေ့၊ တစ်နှစ်ထက် တစ်နှစ် ပိုများလာပါပြီ။ ဒါတွေကို တားဆီး ကာကွယ်ဖို့ အတွက် City Mart နဲ့ marketplace by City Mart ဆိုင်တွေမှာဆိုရင် လစဉ် နောက်ဆုံး တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ ဈေးဝယ်သူတွေကို ပလတ်စတစ်အိတ်မပေးတဲ့ No Plastic Bag Day တွေကို အကောင်အထည်ဖော်နေကြပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နေ့စဉ်အသုံးပြုမှုအတွက် တချို့နေရာတွေမှာ ပလတ်စတစ်တွေက သုံးနေကြတုန်းပဲဖြစ်တဲ့ အတွက် အမှိုက်မဖြစ်ခင်မှာ စုဆောင်းမယ်ဆိုရင် တစ်ဖက်တစ်လမ်းကနေ ပလတ်စတစ်အမှိုက်တွေကို လျော့ချနိုင်မှာပါ။

ဘယ်လိုစပြီး စုဆောင်းကြမလဲ။
ကျွန်တော်တို့ ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ တစ်ခါသုံး အသုံးအဆောင်တွေ၊ အရာဝတ္တုတွေ အမြောက်အများကို နေ့စဉ် အသုံးပြုနေကြပါတယ်။ အသုံးပြုနေတဲ့ အထဲကမှ အသုံးအများဆုံး အရာကို စပြီး စုကြည့်သင့်ပါတယ်။ စပြီးစုတဲ့ အခါမှာလည်း အရောင်အလိုက်၊ အမျိုးအစားအလိုက် ( ဥပမာ – ပိုက်လေးတွေဆိုလည်း အရောင်ဆင်တူတာတွေ ) ကို ခွဲပြီး စုသင့်ပါတယ်။

စုဆောင်းထားရင် ဘာတွေ ထူးခြားလာမှာလဲ။
စုဆောင်းထားရင် သင့်ဆီမှာ များလာတဲ့အခါ သင်အသုံးပြုမိနေတဲ့ တစ်ခါသုံးပလတ်စတစ် ပမာဏကို သတိထားမိလာပါမယ်။ သတိထားမိလာတာနဲ့အမျှ လျော့သုံးဖို့အတွက် စဉ်းစားမိပါလိမ့်မယ်။ တချို့တစ်ခါသုံး ပလတ်စတစ်တွေက မတူညီတဲ့ နေရာတွေမှာ ပြန်လည် အသုံးဝင်နိုင်ပါတယ်။ သင့်ဆီမှာ တော်တော်များများစုဆောင်းမိလာပြီဆိုရင် Recycle လုပ်တဲ့နေရာတွေဆီကို ပေးပို့ပြီးလည်း အမှိုက်ဖြစ်လာမယ့်အရေးမှ ကာကွယ်နိုင်ပါတယ်။ ပလတ်စတစ် စုဆောင်းခြင်းနဲ့ တံဆိပ်ခေါင်း၊ အကြွေစေ့ အစရှိတဲ့ အရာတွေကို စုဆောင်းတာနဲ့ မတူတဲ့အချက်ကတော့ သင့်ဆီမှာ အမှတ်တရတွေကရှိနေမှာမဟုတ်ပဲ သင်ချစ်တဲ့ ကမ္ဘာကြီးရဲ့ သဘာဝတရားကြီးက မပျက်မစီးရှိနေမှာဖြစ်ပြီး သင့်ရဲ့မျိုးဆက်သစ်တွေဆီကို သာသာယာယာ လှလှပပ လက်ဆင့်ကမ်းနိုင်စေမှာဖြစ်ပါတယ်။

Photo Credit

APP (Akhayar)

www.akhayarmedia.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ